Monday, May 30, 2016

(ပန်းရောင်ကဒ်) ဘတ် ကိုင်ဆောင် သက်တမ်းတိုးပြီးသူများအတွက် တရားဝင် နယ်ကျော်သွားလာခွင့်


ထိုင်းနိုင်ငံရောက် ရွှေ.ပြောင်းမြန်မာအလုပ်သမား (ပန်းရောင်ကဒ်) ဘတ် ကိုင်ဆောင် သက်တမ်းတိုးပြီးသူများအတွက် တရားဝင် နယ်ကျော်သွားလာခွင့်
30MAY2016 (Thailand)
ပန်းရောက်ကဒ်(ဘတ်) သက်တမ်းတိုးပြီးသူများ နယ်မြေ ကျော် သွားလာရန် လိုအပ်ပါက အောက်ပါ စာရွက်စာတမ်းများ အသင့်လုပ်ထားပါ ။
၁။ အလုပ်ရှင် ၏ မှတ်ပုံတင် မိတ္တူ
၂။ အလုပ်ရှင်၏ အိမ်ထောင်စု စာအုပ် မိတ္တူ
၃။ မိမိ၏ ဓါတ်ပုံ (၁)လက်မ (၂) ပုံ
၎။ မိမိ၏ ပန်းရောင်ကဒ် မိတ္တူ
မှတ်ချက် ။ ။ မိမိ ပန်းရောင်ကဒ်(ဘတ်)အတွင်း ပါရှိသည့် အလုပ်ရှင်သာဖြစ်ရပါမည် ။
အထက်ပါ အချက်အလက်များ စုံလင်ပြီ ဆိုပါက မိမိ နေထိုင်ရာ (ပန်းရောင်ကဒ် သက်တမ်းတိုးထားရာ ခရိုင်/ပြည်နယ်အတွင်းရှိ မြို.နယ်) မြို.နယ်အုပ်ချုပ်ရေး ရုံး သို. (ထော်ရော် 38/1 ရိုက်ပေးသည့်ရုံး) အလုပ်ရှင် အလုပ်သမား အတူတကွ
သွားရောက်ကာ (အလုပ်ရှင်မအားလပ်ပါက ထိုင်းလူမျိုးတစ်ဦးဦးအား ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်နိုင်သည်)


၁။ မိမိ သွားရောက်လိုသည့် မြို.
၂။ မိမိ သွားရောက်ရန် လိုအပ်သည့်ကိစ္စ (မိဘဆွေမျိုး သာရေးနာရေးစသဖြင့်)
မြို.နယ် အပ်ချုပ်ရေး အရာရှိမှ အခွင့်ပေးအပ်ထားသည့် အရာရှိ မှ မေးမြန်ချက်များဖြေဆိုပြီး ထိုအရာရှိမှ နယ်မြေဖြတ်ကျော် သွားလာခွင့် ကို ထုတ်ပေးမှာဖြစ်ပါတယ်။
(မှတ်ချက်။ ။ မြန်မာပြည်သို. ပြန် ရန် အသုံးပြု ရမရ စီစစ်ဆဲ ဖြစ်ပြီး လတ်တလောအခြေအနေအရ မရသေးကြောင်းသိရပါတယ်)
အထက်ပါ ကိစ္စ ရပ်များ အားလုံး ပြီးဆုံးပါက
မြို.နယ်အုပ်ချုပ်ရေး ရုံးမှ ထုတ်ပေးသော စာရွက် (စာမျက်နာ ၂မျက်နာပါ)
မိမိဘတ် မိတ္တူ
အလုပ်ရှင် မှတ်ပုံတင် မိတ္တူ
အလုပ်ရှင် အိမ်ထောင်စု စာအုပ် မိတ္တူ
မိမိ ဘတ် အစစ် များအား အပါ ယူဆောင်ပြီး ခရီးသွားလာနိုင်ပြီ ဖြစ်ပါတယ် ။
မိမိ သွားလိုသညာ့် နယ်မြေ ရောက်လျှင် ထိုနယ်မြေ ၏ မြို.နယ် အုပ်ချုပ်ရေး၇ုံး (အန်ဖေ) သို. သွားရောက် သတင်းပို.ရမည် လို. ပါရှိပါတယ်။
( မြန်မာပြည်ပြန်လိုသူများအနေနဲ. လတ်တလောအခြေအနေအရ နယ်စပ်အထိ တရားဝင် နယ်မြေဖြတ်ကျော်ခွင့်တင်ပြီး နယ်စပ်ရောက်သည့်အခါ မိမိနိုင်ငံသို. မိမိနည်း မိမိဟန်ဖြင့်(တရားမ၀င်) ဆက်လက် သွားလို.ရနိုင်ပါတယ် )
မှတ်ချက်။ ။နယ်မြေဖြတ်ကျော်သွားလာ ခွင့်ပြုမည့် ရက် အနေနဲ.ကတော့ မိမိ နဲ. မိမိ အလုပ်ရှင် တို.၇ဲ. တောင်းဆိုမှု.ပေါ်မူတည်ပြီး အနည်းဆုံး (၇) ရက်မှ ရက်ပေါင်း(၆၀) ထိ တောင်းဆိုနိုင်တယ်လို.သိရပါတယ်။
အသေးစိတ်အချက်အလက် များကို ထပ်မံ ရှာဖွေ လေ့လာပြီး ဝေမျှ ပေးပါမယ်
photo : ပန်းရောင်ကဒ်(ဘတ်) ဖြင့် နယ်မြေ ဖြတ်ကျော်ခွင့်လက်မှတ်
Wai Min

Subscribe Us