Tuesday, June 14, 2016

အရည်အချင်းထက် ဘာကပိုအရေးကြီးသလဲ


အရည်အချင်းအရမ်းအရေးကြီးပါတယ်။ ပညာအရည်အချင်း၊ ကျွမ်းကျင်မူ အရည်အချင်း၊ ဦးဆောင်နိုင်မူ အရည်အချင်း ၊ ဆက်ဆံရေး အရည်အချင်း စသည်ဖြင့်များစွာရှိပါတယ်။ ဒါပေမဲ့ အရည်အချင်းထက် အရေးကြီးတာတွေရှိပါသေးတယ်။ လူတစ်ဦးတစ်ယောက်ကို ကုမ္မဏီဘက်က ( သို့ ) စီမံအုပ်ချုပ်သူဘက်က ဘယ်လိုစဉ်းစားသုံးသပ်ပြီး ဘယ်လိုအကဲဖြတ်ပါသလဲ၊ ကြည့်ကြရအောင်….

၁။ သစ္စာရှိခြင်း
ကုမ္မဏီဘက်ကနေ အမြဲရပ်တည်ပြီး စဉ်းစားတတ်ခြင်း၊ ကုမ္မဏီ အကျိုးကို သစ္စာရှိရှိ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ အမြူအစွယ် အစမ်းအသပ် ခံနိုင်ရည်ရှိခြင်း။


၂။ အလုပ်ကို လေးစားခြင်း
အလုပ်လုပ်ရတဲ့ အကြောင်းရင်းဟာ လခအတွက် သက်သက်မဖြစ်သင့်ပါ။ တာဝန်ကျေပွန်ခြင်းထက် ပိုမိုကြိုးစားလုပ်ကိုင်တတ်တဲ့ အကျင့်ကို မွေးမြူထားရှိဖို့လိုအပ်ပါတယ်။

၃။ အသိစိတ်ရှိခြင်း
ခိုင်းမှ၊ တာဝန်ပေးမှလုပ်တာမျိုးမဟုတ်ပဲ ကိုယ့်အသိစိတ်ရှိရှိနဲ့ တာဝန်ပြင်ပမှ အလုပ်များကို လုပ်ကိုင်တတ်ခြင်းကို ဆိုလိုပါတယ်။


၄။ တာဝန်ယူခြင်း
တာဝန်ယူစိတ် ရှိခြင်း၊ တာဝန်သိစိတ်ရှိခြင်းဟာ အရေးကြီးပါတယ်။ ကိစ္စသေးသေး မျှင်မျှင်ကအစ သေသေသပ်သပ် ပြီးဆုံးအောင် ဆောင်ရွက်တတ်ခြင်း၊ ရှည်ရှည်မျောမျော အချိန်ဆွဲလာတဲ့ ပြသနာတစ်ခု သင်ထံရောက်ရင် ရပ်တန့်စေပါ။

၅။ ထိရောက်မူကို အလေးပေးခြင်း
နေ့စဉ်လုပ်နေတဲ့ အလုပ်ထဲမှာ ဘယ်ဟာကပိုအရေးကြီးတယ်။ ဘယ်အလုပ်တော့ဖြင့် ပိုပြီးအလျင်စလိုဖြစ်တယ်။ စသည်ဖြင့် ခွဲခြမ်းစိပ်ဖြာ တတ်ပြီး အရေးကြီးပြီး အလျင်စလို ဖြစ်တဲ့ အလုပ်ကို ဦးစားပေးလုပ်ကိုင်တတ်ခြင်းဟာ ပိုမိုထိရောက်စေတတ်ပါတယ်။

၆။ ဆက်ဆံရေးကောင်းမွန်ခြင်း
မျက်နာချင်းဆိုင် ပြောရဲတယ်။ ချက်ချင်းပြသနာကို ဖြေရှင်းတတ်တယ်။ ဖြေရှင်းတဲ့နည်းလမ်းကို အရင်စဉ်းစားပြီးမှ တစ်ဘက်သားကို မေးခွန်းထုတ်တတ်တယ်။ သူများဝေဖန်လာတာကိုလည်း လက်ခံနိုင်စွမ်းရှိတယ်။

၇။ ပူးပေါင်းဆောင်ရွက်တတ်ခြင်း
အစည်းအဝေးမှာ ကိုယ့်ရဲ့ အယူအဆကို အပြည့်အ၀ တင်ပြတတ်တယ်။ ကိုယ့်သဘောအတိုင်းဟုတ်ဟုတ်မဟုတ်ဟုတ် အစည်းအဝေးက ဆုံးဖြတ်လာလျင် ဆုံးဖြတ်တဲ့အတိုင်း ထောက်ခံဆောင်ရွက်တတ်ခြင်း။စည်းကမ်းကို လိုက်နာတယ်။ အသင်းအဖွဲ့ထဲက ငါးခုံးမတစ်ကောင် အဖြစ်မခံပါ။

၈။ အပြုသဘောဆောင်ပြီး အမြဲလေ့လာသင်ယူနေခြင်း
အမြဲပဲ သင်ယူသူ အဖြစ်ရပ်တည်နေခြင်း၊ အချိန်ကို ကောင်းမွန်စွားစီမံခန့်ခွဲတတ်ပြီး ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း အမြဲကြိုးစားအားထုတ်နေခြင်း။

၉။ ချွေတာခြင်း
စက္ကူတစ်ရွက်ကအစ ချွေတာသင့်ရင် ချွေတာတတ်ခြင်း၊ ငွေတစ်ပြားတစ်ချပ်မှ အစ အလုပ်လုပ်ချိန်ကအဆုံး လုံးဝချွေတာတတ်ခြင်းကို ဆိုလိုပါတယ်။

၁၀။ ကျေးဇူးသိတတ်ခြင်း
လူဆိုတာ အသက်ရှင်နေသရွေ့ ကျေးဇူးသိတတ်ဖို့လိုပါတယ်။ သူများကျေးဇူးကို မှတ်ထားပါ။ ကိုယ့်ကျေးဇူးကို မေ့လိုက်ပါ။

Ref: Wechat
Saya Aung Ko Latt

Subscribe Us