Sunday, June 12, 2016

ဆေးဝါးကုသနေသော မြန်မာ အလုပ်သမား အဖမ်းခံရ


ထိုင်းနိုင်ငံ ၊ ဗန်ကောက်မြို့တော် ချွန်ဘူရီမြို့တွင် ယာဉ်မတော်တဆ မှုကြောင့် ချွန်ဘူရီ အောင်အူဒွန်းဆေးရုံတွင် ဆေးကုသ ခံနေရသော အသက် ၂၀ အရွယ် မြန်မာ အလုပ်သမားကို ဆေးကုသစရိတ် မပေးဟုဆို ကာ ဆေးရုံ တာဝန်ရှိသူများက သက်ဆိုင်ရာသို့ တိုင်ကြားမှုကြောင့် (မှတ်ချက် ကောင်လေးကို အချုပ်ထဲ ထည့်တဲ့နေရာကို ပြန်ပြင်ဖြည့်ပေးပါ) အဖမ်းခံရကြောင်း ယင်းအလုပ်သမား လွတ်မြောက်ရေး အတွက် ကူညီနေသည့် Foundation. For Aids Right(FAR ) မသန္တာထွန်းက ပြော ကြားသည်။


လမ်းချဘန် ကားအပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် အလုပ်လုပ်သော အသက် ၂၀ အရွယ် မြန်မာ အလုပ်သမားမှာ ဇွန်လ ၂ရက် ညနက်ပိုင်းက ဆိုင်ကယ်မောင်းစဉ် ကုန်တင်ယာဉ်အောက်ကို ဝင်ရောက်သွားသဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း ၊ ယင်းနောက် ဒဏ်ရာရသူမှာ ချွန်ဘူရီအောင်အူဒွန်းဆေးရုံတွင် နဖူးတွင် ခြောက်ချက် ခြေထောက်တွင် ၂၈ချက်ချုပ်ရကြောင်း ၎င်းကရှင်းသည်။

“ ဆေးကုသနေတုန်း ဆေးရုံက ကုသစရိတ် ဘတ် ၁၉၀၀၀တောင်းတယ်၊ လူနာကလည်း လူနာစောင့်လည်းမရှိ ထိုင်းစကားလည်း နားမလည်တော့ဆေးကုသစရိတ်မပေးဘူး ထင်ပြီး ဆေးရုံက ထိုင်းလဝက ကို ဆယ်သွယ်တော့ ဇွန်လ ၁၀ရက်နေ့မှာ အဖမ်းခံရတယ် ”ဟု Foundation. For Aids Right(FAR ) မသန္တာထွန်းက ပြောကြားသည်။

အဆိုပါ မြန်မာ အလုပ်သမား အဖမ်းခံရမှုကို အမြန်ဆုံး လွတ်မြောက်ရေး အတွက် ဆောင်ရွက်လျက်ရှိပြီး ယင်းဆေးရုံမှ နောင်တွင် ဆေးဝါးကုသ မှုခံနေရသူကို မဖမ်းဆီးရေးအတွက် ဆေးရုံ တာဝန်ရှိသူများနှင့် ဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ ကျသင့်သော ကုန်ကျစရိတ်၏ တစ်ဝက်ကိုသာ
ပေးချေနိုင်ရန် ဆေးရုံအုပ်ကို တောင်းဆိုသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

Subscribe Us