Wednesday, June 15, 2016

ဦးမိုးဆွေ(အတွင်းရေးမှူး)နှင့် DVB မေးမြန်းခန်း



“ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပက်သက်တဲ့ ပေါ်လစီတွေ ချမှတ်တဲ့အခါမှာ လူ့အခွင့်အရေး ရှုထောင့်ကနေ Humanities ground ကို လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်ပြီးတော့ အလုပ်သမားရေး ရာ ပေါ်လစီတွေကို ချဖို့အတွက် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံတွေကို MOU တွေထဲမှာ ဖြစ်ဖြစ် ပေါ်လစီတွေ ထဲမှာပဲဖြစ်ဖြစ် အဲ့ဒါတွေကို အဓိကထားပြီးတော့ နောက်တခုက နိုင်ငံတကာ လူ့အခွင့်အရေးစံချိန် စံညွှန်းတွေနဲ့အညီ ပေါ်လစီတွေကို ချမှတ်ဖို့အတွက် တွန်းအားပေးဖို့ ကျနော့်အနေနဲ့ ပြောချင်တယ်”။ (ဆရာ ဦးမိုးဆွေ ရောင်ခြည်ဦးအလုပ် သမားများအဖွဲ့ အထွေထွေအတွင်းရေးမှူး)

မေး။ ။လက်ရှိထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေ ပြောပြပေး ပါလားခင် ဗျာ။

ဖြေ။ ။ ဟုတ်ကဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာ အလုပ်သမားတွေဟာ လက်မှတ်အနေ အထား နဲ့ ပြောမယ်ဆိုရင်တော့ ၃ မျိုး ၃ စား ခွဲပြီးတော့ ပြောလို့ရတယ်ပေါ့။ MOU ဆိုရင်တော့ တရားဝင်ပတ်စပို့နဲ့ လာကြတဲ့ အလုပ်သမားတွေ ရှိတယ်။ အဲ့ဒါက ၁. ၇ သန်း ရှိတယ်။ နောက်တခါ OSS လို့ခေါ်တဲ့ One Stop Service ပေါ့နော်။ အရင်ကတည်းက ထိုင်းနိုင်ငံကို ရောက်နေတဲ့ အလုပ်သမားတွေကို တခါ ပန်းရောင်ကဒ် လို့ ခေါ်တဲ့ လက်မှတ်မလုပ်လိုက်တဲ့သူတွေကို ထပ်ပြီးတော့ လုပ်ပေးတဲ့စနစ်တခု ရှိတယ်။

ဆိုတော့ အဲ့စနစ် နဲ့ လုပ်တဲ့အလုပ်သမားတွေ ရှိတယ်။ နောက်တခုကတော့ ထိုင်းကို ရောက်လာပြီးတော့ မှ နှစ်ပေါင်းများစွာ အဲ့အလုပ်သမားတွေကို လုပ်ပေးထားတယ်။ ပြန်ပြီးတော့ ပတ်စပို့လုပ်ပေးတဲ့ စနစ် ဆိုတော့ ဒီမှာတော့ National Verification(NV) စနစ်လို့ ခေါ်တာပေါ့နော်။ အဲ့ဒီအလုပ်သမားစုစုပေါင်းဟာ ထိုင်းနိုင်ငံအတွင်းမှာ ၂ သန်းခွဲကျော်ကျော်လား သိရတယ်။ ရှိကြတဲ့အခါမှာ အများစုက ကျနော်တို့ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကြတဲ့သူတွေ ရှိတယ်။ နောက်တခုက ငါးဖမ်းလုပ်ငန်းမှာ လုပ်ကြတဲ့သူတွေ ရှိတယ် ။ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်ကြတဲ့သူတွေ ရှိတယ်။ နောက်ခါ စားသောက်ဆိုင် လုပ်ငန်း
တွေနဲ့ အိမ်ဖော်လုပ်ငန်းတွေမှာ လုပ်ကြတဲ့ အလုပ်သမားတွေ ရှိပါတယ်။

ဒါပေမယ့် အဓိက ထိုင်းနိုင်ငံမှာ အလုပ်သမားတွေ လတ်တလော အခက်အခဲ ကြုံနေရတဲ့ ပြဿနာက ကြီး ကြီး မားမားက ၃ ခု ရှိတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ အဓိက ပြဿနာက ဘာလဲဆိုတော့ အထောက် အထားလက်မှတ် ပြဿနာ။ ခုနက ကျနော် ပြောပြခဲ့သလို လက်မှတ်က ၃ မျိုး ရှိတယ်။ လက်မှတ် ၃ မျိုး ရှိပေမယ့် လုပ်တဲ့နေရာမှာ အလုပ်သမားတွေ ကိုယ်တိုင်က လုပ်လို့ မရဘူး။ လုပ်တဲ့ အဆင့်က များတယ် ။ နောက်တခုက သက်ဆိုင်ရာ အလုပ်သမားရုံးတွေ၊ သံရုံးတွေကို သွားဖို့ လာဖို့က အလုပ်သမားတွေ အနေ နဲ့လုပ်ဖို့က အချိန်လည်း မပေးနိုင်ဘူး။ အဲ့ဒီစနစ်ကို လုပ်ဖို့အတွက် အချိန်လည်း မပေးဘူး။

အဲ့ဒီအခါကြတော့ နှစ်နိုင်ငံအစိုးရတွေ သဘောတူထားတဲ့ အေဂျင်စီတွေကို အသုံးပြုရတယ်။ အဲ့ဒီတော့ အလုပ်ရှင်တွေကလည်း အလုပ်ရှုပ်မခံချင်တဲ့အတွက် တချို့ပွဲစားတွေနဲ့ အလုပ်သမား လက်မှတ်တွေကို လုပ်ကြတယ်။ အဲ့ခါမှာ အဓိကကတော့ ကုန်ကျငွေက အရမ်းများတယ်။ ဒါက တစ်အချက်။

ဒုတိယအချက်က တချို့လုပ်ငန်းရှင်တွေက အလုပ်ရှုပ်မခံချင်တဲ့အတွက် အလုပ်သမားတွေကို လက်မှတ် မလုပ်ပေးတဲ့ပြဿနာတွေ ရှိတယ်။ တတိယအချက်က ထိုင်းအစိုးရအနေနဲ့က အလုပ်သမားလက်မှတ် အပေါ်မှာထားတဲ့ သဘောထားပေါ့နော်။ အပြောင်းအလဲ အဲ့ဒီအပြောင်းအလဲတွေကို ခဏခဏအပြောင်း အလဲလုပ်တယ်။ အဲ့လို အပြောင်းအလဲလုပ်တဲ့အတွက် တချို့အလုပ်သမားတွေက အချိန်မှီ သူတို့ရဲ့ အလုပ် သမားလက်မှတ်တွေကို မလုပ်နိုင်တာတွေဖြစ်တဲ့အတွက် တရားဝင်ကနေ တရားမဝင်သွား တဲ့ပြဿနာ

တွေ၊ လက်မှတ်တွေက တရားမဝင်ဖြစ်လာတဲ့အခါကြတော့ အလုပ်သမားတွေအနေနဲ့ သွားလာရေးတွေ အခက်အခဲဖြစ်လာတယ်။ အလုပ်ရှင်တွေကနေ ချုပ်ကိုင်ပြီးတော့ မသွားရဲမလာတဲ့ အခါမှာ အလုပ်ရှင်တွေ က ချုပ်ကိုင်ပြီးတော့မှ လုပ်အားခ ချိုးနှိမ်တာတွေ၊ နောက်အခွင့်အရေး ချိုးဖေါက် တာတွေ ခံစားနေရတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ထိုင်းနိုင်ငံမှာ တရားဝင်သတ်မှတ်ထားတဲ့ အလုပ်သမား ဥပဒေတွေ ရှိတယ်။ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးဥပဒေတွေ ရှိတယ်။ ဘီအီး ၂၅၄၁ လို့ ခေါ်တယ်။ ဒီဥပဒေအရ ဆိုရင် ထိုင်းနိုင်ငံမှာရှိနေတဲ့ အလုပ်သမားအားလုံး ရွှေ့ပြောင်း အလုပ်သမားပေါ့နော်။

အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အလုပ်သမားအားလုံးဟာ ဒီဥပဒေရဲ့အောက်မှာ အကျိုး ခံစားခွင့်ရှိတယ်။ ဒါဟာ တရားဝင် သတ်မှတ်ထားတယ်။ အစိုးရကလည်း ကြေညာထားတယ်။ ဒါပေမယ့် ဥပမာအနေနဲ့ ပြောရရင် ထိုင်းနိုင်ငံမှာ တရားဝင်သတ်မှတ်ထားတဲ့လုပ်အားခက တနေ့ကို ဘတ် ၃၀၀ ဖြစ် တယ်။ ဒါပေမယ့် မြန်မာအလုပ်သမား အများစုက ဘတ် ၃၀၀ ကို မရကြဘူး။ ဒါက တရားဝင်သတ်မှတ် ထားတဲ့ လုပ်အားခကို မရကြဘူး။ တစ်အချက်အနေနဲ့။ ၂ အချက်အနေနဲ့က အလုပ်ချိန် အရမ်းများတယ်။
မြန်မာအလုပ်သမားတွေက မနက် ၈ နာရီကနေ ည အနည်းဆုံး ၉ နာရီ ၁၀ နာရီအထိ တနေ့ကို အလုပ် ချိန် ၁၂ နာရီအထိ အနည်းဆုံး အလုပ်လုပ်နေရတယ်။ နောက်တခါ အလုပ်ပိတ်ရက်တွေ။ တချို့စက်ရုံတွေ တပတ်မှာ ၇ ရက်လုံးလုံးလို အလုပ်သမားတွေက အလုပ်လုပ်ရတယ်။ ၇ ရက်လုံးလုံးမှာ တနင်္ဂနွေတရက်ပဲ မနက် ၈ နာရီကနေပြီးတော့ ညနေ ၅ နာရီနောက်ပိုင်းကို နားခွင့်ရတယ်။

 တလမှာ တရက် အလုပ်ပိတ်ရက် ရှိတယ်။ ဒီလိုအခွင့်အရေး ချိုးဖေါက်မှုတွေ ကျနော်တို့အလုပ် သမား အခွင့်အရေးတွေ ချိုးဖေါက်ခံနေရတာတွေလည်း ရှိတယ်။ အဲ့ဒီအပြင်လည်း လူ့အခွင့်အရေးချိုးဖေါက် မှုတွေ၊ လက်မှတ်ရှိရဲ့နဲ့ သက်သေခံအထောက်အထား ရှိရက်နဲ့ ငွေညှစ်ခံရတဲ့ ကိစ္စမျိုးတွေ၊ နောက်တခုက မတရားစော်ကားခံရတဲ့ကိစ္စမျိုးတွေ၊ ဒီလိုကိစ္စမျိုးလေးတွေကတော့ ကျနော်တို့ထိုင်းနိုင်ငံမှာ ရောက်နေရတဲ့ အလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေလို့ ကျနော်တို့ ပြောလို့ရတယ်။


မေး။ ။ ဟုတ်ကဲ့။ ကိုယ့်တိုင်းပြည် မဟုတ်တော့ရက်စက်ခံရတာတို့ရယ်၊ ငွေညှစ်ခံရတာတို့ရယ် ရှိမှာပေါ့။ ဟုတ်ကဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့အနေနဲ့ပေါ့နော်။ ဒီထိုင်းရောက် ရွှေ့ပြောင်းမြန်မာအတွက် ဘာတွေလုပ်ပေးနေလဲပေါ့။


ဖြေ။ ။ ဟုတ်ကဲ့ ကျနော်တို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေနဲ့ အဓိကလုပ်ပေးနေတဲ့ လုပ်ငန်း ကတော့ အားလုံးပေါင်း ၅ ခု ရှိပါတယ်။ နံပါတ် ၁ အနေနဲ့ကတော့ ရောင်ခြည်ဦးမှာ ဥပဒေရေးရာ အထောက်အကူပြုဌာန ရှိတယ်။ ခုနက ပြောတော့ ထိုင်းနိုင်ငံကို ရောက်နေတဲ့အလုပ်သမားတွေ အထူး သဖြင့် မဲဆောက်မှာ ရှိတဲ့အလုပ်သမားတွေ လုပ်အားခတွေ မရတာမျိုးတွေ၊ နောက် လုပ်အားခတွေ မပေး ပဲနဲ့ အလုပ်ရှင်ကနေ မောင်းထုတ်လိုက်တဲ့ ဒီလိုဟာမျိုးတွေ၊ လုပ်ငန်းခွင်ထဲမှာ ထိုခိုက်ဒဏ်ရာ ရတာမျိုးတွေ နစ်နာကြေး၊ လျော်ကြေး မရတာမျိုးတွေ၊ နောက်တခုက အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခံရတာတွေ၊ ဒီလိုဟာမျိုးတွေကို ကျနော်တို့ကို တိုင်ကြားမယ်ဆိုရင် ကျနော်တို့က ဥပဒေကြောင်းအရ ဥပဒေဘောင် အတွင်းက ထိုင်းနိုင်ငံမှာ ရှိနေတဲ့ အလုပ်သမားအခွင့်အရေးကာကွယ်ရေးရုံးတွေ အလုပ်သမားတရား ရုံးတွေကနေ ကျနော်တို့ တောင်းဆိုပေးတယ်။ နောက် သူတို့အခွင့်အရေးအတွက် ရပိုင်ခွင့်တွေအတွက် ကျနော်တို့ တောင်းဆိုပေးတယ်။ ဥပမာအနေနဲ့ ပြောရရင် ပထမအနေနဲ့ ဥပဒေပြုအထောက် အကူပြု ဌာနအနေနဲ့ ဒီလုပ်ငန်းစဉ်တခု ရှိတယ်။

 အဲ့လုပ်ငန်းစဉ်နောက်တခုကတော့ အလုပ်သမားတွေအတွက် ကျနော်တို့ သင်တန်းတွေ လုပ်ပေးတယ်။
မြန်မာပြည်ကနေလာလုပ်တဲ့အလုပ်သမားအများစုက ထိုင်းလို မပြောတတ်ကြဘူး။ စာမဖတ်တတ်ကြဘူး။ အဲ့ခါကြတော့ ထိုင်းနိုင်ငံမှာ ပြဌာန်းထားတဲ့ ထိုင်းဥပဒေတွေ ရှိတယ်။ နောက်တခုက ရွှေ့ပြောင်း အလုပ် သမားတွေနဲ့ပက်သက်တဲ့ ဥပဒေတွေ ရှိတယ်။ အဲ့ဒါကို ကျနော်တို့ မြန်မာအလုပ်သမားတွေ သိဖို့အတွက် သင်တန်းတွေ ကျနော်တို့ လုပ်ပေးတာ ရှိတယ်။ နောက်တခုက ကျနော်တို့ ထိုင်းအစိုးရက အခါအားလျော် စွာ ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာတွေ ရှိတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပက်သက်တဲ့ ဥပဒေတွေ၊ ကန့်သက်ချက်တွေ ရှိမယ်။ နောက်တခုက လက်မှတ်နဲ့ ပက်သက်ပြီးတော့ သက်တမ်းတိုးဖို့ကိစ္စတွေ၊ ထိုင်း အစိုးရက အခါအားလျော်စွာ ထုတ်တဲ့ သတင်းအချက်အလက်တွေ ကျနော်တို့က စုစည်းပြီးတော့
ရောင်ခြည်ဦးအလုပ်သမားရေးရာဂျာနယ်ဆိုပြီးတော့ ထုတ်တယ်။

အနယ်နယ်အရပ်ရပ်မှာရှိနေတဲ့ အလုပ်သမားတွေရဲ့အခြေအနေတွေကို ဖော်ပြတယ်။ နိုင်ငံတကာမှာ ရှိနေတဲ့ သတင်းတွေ၊ လှုပ်ရှားမှုတွေကို ကျနော်တို့ အလုပ်သမားတွေကို အသိပေးဖို့ ဖော်ပြတယ်။ ကျနော် တို့ Publication ပေါ့နော်။ ကျနော်တို့အလုပ်သမားရေးရာဂျာနယ်ကို ကျနော်တို့ ထုတ်တယ်။နောက်တခု က ထိုင်းနိုင်ငံအတွင်းမှာ ရှိနေတဲ့ အလုပ်သမားတွေအတွက် သာရေးနာရေးလုပ်ငန်းတွေပေါ့နော်။ သာရေးနာ

ရေး အတွက် အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေကို ကျနော်တို့ လိုက်လံကူညီဆောင်ရွက်ပေးတာရှိတယ်။ အဓိကတော့ ကျနော်တို့အနေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခံနေရတာတွေကို အဓိကထားပြီးတော့ ကူညီဆောင်ရွက်ပေးခဲ့တယ်။ ရောင်ခြည်ဦးအဖွဲ့က ၂၀၀၀ ခုနှစ်ကနေစပြီးတော့မှ ၂၀၁၆ ခုနှစ်အထိ အလုပ်သမားအမှုပေါင်း ၂၅၀ ကျော် ပေါ့နော်။ လိုက်ပါဆောင်ရွက်ပြီးတော့ အလုပ်သမားပေါင်း ၃၀၀၀
ကျော်အတွက် သူတို့ နစ်နာကြေး၊ လျော်ကြေးငွေတွေ၊ သန်း ၆၀ ကျော် ပြန်တောင်းပေးနိုင်ခဲ့တယ်ခင်ဗျ။




မေး။ ။ ဟုတ်ကဲ့။ လာမယ့် ၂၃ ရက်ကနေ ၂၅ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် ဒီထိုင်းနိုင်ငံကို လာမယ်ပေါ့ ခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို လာမယ့်အချိန်မှာ ထိုင်းရောက်ရွှေ့ပြောင်းမြန်မာ အလုပ် သမား အတွက်ပါ တွေ့မယ်၊ ဆွေးနွေးမယ်၊ ဒီလမ်းမှာပေါ့။ အကယ်၍သာ ဒီလို ရောင်ခြည်ဦးအလုပ်သမား အတွင်းရေးမှူးအနေနဲ့ပေါ့ တွေ့ခွင့်ရမယ်ဆို ဘာတောင်းဆိုချင်လဲ။


ဖြေ။ ။ ဟုတ်ကဲ့။ အဓိကကတော့ ကျနော့်အနေနဲ့ တွေ့ခွင့်ရမယ်ဆို။ ပထမဆုံးအနေနဲ့ ကျနော်တို့နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ပေါ့။ အခုတော့ နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် တယ်။ နိုင်ငံခြားရေးဝန်ကြီး လည်း ဖြစ်တယ်။ ထိုင်းနိုင်ငံကို ဒီလိုလာရောက်ပြီးတော့ လည်ပတ်တယ်။ လည်ပတ်ပြီးတော့ အလုပ်သမားတွေ နဲ့ လာရောက်တွေ့ဆုံမယ်ဆိုတဲ့အတွက် ကျနော်တို့လည်း အထူးပဲ ဝမ်းမြောက်တယ်။ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ကျနော်တို့ဆီလာရောက်လည်ပတ်တယ်ဆိုတဲ့အတွက် ကျနော်တို့က ကြိုဆိုတယ်ဆိုတာကို ပထမအချက်အနေနဲ့ ပြောချင်တယ်။ တကယ်လို့ ကျနော့်အနေနဲ့ ပြောခွင့်ရမယ်ဆို ဘာပြောချင်လဲဆိုတော့ ကျနော်တို့ အလုပ်သမားတွေအနေနဲ့ ထိုင်းနဲ့မြန်မာကြားထဲမှာ ချုပ်ဆိုထားတဲ့ MOU ပေါ့နော်။

ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်တင်သွင်းဖို့အတွက် စာချုပ်ချုပ်ဆိုထားတဲ့ ၂၀၀၃ ခုနှစ်မှာ မြန်မာ ကနေပြီးတော့ ဒီလို ချုပ်သွားခဲ့တယ်။ ဒါက တရားဝင်စာချုပ်ပေါ့နော်။ အဲ့ဒီစာချုပ်ကို ကျနော်တို့ ပြန်ပြီးတော့ ရီဗိုက်လုပ်စေချင်တယ်။ ကျနော်တို့ပြန်ပြီးတော့ ဆန်းစစ်စေချင်တယ်။ အဓိက MOU ထဲမှာ ပြုပြင်ပြောင်းလဲ လို့ရမယ်ဆိုရင် MOU ထဲက အချက်အလက်တွေထဲမှာ အလုပ်သမားတွေရဲ့ လက်မှတ် ကိစ္စပေါ့။ တရားဝင် အထောက်အထားကိစ္စကို ခိုင်ခိုင်မာမာ လုပ်နိုင်အောင် အဲ့ဒီကိစ္စတွေကို ပြန်ပြီးတော့ ထပ်ပြီးတော့ MOU ထဲထည့်ပြီးတော့ ဆွေးနွေးစေချင်တယ်။ နောက်တခုက အရေးကြီးတဲ့တချက်က MOU ထဲမှာ အလုပ် သမားတွေရဲ့လွတ်လပ်စွာ သွားလာခွင့်ပေါ့နော်။ အခု ထိုင်းနိုင်ငံကို ရောက်နေတဲ့ အဓိက အခက်အခဲတခု က ထိုင်းနိုင်ငံအတွင်းမှာ လွတ်လပ်စွာ ခရီးသွားလာခွင့် မရှိဘူး။ ချုပ်ခြယ်ခံနေရတယ်။

အဲ့ဒီတော့ MOU ထဲမှာ သေသေချာချာတိတိကျကျ ရှင်းရှင်းလင်းလင်း ထိုင်းနိုင်ငံရောက်နေတဲ့မြန်မာရွှေ့
ပြောင်းအလုပ်သမားတွေ အထူးသဖြင့်တော့ MOU ထဲမှာ လွတ်လပ်စွာတရားဝင်သွားလာခွင့် တိတိကျကျ ပါဝင်အောင် ထည့်ပေးစေချင်တယ်။ နောက်တခုကတော့ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပက် သက်တဲ့ ပေါ်လစီတွေ ချမှတ်တဲ့အခါမှာ လူ့အခွင့်အရေး ရှုထောင့်ကနေ Humanities ground ကို လူ့ အခွင့်အရေးရှုထောင့်ကနေ ကြည့်ပြီးတော့ အလုပ်သမားရေးရာ ပေါ်လစီတွေကို ချဖို့အတွက် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံတွေကို MOU တွေထဲမှာ ဖြစ်ဖြစ် ပေါ်လစီတွေထဲမှာပဲဖြစ်ဖြစ် အဲ့ဒါတွေကို အဓိကထားပြီး

တော့ နောက်တခုက နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့အညီ ပေါ်လစီတွေကို ချမှတ်ဖို့အတွက် တွန်းအားပေးဖို့ ကျနော့်အနေနဲ့ ပြောချင်တယ်။

ဒုတိယအချက်အနေနဲ့က ထိုင်းအစိုးရအနေနဲ့ အလုပ်သမားရေးရာပေါ်လစီတွေ၊ အထူးသဖြင့် ရွှေ့ပြောင်း အလုပ်သမားရေးရာတွေနဲ့ပက်သက်တဲ့ ပေါ်လစီတွေကို ချမှတ်တဲ့အခါမှာ ပေါ်လစီတွေကို တည်တည် ငြိမ်ငြိမ် ခိုင်ခိုင်မာမာ ချပေးဖို့အတွက်ကို တိုက်တွန်းပေးစေချင်တယ်။ ဥပမာ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင် ငံကို ရောက်နေတဲ့အလုပ်သမားတွေအတွက် အဓိကကတော့ သက်သေခံအထောက် အထားပေါ့နော်။ MOU စနစ်ပဲဖြစ်ဖြစ်၊ NV နဲ့ပဲဖြစ်ဖြစ် ရောက်ပြီးသားလူတွေကို လက်မှတ်ထိုးပြီးတော့ပဲဖြစ်ဖြစ်၊ အဲ့ဒါတွေနဲ့ ပက်သက်တဲ့ သက်သေခံအထောက်အထားစနစ်တွေဟာ ခဏခဏ ပြောင်းတယ်။ အမိန့်ကြေညာစာတွေ ခဏခဏပြောင်းတယ်။

လုပ်ပုံလုပ်နည်းတွေခဏခဏပြောင်းတယ်။ လူမှုဖူလုံရေးစနစ်နဲ့ အကျိုးခံစားခွင့် လုပ်ပုံလုပ်နည်းတွေ၊ Producer တွေ ခဏခဏ ပြောင်းတယ်။ ဒီဥပဒေတွေက ခဏခဏ ပြောင်းတယ်။ ပေါ်လစီ တည်ငြိမ်မှုမရှိ တဲ့ အတွက် ကျနော်တို့အလုပ်သမားတွေမှာ တော်တော်အခက်အခဲ ရှိတယ်။ အထူးသဖြင့်တော့ လက်မှတ် ကိစ္စနဲ့ပက်သက်လို့ အလုပ်သမားတွေအပေါ်မှာ ပေါ်လစီတွေက ရှင်းရှင်းလင်းလင်း မရှိဘူး။ ကြားကနေပြီးတော့ အမြတ်ထုတ်ကြတဲ့ မြန်မာအချင်းချင်းကြားကနေ ပွဲစားတွေကြောင့် မြန်မာအလုပ်သမားတွေ အပေါ် မှာ ဝန်ထုပ်ဝန်ပိုးတွေ သွားဖြစ်တာကို သွားတွေ့ရတယ်။


မေး။  ။......................................

ဖြေ။ ။ ဒါကြောင့်မို့လို့ အခုဆိုရင် လတ်တလောမှာ ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာအလုပ်သမားတွေ အရင်လုပ်ထားတဲ့ MOU နဲ့ လုပ်ထားတဲ့ ပတ်စပို့တွေပေါ့နော်။ ၄ နှစ်သက်တမ်း၊ ၆ နှစ်သက်တမ်း ပြည့် သွားပြီ။ အဲ့ဒီ ၄ နှစ်သက်တမ်း ၆ နှစ်သက်တမ်း ပြည့်မယ်ဆိုရင် ပတ်စပို့ ဆက်ပြီး မထုတ်ပေးပဲနဲ့ ပန်းရောင် ကဒ်ဆိုတဲ့ဟာ တခုတည်း ထုတ်ပေးမယ်ဆိုတဲ့ ထိုင်းအစိုးရရဲ့ပေါ်လစီ အပြောင်းအလဲလည်း ရှိတယ်။

အဲ့ဒီလို ပေါ်လစီ အပြောင်းအလဲတွေကြောင့် မြန်မာအလုပ်သမားတွေအတွက်က လုပ်ငန်းရှင်တွေရဲ့ ချုပ်ကိုင်မှုကို ပိုပြီးတော့ ခံလာရနိုင်တယ်။ လူ့အခွင့်အရေးချိုးဖေါက်မှု၊ အလုပ်သမားအခွင့်အရေး ချိုးဖေါက် မှုတွေ ပိုပြီးတော့ ခံစားလာရနိုင်တယ်။ အစိုးရတွေအနေနဲ့ အထူးသဖြင့်တော့ ဒီနိုင်ငံမှာရှိတဲ့ ထိုင်းအစိုးရ အနေနဲ့ သူ့ပေါ်လစီကို ရှင်းရှင်းလင်းလင်းနဲ့ တည်ငြိမ်တဲ့ပေါ်လစီတွေကို ချခွင့်ပေးဖို့ ညှိနှိုင်းဆွေးနွေးစေချင် တယ်။ နောက်တချက်ကတော့ ကျနော်တို့ပေါ်လစီတွေကို အကောင်အထည်ဖော် တဲ့နေရာပေါ့နော်။ အကောင်အထည်ဖော်တဲ့နေရာမှာလည်း ပါဝင်ပက်သက်နေတဲ့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား
ရေး ရာ ဌာနတွေ၊ အာဏာပိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲ၊ လူဝင်မှုကြီးကြပ်ရေးဌာနတွေက ဥပဒေအတိုင်း တိတိကျကျလုပ်ဆောင်ဖို့အတွက် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံတွေကိုလည်း တိုက်တွန်းစေချင်တယ်။

ဥပမာအနေနဲ့ ပြောရရင်တော့ ဒီပေါ်လစီကတော့ ထိုင်းမှာရှိနေတဲ့ အလုပ်သမားတွေ၊ တရားဝင်အထောက်အထားလက်မှတ်နဲ့ work permit နဲ့လုပ်တယ်ဆိုရင် ခရီးသွားလာခွင့်ရှိမယ်လို့ ဆိုတယ်။ ဒါပေမယ့် တကယ်ခရီးသွားလာတဲ့အခါမှာ အာဏာပိုင်တွေကနေပြီးတော့ အလုပ်သမားတွေ အပေါ် မှာ လက်မှတ်အပြည့်အစုံရှိရဲ့နဲ့ ဖမ်းဆီး၊ တားဆီးထားတာမျိုး၊ တရားမဝင်ငွေတောင်းတာမျိုးတွေ ရှိတယ်။ နောက်တခုက လုပ်အားခကိုလည်း တရားဝင်သတ်မှတ်ထားတဲ့နှုန်းထား မပေးပဲ ချိုးဖေါက်တာတွေ ရှိတယ်။ ဒါတွေကို သက်ဆိုင်ရာနိုင်ငံတွေက သက်ဆိုင်ရာအလုပ်သမားရေးရာဌာနတွေကို သူတို့အစိုးရတွေ အနေနဲ့ ကြီးကြပ်ပေးဖို့ ကျနော်တို့ တောင်းဆိုပေးစေချင်တယ်။ အထူးသဖြင့်တော့ အလုပ်သမားအခွင့် အရေးတွေ ချိုးဖေါက်ခံရတဲ့အခါမှာ၊ လူ့အခွင့်အရေးတွေ ချိုးဖေါက်ခံရတဲ့အခါမှာ တရားဝင်တိုင်တန်းနိုင်တဲ့ Complain မက်ကနစ်ဇင် ဖော်ပြပေးထားဖို့ ထိုင်းအစိုးရကိုလည်း တောင်းဆိုချင်တယ်။

 မြန်မာပြည်ဖက်ခြမ်းမှာလည်း အလုပ်သမားတွေကို တင်ပို့တဲ့ ကုမ္ပဏီတွေ၊ တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေ ရှိတယ်။ အဲ့ကုမ္ပဏီတွေအနေနဲ့ ဥပဒေအတိုင်း မှန်မှန်ကန်ကန်လုပ်ကြသလား၊ တချို့ကုမ္ပဏီတွေက ထိုင်းနိုင်ငံကို သွားမယ့်အလုပ်သမားတွေကို မြန်မာပြည်ထဲမှာ စာချုပ်ချုပ်တယ်။ ဘယ်အလုပ်၊ ဘယ်အလုပ်ရမယ်လို့ စာချုပ်ချုပ်ထားခဲ့တယ်။ လုပ်အားခ ဘယ်လောက်ရမယ်ဆိုပြီး ပြောပြီးတော့ စာချုပ် ချုပ်တယ်။ ဒါပေမယ့် တကယ်ဒီနိုင်ငံကို ရောက်တဲ့အခါမှာ သူတို့တကယ် မြန်မာပြည်မှာ ပြောခဲ့တဲ့ အလုပ် မျိုးတွေ မဟုတ်ဘူး။ စက်ရုံအလုပ်လို့ မြန်မာပြည်မှာ ပြောပေမယ့် ဒီမှာရောက်တဲ့အခါကြရင် ပန်းရံလို အလုပ်မျိုးတွေ အဲ့လိုအလုပ်မျိုးတွေ ဖြစ်ကြတာ။ လုပ်ငန်းမတူတာတွေ ရှိတယ်။ နောက်တခုက တရားဝင် ဟိုဖက်မှာ ပြောတဲ့ လစာရမယ်ပြောပြီး ဒီဖက်မှာ မရတာမျိုးတွေ၊ အဲ့လိုဟာမျိုးတွေနဲ့ ကြုံနေရတယ်။ ဒီနိုင်ငံကိုရောက်တဲ့အခါမှာလည်း အလုပ်သမားတွေကို အလုပ်ရှင်ကနေပြီးတော့ စာချုပ်အသစ်တွေ ချုပ်တယ်။ အဲ့လိုချုပ်ပြီးတော့ အလုပ်ရှင် အလုပ်သမား ပြဿနာတက်လာတဲ့အခါမှာ ဒီကုမ္ပဏီတွေက ဘာတာဝန်မှ မယူဘူး။

 နောက်အလုပ်သမားတွေကို မြန်မာပြည်ကို ပြန်ပို့ပြီးတော့မှ မြန်မာပြည်ကို ပြန်လာခဲ့ဆိုပြီး ပြန်ခေါ်တယ်။
 ခေါ်သွားတဲ့အခါကြတော့ သူတို့တွေရဲ့အလုပ်လုပ်ခွင့်လက်မှတ်တွေ ဆုံးရှုံးသွားတာတွေ ရှိတယ်။ ငွေကုန်
ကြေး ကျ အများကြီးပေးပြီးတော့ လာဖို့အတွက် လက်မှတ်လုပ်ခဲ့ရတယ်။ တရားဝင်ဗီဇာတွေ လုပ်ခဲ့ရတယ်။ အဲ့တော့ မြန်မာပြည်ကို ပြန်ခေါ်သွားတဲ့အတွက် အလုပ်သမားတွေဟာ အစကနေ အလုပ်သမားလက်မှတ်
တွေ ပြန်လုပ်ရတယ်။ အထောက်အထားတွေ ပြန်လုပ်ရတယ်။ အလုပ်သမားလက်မှတ်တွေအတွက် အကုန် အကျတွေ အများကြီး ပြန်ထပ်ပြီးတော့ ကုန်ကျရတာမျိုးတွေ ရှိတယ်။


တချို့ကုမ္ပဏီတွေဟာ မြန်မာပြည်မှာ ထောင်ထားပြီးတော့ အလုပ်သမားတွေကို ဥပဒေနဲ့အညီ လုပ်ဆောင်
ပေးတာ မရှိဘူး။ အဲ့ဒီလိုကုမ္ပဏီတွေကို အစိုးရအနေနဲ့ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ပေးဖို့နဲ့ စောင့်ကြည့် ကြီး ကြပ်ပြီးတော့မှ တကယ်လို့ ကုမ္ပဏီတွေဟာ ဥပဒေနဲ့ မညီဘူးဆို ဒီကုမ္ပဏီတွေကို Black List သွင်းပြီး
တော့ လုပ်ပိုင်ခွင့်တွေ ပြန်ရုပ်သိမ်းတာမျိုးတွေ၊ ဒါတွေကို လုပ်ဖို့အတွက် ကျနော်တို့အနေနဲ့က မေတ္တာ ရပ်ခံချင်တယ်။


မေး။ ။ ဟုတ်ကဲ့။ ဒါက ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့အကြောင်းပေါ့နော်။ ကိုယ့်နိုင်ငံမဟုတ်တော့ ကိုယ့်အချင်းချင်းတွေ တပတ်ရိုက်တာမျိုး၊ အနိုင်ကျင့်ခံရတာမျိုး၊ ကိုယ့်နိုင်ငံမဟုတ်တော့ အနိုင်ကျင့် ခံရတာမျိုး၊ ဒါတွေက ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ဘဝပေ့ါနော်။ လက်ရှိ မြန်မာနိုင်ငံထဲက အလုပ် သမားတွေအကြောင်းကို ဘယ်လိုမြင်လဲပေါ့။


ဖြေ။ ။ မြန်မာပြည်မှာတော့နော် အခုလက်ရှိအစိုးရအနေနဲ့ကလည်း ရက် ၁၀၀ တော့ မပြည့်သေး ဘူးပေါ့
နော် ။ အခုမှ တက်လာတယ်။ မြန်မာပြည်မှာက ကျနော်တို့ အားလုံး သိကြတဲ့အတိုင်းပဲဗျ။ ၂၀၁၀ နှောင်း ပိုင်းမှာ အလုပ်သမားဥပဒေတွေ ပေါ်လာတယ်။ အဲ့မတိုင်ခင်မှာကမြန်မာပြည်မှာက စစ်အစိုးရလက်အောက်မှာ ကျနော်တို့ အလုပ်သမားသမဂ္ဂဆိုတာ မရှိခဲ့ဘူး။ အလုပ်သမားအခွင့် အရေးတွေ ဆိုတာက လည်း လုံးဝနီးပါးကို မရှိခဲ့ဘူး။ ၂၀၁၀ ပြီးတဲ့အခါမှာ တရားဝင်အလုပ်သမားအဖွဲ့အစည်းတွေ၊ အလုပ်သမား ဥပဒေတွေ ပေါ်လာတယ်။ အလုပ်သမားအဖွဲ့တွေ ဖွဲ့စည်းခွင့်ရလာတယ်။ အလုပ်သမား အဖွဲ့တွေ ဖွဲ့စည်း ခွင့်ရလာတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာ ကျနော်တို့ သိသလောက်ဆိုရင် Trade Unionပေါ့။

 အလုပ်သမားသမဂ္ဂလို့တောင် အခေါ်မခံပါဘူး။ မှတ်ပုံတင်ခြင်းဥပဒေမှာဆိုရင်ရော အခြေခံအလုပ် သမားအဖွဲ့အစည်းပေါ့။ Basic Labour Organization လို့ပဲ သူတို့က ဖွဲ့ခွင့်ရှိတယ်။ တရားဝင်ကို အလုပ်သမားသမဂ္ဂဆိုတဲ့ အသုံးအနှုန်းကို သုံးတာ မတွေ့ရဘူး။ အပြင်မှာတော့ သုံးတယ်ဆိုပေမယ့် တရားဝင်အသုံးအနှုန်းအရတော့ အခြေခံအလုပ်သမားအဖွဲ့အစည်းဆိုတာပဲ ရှိတယ်ပေါ့နော်။အနိမ့်ဆုံး လစာဥပဒေတွေ တခါ ပြဌာန်းပြီးတော့ အသက်ဝင်လာတာကလည်း သိပ်မကြာသေးဘူး။ ဒါပေမယ့် လက်တွေ့မှာ အနိမ့်ဆုံးလစာဥပဒေအတိုင်း အလုပ်သမားတွေကို တကယ်ပေးသလားဆိုတော့ တချို့စက် ရုံတွေ ပေးတယ်။ တချို့စက်ရုံတွေ မပေးဘူး။ ပေးတဲ့စက်ရုံတွေမှာလည်း ဘာဖြစ်သလဲဆိုတဲ့ အခါကြတော့ အနိမ့်ဆုံးလစာ ၃၀၀၀ ပေးလိုက်တယ်။ အရင်တုန်းကပေးခဲ့တဲ့ အခွင့်အရေးတွေ ကို ပြန်ရုပ် သိမ်းလိုက် တယ်။ ဥပမာအနေနဲ့ စက်ရုံကနေပြီးတော့ ဖယ်ရီအကြိုအပို့ လုပ်တယ်။ အဲ့ဒီဖယ်ရီအကြိုအပို့ လုပ်တဲ့ကိစ္စတွေကို မပေးတော့ဘူး။ မင်းတို့ကို အနိမ့်ဆုံးလစာပေးထားပြီးပြီ။ အဲ့ဒီအတွက် ဖယ်ရီအကြိုအပို့ မပေးတော့ဘူး။ အရင်တုန်းက ရက်မှန်ကြေးလိုဟာမျိုးတွေပေးတယ်။

 ဘောနပ်လိုဟာမျိုးတွေ ပေးတယ်။ ဒီငွေတွေကို သူတို့ လုံးဝမပေးတော့ဘူး။ အဲ့အတွက် အနိမ့်ဆုံးလစာ ဆိုတာကို အရင်သတ်မှတ်လိုက်ကြ တယ်။ အနိမ့်ဆုံးလစာအပြင် ကျနော်တို့ရဲ့ ပုံမှန်ပေးနေကြ အလုပ် သမားတွေရဲ့ ခံစားခွင့်တွေကို ပေးရ မှာဖြစ် ပါတယ်။ မြန်မာပြည်မှာ အခုဖြစ်နေတာက အနိမ့်ဆုံးလစာကို အစိုးရက သတ်မှတ်ပေးလိုက်တယ်။ အရင်အစိုးရက သတ်မှတ်ပေးလိုက်တယ်။

သတ်မှတ်ပေးလိုက်တယ်ဆိုတဲ့အဆင့်မှာပဲ ရှိတယ်။ ထပ်ပြီးတော့ ညှိစရာတွေ ရှိလာတယ်။ အလုပ်သမားနဲ့ အလုပ်ရှင်ကြားထဲမှာ ခုနကပြောတဲ့ အရင်အ လုပ်သမားတွေကို ပေးထားခဲ့တဲ့ အကျိုးခံစားခွင့်တွေကို အဲ့ဒီအကျိုးခံစားခွင့်တွေနဲ့ အခုလက်ရှိ အနိမ့်ဆုံး လစာ ရတဲ့ အကျိုးခံစားခွင့်တွေကို မျှတအောင်အတွက် အစိုးရအနေနဲ့ထပ်ပြီးတော့ လိုက်လုပ်ပေးဖို့ လိုနေသေးတယ်လို့ ကျနော်တို့က မြင်ပါတယ်။


မေး။ ။ဟုတ်ကဲ့။ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုရော ဘာပြောချင်သေးလဲ။ ဥပမာ အားဖြင့် အလုပ်သမား ဥပဒေတွေပေါ့။ ဆောင်ရန် ဘာတွေရှိသလဲပေါ့။ ခရီးသွားလို့ရှိရင် ဘာတွေဆောင် သင့်လဲပေါ့။ ထိုင်းရောက်အလုပ်သမားတွေကို ဘာပြောချင်လဲ။


ဖြေ။ ။ ထိုင်းမှာကတော့ အလုပ်သမားတွေက မဲဆောက်မှာက အလုပ်သမားတွေ က အသစ်တွေ ဝင်တဲ့နေ ရာပေါ့နော်။ တစ်အချက်အနေနဲ့က ထိုင်းနိုင်ငံကို လာမယ်ဆိုရင် အခု တရားဝင်လည်း လာလို့ရတယ်။ MOU စနစ်နဲ့ တရားဝင်လာလို့ရတယ်။ ကျနော်တို့ တွေ့နေကြရတဲ့အခြေအနေတွေက ဘယ်လိုဖြစ်လဲဆိုတဲ့ အခါကြတော့ အလုပ်သမားအများစုက ဆွေမျိုးညီအစ်ကိုမောင်နှမတွေက ဘန်ကောက်လို၊ မဟာချိုင် လိုမြို့ကြီးတွေမှာ ရှိတယ်ပေါ့။ အဲ့ခါကြတော့ အဲ့နေရာကို အမြန်ဆုံးရောက်ဖို့အတွက် သူတို့က လူကုန်ကူး တဲ့သူတွေနဲ့ သွားကြတယ်။ ပွဲစားတွေနဲ့ သွားကြတယ်။ ဘတ် တသောင်းခွဲအထိ ပေးပြီးတော့ သွားကြ တယ်။ MOU စနစ်နဲ့ သွားမယ်ဆိုရင် အဲ့လောက်တောင် မကျဘူး။ ဒါပေမယ့် MOU စနစ်မှာလည်း ခုနက ပြောတဲ့ အားနည်းချက်တွေ အများကြီး ရှိတာပေါ့။

အဲ့လို လက်မှတ်မရှိပဲ လာကြတဲ့အခါမှာ တချို့အလုပ်သမား အမျိုးသမီးတွေ ရောင်းစားခံရ တဲ့ပြဿနာတွေဖြစ်လာတယ်။ အမျိုးသမီးတွေတင်မကဘူး။ တချို့အမျိုးသားတွေကိုယ်တိုင်တောင်လှေတွေမှာရောင်းစားခံရတယ်။ ငါးဖမ်းလှေတွေမှာ ရောင်းစားခံရပြီးတော့ ငါးဖမ်းလှေတွေပေါ်မှာ ၂ နှစ် ၃ နှစ် ကျွန်လို ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲလုပ်တာခံရတယ်။ တကယ်လာမယ်ဆိုရင် ထိုင်းနိုင်ငံကို မလာခင်မှာ အလုပ်သမားတွေအနေနဲ့ ကိုယ်က ဘယ်နေရာကို သွားမှာလဲ။ သက်သေလက်မှတ်အထောက်အထားလေး ရှိဖို့ လိုတယ်။ ထိုင်းနိုင်ငံအတွင်းကို ရောက်တယ်ဆိုရင် အဖွဲ့အစည်းတွေက အလုပ်သမားရေးရာအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ မြန်မာသံရုံးဖုန်းနံပါတ်တွေ ရှိတယ်။ အဲ့ဒီ အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေရဲ့ ဖုန်းနံပါတ်တွေကို ယူဆောင်လာဖို့ လိုတယ်။ တချို့ဆိုရင် ကျနော်တို့ မြင်နေရတာက ထိုင်းနိုင်ငံကိုလာပြီးတော့ အလုပ်လုပ်တယ်။ တရားမဝင်ပေါ့နော်။ လူပွဲစားတွေနဲ့ ဝင်လာတယ်။ အဓိကအနေနဲ့ အသိပေးချင်တာက တကယ်ကို လိမ်နေတဲ့သူတွေက သူတို့နဲ့ ရင်းရင်းနှီးနှီးဖြစ်နေတာကို သွားသွားတွေ့တယ်။ ဥပမာ လွယ်လွယ်တခုပြောရရင်တော့ ကျနော်တို့မြန်မာအလုပ်သမားတွေကို ခေါ်လာတာ တွေ့တယ်။

လိမ်လည်ပြီးတော့ လှည့်ဖျားပြီးတော့ ခေါ်လာတာတွေ့တယ်။ တချို့စက်ရုံတွေမှာ လခ မရပဲနဲ့ ၃၊ ၄ လ ပိတ်လှောင်ပြီးတော့ ခိုင်းစေခံရတယ်။ ရောင်းစားခံရတယ်။ အဲ့တော့ မြန်မာတွေကို ရောင်းစားနေ တာ မြန်မာတွေပဲဖြစ်တာကို သွားတွေ့ရတယ်။ ကရင်အလုပ်သမားတွေကို ရောင်းစားနေတဲ့သူတွေက ကရင်တွေဖြစ်တယ်။ မွန်အလုပ်သမားတွေကို ရောင်းစားနေတာက မွန်တွေဖြစ်တယ်။ အဲ့ဒီရောင်းစားတဲ့ သူတွေ ကလည်း သူတို့ သိနေတဲ့သူတွေဖြစ်နေတယ်။ ဒါကြောင့်မို့ အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံကို လာတဲ့ အခါမှာ သေသေချာချာလေ့လာပြီး စုံစမ်းပြီးမှ လာကြစေချင်တယ်။ တခုခု အခက်အခဲဖြစ်တယ်ဆိုရင်လည်း မကြောက်ပဲနဲ့ သက်ဆိုင်ရာ အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေကို အမြန်ဆက်သွယ်ဖို့ လိုတယ်။
ထွက်ပြေးပြီးတော့ အမြန်ဆက်သွယ်ဖို့ လိုတယ်။ ဒီမှာရောက်နေတဲ့ ကျနော်တို့ မြန်မာအလုပ်သမားတွေကြား ထဲမှာ အုပ်စုတွေ ကွဲနေတာတွေ ရှိတယ်။ အထူးသဖြင့် ဘန်ကောက်လိုမြို့ကြီးတွေမှာ ထိုင်းတောင်ပိုင်းလိုမြို့ကြီးတွေမှာ အုပ်စုတွေ ကွဲနေတာတွေ ရှိတယ်။

ဒါကတော့ အရင်စစ်အစိုးရလက်ထက်အောက်မှာ သွေးကွဲ အုပ်ချုပ်ရေးပေါ်လစီလုပ်ခဲ့တဲ့ အတွက် တိုင်းရင်း သားလူမျိုးကြားထဲမှာ မယုံကြည် မှုတွေ ဖြစ်တဲ့အခါကြတော့ ကျနော်တို့ အလုပ်သမားတွေရဲ့ ကြားထဲမှာ လည်း အထူးသဖြင့် မြို့ကြီးတွေမှာ မွန်ဆိုရင် မွန်လူမျိုးက တစု၊ ကရင်ဆိုရင် ကရင်က တစု၊ထားဝယ်ဆိုရင် ထားဝယ်က တစု၊ အဲ့လို စည်းလုံးညီညွှတ်မှု မရှိပဲ၊ အုပ်စုလိုက် အုပ်စုလိုက်လေးတွေ အဲ့လို နိုင်ငံရေးရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်ခဲ့တာပေါ့။ ဒီလိုဟာမျိုးတွေဖြစ်နေတာက ကျနော်တို့ရဲ့အလုပ်သမားတွေ ကြားထဲမှာ အခွင့်အရေး ချိုးဖေါက်ခံရဖို့အတွက် အားနည်းတဲ့အချက်တွေ ဖြစ်တယ်။

အလုပ်သမားတွေ အချင်းချင်းကြားထဲမှာ လူမျိုးရေးတွေ၊ ဘာသာရေး မကွဲပဲနဲ့ စည်းစည်းလုံးလုံး ရှိမယ် ဆိုရင် ကျနော်တို့ရဲ့အခွင့်အရေးတွေကို မတရားအနိုင်ကျင့်ချင်တဲ့သူတွေက မတရားလုပ်ဖို့အတွက် ခက်ခဲ သွားနိုင်တယ်။ စည်းလုံးညီညွှတ်မှု ရှိခြင်းအားဖြင့် မိမိတို့ရဲ့အခွင့်အရေးတွေ ချိုးဖေါက်ခံရမှုကနေပြီးတော့ ကာကွယ်နိုင်မယ်။ နည်းသွားနိုင်မယ်လို့ ကျနော်မြင်တယ်။

ကွဲပြားနေတဲ့အုပ်စုတွေကနေပြီးတော့ ကျနော်တို့ တခြားနိုင်ငံ မှာရောက်နေ ကြတဲ့ ဘဝတူ မြန်မာနိုင်ငံ သားတွေဖြစ်တယ်။ ဆင်းရဲဒုက္ခရောက်လို့ တခြားနိုင်ငံမှာ ပိုကောင်းမွန်တဲ့ဘဝကို လာရှာတဲ့ ဘဝတူအ ချင်းချင်း ကူညီကြဖို့၊ ရိုင်းပင်းကြဖို့၊ စုစည်းကြဖို့ လိုတယ်လို့ ကျနော်ကတော့ ပြော ချင်ပါတယ်ခင်ဗျာ။

Yaung Chi Oo Workers Association

Subscribe Us