Tuesday, January 24, 2017

မက်ဇူကာဗတ်ဧ။် အောင်မြင်ရေးလျှို့ဝှက်ချက် ၅ ချက်

 


၂၀၁၀ခုနှစ် တိုင်းမ်မဂ္ဂဇင်းကြီးဧ။် `Person of the Year´ တနှစ်တာအတွင်း အထင်ရှားဆုံး ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခံရသူမှာ အသက်၂၅အရွယ် မက်ဇူကာဗက်ဆိုသည့် လူငယ်လေးဖြစ်သည်။ 

၁၉နှစ်အရွယ်သာရှိသေးသည့် ဇူကာဗက်သည် ဖေဖော်ဝါရီလ ၄ရက်နေ့၊ ၂၀၀၄ခုနှစ်တွင် ဖေ့ဘွတ် တည်း ဟူသော အင်ပါယာကို စတင်လွှင့်တင်ခဲ့သည်။တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ရှိလူဦးရေ အရေအ တွက် ပြီးလျင် ဖေ့ဘွတ်သည် တတိယအင်အားအတောင့်တင်းဆုံး နေမဝင်အင်ပါယာဖြစ်သည်။ အင်ပါယာ တည် ထောင်သူ ဇူကာဗက်သည် ၂၀၁၂ခုနှစ်တွင် ကမ္ဘာအချမ်းသာဆုံး နံပါတ် ၂၉ဖြစ် လာခဲ့တော့သည်။

ဖေ့ဘွတ်နှင့်ဇူကာဗတ်တို့ စတင်ပေါက်ပွားရာ ဘူမိနက်သန်ကား ဟားဗတ်တက္ကသိုလ် ဖြစ် သည်။ သို့သော် ဟားဗတ်ဘွဲ့ကိုပင်စွန့်လွှတ်ကာ ကမ္ဘာအချမ်းသာဆုံးစာရင်းထဲအထိ တိုးဝင် လာခဲ့ သည့် လူငယ်လေးဇူကာဗတ်ဧ။် အောင်မြင်ရေးလျှို့ဝှက်ချက်ကို ဖွင့်ဟချပြသောအခါ အံ့သြစရာ ဖြစ်ခဲ့ကြရ ပြန်ပါသည်။ မထူးခြားသည့် အချက်ငါးချက်မျှသာ ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ဇူကာဘတ်ကိုယ်တိုင် ပြောလေ့ရှိသည်မှာ-


`` အားလုံးကိုပြောင်းလဲပစ်နိုင်ရမယ်ဆိုတဲ့စိတ်မထားပါနဲ့။ ကိုယ်စိတ်ဝင်စားတဲ့အရာကို သေချာ အောင်
လုပ်ပါ။မဆုတ်မနစ် အကောင်ထည်ဖော်ပါ။ နွေးနွေးထွေးထွေး  ဆက်ဆံပါ။ အရာအားလုံးဟာ ပြောင်းလဲလာပါလိမ့်မယ်။´´


မက်ဇူကာဘတ်ဧ။် အောင်မြင်ရေးလျှိုဝှက်သော့ချက်များသည်ကား

၁။ ရူးသွပ်ခြင်း(Passion)

၂။ ရည်မှန်းချက်ပန်းတိုင်(Purpose)

၃။ လူသားအင်အား(People)

၄။တီထွင်ထုတ်လုပ်ခြင်း(Product)

၅။အပေါင်းအသင်းစိတ်ဓာတ်(Partnerships) စသည့် P (၅)လုံးမျှသာဖြစ်သည်။



ရူးသွပ်ခြင်း 

အင်္ဂလိပ်စကားပြောတတ်ချင်သည်။ရူးသွပ်ရမည်။အိမ်မက်ထဲအထိပင် အင်္ဂလိပ်စကား ပြောနေ သည်ဟု မြင်မက်သူသည်  အင်္ဂလိပ်စကားတတ်မြောက်မည့်သူ ဖြစ်လာမည်မှာ မလွဲပါချေ။အောင်မြင် မှုတိုင်းသည် ရူးသွပ်မှုဖြင့်သာစတင်ရသည်။ရူးသွပ်မှုသည် လောင်စာဖြစ်သည်။ရူးသွပ်မှုသည်မောင်း နှင် အားကိုဖြစ်စေသည်။ အနုပညာဖြစ်စေ၊နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်စေနယ်ပယ်အားလုံးတို့ကို မောင်းနှင်သည်မှာ ရူးသွပ်မှုပင်ဖြစ်သည်။

ရူးသွပ်မိသောအရာများကို မနေမနားလုပ်ကိုင်ရသည်ရှိသော် ပင်ပမ်းခြင်းကိုမဖြစ်စေ။ မရူးသွပ်ပါဘဲ လုပ်ကိုင်နေရသမျှသည် ပင်ပမ်းစေသည်။ ရူးသွပ်မှုနှင့်လုပ် ဆောင်မှု ပေါင်းစပ်ခြင်းသည်သာ ရလာဒ်ကိုဖြစ်စေနိုင်သည်။ ဖေ့ဘွတ်မဖြစ်မည်ကာလာကပင် ဆင့်နက် (Synapse)၊ ကော့မက်သ်(CourseMatch)၊ဖေ့စ်မက်ရှ် (Facemash)အစရှိသည့် ပရိုဂရမ်လေး များကိဖန်တီးခဲ့သည်။ ဖေ့စ်မက်ရှ်ကို ဟားဗတ်မှတားမြစ်ကာ ခေါ်ယူသတိပေးခံ ခဲ့ရသည်။ 

အကြောင်းမှာ ဟားဗတ်ကျောင်းဆောင် ၁၂ ဆောင်ရှိရာ ၉ဆောင်မှကျောင်းသူကျောင်း သားများဧ။် ကိုယ်ရေး အချက်အလက်များကို ဖောက်ထွင်းယူပြီး အသုံးပြုထားသောကြောင့် ဖြစ်သည်။ ဖေ့စ်မက်ရှ်ဧ။် ကျဆုံးခန်းကို ဖေ့ဘွတ်ဧ။်နိဒါန်းအဖြစ် ပြောင်းလဲယူခဲ့သည်။ ဤမျှထိ ရူးသွပ်သူဖြစ်သည်။



ရည်မှန်းချက်ပန်းတိုင်(Purpose) 

ရူးသွပ်ခြင်းသည် ဘဝရည်မှန်းချက်၊ စီးပွားရေးရည်မှန်းချက်ပန်းတိုင်များကို ပုံဖော်ပေးသည်။ စိတ်ကူးစိတ်သန်းတခုကို ရင်းနှီးမြုပ်နှံမှုလုပ်ရန် ရည်မှန်းချက်ပန်းတိုင်ထားရပေတော့မည်။ လုပ်ငန်း သဘောသဘာဝများကို တွက်ချက်ပြီး ရည်မှန်းချက်ပန်းတိုင် ထားသောအလုပ်သည် အောင်မြင်စေ သည်။ ရည်မှန်းချက်မဲ့သော လုပ်ကိုင်ဆောင်ရွက်မှုသည် ပဲ့မပါသောလှေကဲ့သို့ ဖြစ်တတ်ချေသည်။



လူသားအင်အား(People)

 `` ကျနော်အဓိက အာရုံစိုက်တာ ၂ခုရှိပါတယ်။ တခုက ကုမ္ပဏီရဲ့ ရည်မှန်းချက်ဖြစ်ပြီး၊နောက်တခုက အဲ့ဒီရည်မှန်းချက်ကို အကောင်ထည်ဖော်ဆောင်ပေးမယ့်သူတွေပဲ။ကုမ္ပဏီတခုဟာ လားရာပန်းတိုင်သာချမှတ်နိုင်ပြီဆိုရင် အဲ့ပန်းတိုင်ကိုရောက်ဖို့ ဝန်ထမ်းတွေကို စီမံနိုင်သူတွေပဲလိုတော့တာပေါ့။´´ ဟု
နယူးယော့ကာမဂ္ဂဇင်းကို မက်ဇူကာဗတ်က ပြောပြခဲ့ဖူးသည်။ 

ကုမ္ပဏီတခုသည် အောင်မြင်မှုလမ်းကြောင်းပေါ်တွင်ရေရှည် လျှောက်လှမ်းနိုင်ရန် ထိုကုမ္ပဏီရှိ အရည်အချင်းရှိသော စီမံခန့်ခွဲတတ်သူများ၊ကျွမ်းကျင်သူများကသာ လုပ်ဆောင်ပေးနိုင်သည်။ ထိုသူတို့ ကသာလျင် စိတ်ကူးများ၊အမြင်များ၊ရည်မှန်းချက်များကို အသက်သွင်း ဖော်ဆောင်ပေး သည်။ ဖော် ဆောင်ပေးနိုင်သည့် အဖွဲ့မရှိပါက လုပ်ငန်းတခု ဖြစ်မလာနိုင်ပေ။ ထို့ကြောင့် လုပ်ငန်းတခု စတင်တော့ မည်ဆိုပါလျင် လုပ်ငန်းရည်မှန်းချက်များကို အသက်သွင်းဖော်ဆောင်ပေးမည့်အရည်ချင်း ရှိသည့် လူပုဂ္ဂိုလ်များကို ပထမဦးစွာ ရွေးချယ်စုစည်းနိုင်ရမည်။


တီထွင်ဖန်တီးထုတ်လုပ်ခြင်း(Product)

`` လူတွေဟာ မိမိဘာလုပ်ခဲ့တယ်ဆိုတာကိုသာ အမြဲတမ်းစိတ်ထဲမှာရှိတတ်ကြတာ။ တခုခုကို တည်ဆောင် ဖန်တီးခဲ့တယ်ဆိုပါစို့၊ အဲ့အကြောင်းရုပ်ရှင်ရိုက်ပြလည်းလူတွေစိတ်ဝင်စားမှာက ဘာကိုဖန်တီးတည်ဆောက်တယ်ဆိုတာကိုပဲ။ဘယ်သူဖန်တီးတယ်ဆိုတာကို တကယ်က စိတ်မဝင်စားကြဘူးဗျ။´´

မည်သူမဆို တီထွင်ဖန်တီးမှုတခုခုကို မတီထွင်၊မဖန်တီးပါဘဲ အောင်မြင်ခြင်းကို မရနိုင်ပေ။ ကုန်ပစ္စည်း အသစ်သော်လည်းကောင်း၊ ဝန်ဆောင်မှုအသစ်သော်လည်းကောင်း ဖန်တီးနိုင် ရမည်။ ကြိုးပမ်းအားထုတ်ခြင်းဧ။် အောင်မြင်မှုအသီးအပွင့်မှာ တီထွင်ဖန်တီး ထုတ်လုပ်နိုင် ခြင်းသာ လျင် ဖြစ်သည်။ မိမိယုံကြည်သည်ကိုသာလျင် ဖန်တီးတည်ဆောက်ပါ။မိမိကိုယ်ပိုင်အတွေးအခေါ်ဖြင့် မိမိဧ။် လုပ်ငန်းအ ကျိုးစီးပွားကို ချိန်ညှိယူပါ။ သို့သော် မိမိကိုယ်ပိုင်အစွမ်းဖြင့် ဖန်တီးမှုတခုခုကို မလွဲမသွေ လုပ်ဆောင်ကြရမည်။



အပေါင်းအသင်းစိတ်ဓာတ်(Partnerships)

`` ရှယ်ရာဟာ ဖေ့ဘွတ်လည်ပါတ်နိုင်ရေးအတွက်သာမက၊ကုမ္ပဏီအောင်မြင်ရေးနှင့် တိုးတက်ရေးအတွက် အခရာကျတဲ့ အပေါင်းအသင်းတယောက်ပါပဲ။ ´´ ဟု မက်ဇူကာဗတ်ပြောလေ့ရှိသည်။

အပေါင်းအသင်းကောင်းမရှိပါဘဲ ကုမ္ပဏီတခု၊ အိမ်မက်တခု အကောင်ထည်ပေါ်မလာနိုင်။ အပေါင်း အသင်းကောင်းတို့သည်သာ အောင်မြင်မှုကို အကောင်အထည်ဖော်ရာတွင် အဓိကအခန်း ကဏ္ဍမှ မရှိ မဖြစ်ပါဝင်နေတတ်စမြဲဖြစ်သည်။ သို့သော် အပေါင်းအသင်းကဏ္ဍကွဲသကဲ့သို့ လုပ်ငန်း ဖော်ဆောင် ရာတွင်လည်း မတူညီသည့်ကဏ္ဍမှ ဖော်ဆောင်ပေးကြပါလိမ့်မည်။ ရှယ်ရာ့သည် ၂၀၀၈ခုနှစ်တွင် ကုမ္ပဏီသို့ ရောက်လာခဲ့သည်။ သူမ သည် အမြဲတမ်းပင် ဒုတိယနေရာနေကာ ဇူကာဗတ်ကို အမြဲတမ်း ပထမနေရာထားကာ အောင်မြင်စေ သူဖြစ်သည်။ဇူကာဗတ်ဆမ်ဗတ် (Zuckerberg-Sandberg) အတွဲဟုပင် ပြောစမှတ်တွင်စေသည်အထိ လက်တွဲညီညီ အောင်မြင်ခဲ့ကြသည်။ 

ရှယ်ရာ့မှာ ဟားဗတ် ကပင်ဘွဲ့ရပြီး MBA ဘွဲ့ကိုလည်း ဟားဗတ်မှပင် ရခဲ့သူဖြစ်သည်။ ဂူဂဲ၊ ကမ္ဘာဘဏ်တို့တွင်သာမက၊ သမ္မတကလင်တန်လက်အောက်တွင် ယူအက်စ် ဘဏ္ဏာရေးဌာန(US Treasury Department) တွင် ဝန်ထမ်းများဧ။် အကြီးအကဲ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ဇူကာဗတ်သည် ဖေ့ဘွတ်ပလက်ဖောင်းကိုသာလျင် ထူးထူးချွန်ချွန် ဖန်တီးတည်ဆောက်နိုင်ပြီး စီးပွားရေးအရ စာရင်း အင်းပိုင်းဆိုင်ရာတွင် အားနည်းသည်ကို သူမနား လည်သဘောပေါက်သည်။ ထိုအားနည်းချက်ကို သူမမှ ဝင်ဖြည့်ပေးသည်။ထို့ကြောင့်လည်း ၂၀၁၂ ခုနှစ်တွင် ဖေ့ဘွတ်ကုမ္ပဏီဘုတ်အဖွဲ့ဧ။် ပထမဆုံး သော အမျိုးသမီးဒါရိုက်အဖွဲ့ဝင်တဦးအထိ ဖြစ်လာခဲ့သည်။

ဇူကာဗတ်နှင့် ရှယ်ရာတို့ပေါင်းသင်းဆက်ဆံရေးကို စံနမူနာထားကာအပေါင်းအသင်းများကြားဝယ် ထားရှိရမည့် အဓိကအချက် ၇ ချက်ကို ပြောပြပေးထားပါသေးသည်။ 

၁။မျှော်လင့်ထားမှုများ ရှင်းလင်းပြတ်သားရမည်။
၂။အမြင်နှင့်တန်ဖိုးထားမှု မျှဝေနိုင်ရမည်။
၃။အပြန်အလှန် ယုံကြည်ကြရမည်။
၄။တန်ဖိုးထားမှုချင်း သင့်တင့်စွာဖလှယ်နိုင်ရမည်။
၅။အားသာချက်ဖြင့်ဖြည့်ဆည်းပေးနိုင်ကြရမည်။
၆။ကတိတည်ရမည်။
၇။အပြန်အလှန်လေးစားကြရမည်။ ဟုဆိုထားသည်။

အောင်မြင်ရေး ကြီးပွားတိုးတက်ရေးကျမ်းများစွာရှိသည်။ ဖတ်သူတိုင်းမကြီးပွား၊မအောင်မြင် ကြချေ။
အဘယ်ကြောင့်နည်းဟု သုံးသပ်ကြည့်သင့်သည်။ ဇူကာဗတ်ကမူ တရုံးလုံးတွင်

`အလုပ် လုပ်ပြတာဟာ ပြီးပြည့်စုံမှုထက်သာတယ်။ မြန်မြန်လုပ်၊ အတားအဆီးတွေကိုချိုးဖျက်။ အာရုံကိုနှစ်မြုပ်ပြီး ခရီးတွင်အောင်ရွက်လွှင့်။ဒါဆိုရင် လျှောက်လှမ်းနေတဲ့ခရီး ၁%ပြီးပြီ။ ´

မောင်နိုးဝေ #မုံရွာဂေဇက် Ref: Think Like Zuck:The Five Business Secrets

Subscribe Us