Wednesday, May 07, 2014

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း( ၅)




တတိယ၊ သင့်ဓနဥစ္စာကို ဆပွားတိုးအောင် ဆောင်ရွက်ပါ


“'ခင်ဗျားတို့ ပိုက်ဆံအိတ်တွေ ပြည့်လာပြီ၊ ကိုယ်ရတဲ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို သိမ်း ဆည်းတတ်တဲ့ အလေ့အထရလာပြီ၊ ငွေကိုစနစ်တကျ ခန့်ခွဲသုံးစွဲတတ်လာပြီ ဆို တဲ့နောက်မှာ စုဆောင်းမိလာတဲ့ငွေကို တိုးပွားအောင် ဘယ်လိုလုပ်ရမလဲ၊ သူ့ကို ဘယ် လို ခိုင်းစေရမလဲဆိုတာ တစ်ဆင့်တက်စဉ်းစားရလိမ့်မယ်၊ ငွေအိတ်ကလေး ပွတ်သတ်ကြည့်နေရတာလည်း တမျိုးအရသာရှိတာ အမှန်ပေါ့၊ ဒါပေမယ့် မတိုးပွား ဘူး၊ သူ့ကိုအရင်းတည်ပြီး ဓနဥစ္စာအစုအဝေးတစ်ခု တည်ဆောက်နိုင်ဖို့ လိုတယ်' 


တတိယနေ့၌ အာခတ်က သင်တန်းသားများကို ပြောကြားသည်။

“'ဘယ်လိုတည်ဆောက်မလဲ၊ဒီငွေကို ဘယ်လိုခိုင်းစေကြမလဲ၊ ကျွန်တော့်ရဲ့ ပထမ ဆုံးစုငွေ အထုပ်ကလေးကို ရင်းနှီးမြှုပ်နံှစဉ်ကတော့ ကံမကောင်းခဲ့ဘူး၊ အားလုံးရှုံး ခဲ့တယ်၊ ဖြစ်ပျက်ပုံကို ကျွန်တော်နောက်တော့ ပြောပြပါမယ်၊အဲဒီနောက်မှာ   ဒိုင်းတွေ လုပ်တဲ့ ကြေးသွန်းလုပ်ငန်းရှင် အဂ္ဂါနဲ့အလုပ်လုပ်တော့ ပထမဆုံးအကြိမ်အဖြစ် ရင်း နှီးမြှုပ်နံှမှုက အကျိုးအမြတ်ခံစားရတယ်၊ အဂ္ဂါက နိုင်ငံခြားသင်္ဘောတွေ နဲ့ပါ လာတဲ့   ကြေးဝကုန်ကြမ်းတွေ သူ့လုပ်ငန်းအတွက် စုဆောင်းလေ့ ရှိ တယ်၊ ဒါပေမယ့် တစ် နှစ်စာ တစ်ခါတည်းဝယ်ဖို့ ငွေအရင်းအနှီးမလုံလောက်ဘူး၊ အဲဒီတော့ ငွေပိုငွေ လံျှရှိတဲ့  သူ့အသိမိတ်ဆွေတွေဆီက ချေးတယ်၊ သူကအင်မတန်ဖြောင့်မတ်တည် ကြည်တဲ့ ပုဂ္ဂိုလ်၊ ဒိုင်းတွေလုပ်ပြီး ရောင်းရပြီးပြီဆိုတဲ့အခါကျတော့ ချေးငွေကို အတိုး နဲ့တကွ မပျက်မကွက် ပြန်ဆပ်တယ်၊ အတိုးကလည်း တော်တော် ရက်ရက်ရောရောကို ပေးတာ၊”

“'နောက်တစ်ကြိမ် သူပိုက်ဆံချေးတဲ့အခါကျတော့ ကျွန်တော်က ပထမနှစ်ချေး လိုက် တဲ့ ငွေရင်းတင်မကဘူး၊သူ့ဆီကရတဲ့ အတိုးငွေပါ ပေါင်းပြီးချေးလိုက်တယ်၊ ဒီလိုနဲ့ ကျွန်တော်အရင်းအနှီးက တဖြည်းဖြည်းတက်လာတယ်၊ဒီအပေါ်မှာရတဲ့ အကျိုးအမြတ်တွေကလည်း တိုးပွားလာတယ်၊ ရင်းနှီးမြှုပ်နံှလိုက်တဲ့ငွေတွေ ကိုယ့်အိတ်ထဲပြန်ဝင်တဲ့ အချိန်မှာ အရင်ကထက် တိုးတိုးလာတာ တွေ့ရတာလောက် စိတ်ကျေနပ်စရာ ကောင်းတာမရှိဘူး၊'”

'“ခင်ဗျားတို့ကို ကျွန်တော်တစ်ခုပြောချင်တယ်၊ လူတစ်ယောက်ဘယ်လောက်ကြွယ်ဝ သလဲဆိုတာ လောလောဆယ် သူ့အိတ်ထဲ ပိုက်ဆံဘယ်လောက်ရှိသလဲ ဆိုတဲ့အ ပေါ် မူမတည်ဘူး၊ သူ့ဆီကိုငွေတွေ ဘယ်လောက်ဝင်နေသလဲ၊ သူ့အိတ်ကိုမပြတ် ဖြည့် တင်းပေးနေမယ့် ဘယ်လိုဓနစီးကြောင်းမျိုး သူ့မှာရှိနေသလဲဆိုတာ အပေါ်မူ တည်တယ်၊ လူတိုင်းလိုလားအပ်တာ အဲဒါ၊ ခင်ဗျားတို့မှာရှိတာအဲဒါ၊ ကိုယ်အလုပ် လုပ်နေသည်ဖြစ်စေ၊ လည်ပတ်သွားလာနေသည်ဖြစ်စေ၊ သူ့အလိုလျောက် ကိုယ့် 
အိတ်ထဲကို ဝင်နေမယ့် ဝင်ငွေစီးကြောင်းတစ်ခုရှိရမယ်၊'”


'“အခုကျွန်တော်ဆိုရင် အဲဒီလိုဝင်ငွေစီးကြောင်းမျိုး ကြီးကြီးမားမားရှိတယ်၊ ဝင်ငွေကြီး မားတဲ့ ကျွန်တော့်ကို  လူချမ်းသာလို့ ခေါ်ကြတာ၊ အဂ္ဂါကိုငွေချေးခြင်းဟာ ကျွန်တော့် အဖို့ရင်းနှီးမြှုပ်နံှမှုနဲ့ပတ်သက်လို့ ပထမသင်တန်းဆင်း လိုက်ခြင်းပဲ၊ အဲဒီက အတွေ့ အကြုံယူပြီး နောက်ပိုင်းမှာတိုးပွားလာတဲ့ ငွေရင်းတွေကို ချေးငှားတာ ရင်းနှီးမြှုပ် နံှ တာတွေတဖြည်းဖြည်း ခဲျ့ထွင်လုပ်ကိုင်လာတယ်၊ ကျွန်တော် အိတ်ထဲကို ရွှေငွေ ရတနာဝင်စေမယ့် နေရာဌာနတွေဟာ အစပထမပိုင်းမှာ တစ်ခုနှစ်ခုပဲရှိ ခဲ့ရာ က နောက်ပိုင်းကျတော့ အများအပြားဖြစ်လာတယ်။

“'အဲဒီတော့ စဉ်းစားကြည့်ပါ၊ ကျွန်တော့်လုပ်အားကရတဲ့ မများလှတဲ့ဝင်ငွေကလေးက အစတည်ပြီးကျွန်တော့်အတွက် ငွေရှာပေးမယ့် ကျေးကျွန်တွေ၊ ရွှေထွက်မယ့်ကျေး ကျွန်တွေ ကျွန်တော်ဖန်တီးရရှိခဲ့တယ်၊ သူတို့ကကျွန်တော့်အတွက် အ လုပ်အကျွေးပြု တယ်၊ သူတို့ရဲ့သားသမီးတွေ၊ သူတို့သားသမီးတွေရဲ့ သားသမီးတွေအဆက်ဆက် ကျွန်တော့်အတွက် အလုပ်လုပ်ကြတယ်၊ နောက်ဆုံးကျတော့ သူတို့အားလုံးရဲ့ စုပေါင်းလုပ်အားနဲ့ ကျွန်တော့်မှာ အခုလိုကြီးမားတဲ့ဝင်ငွေ ရရှိလာတာပဲ။'

'ဓနဥစ္စာဆိုတာ ဝင်ငွေအသင့်အတင့်ရှိတဲ့ လုပ်ငန်းအရင်းအနှီးတစ်ခုဖြစ်သွားရင်ကို အလျင်အမြန်တိုးပွားလာတတ်တဲ့ သဘောရှိတယ်၊ ကျွန်တော်အဖြစ်အပျက်တစ် ခုပြောပြမယ်၊ တစ်ခါတုန်းက လယ်သမားတစ်ယောက်မှာ သားကလေးတစ်ယောက်

မွေးတော့ သူ့မှာအပိုအလံျှရှိတဲ့ ငွေဒင်္ဂါးဆယ်ပြားကို ငွေတိုးချေးတဲ့လူဆီ သွားအပ် တယ်၊ ဒီငွေကိုငွေတိုးချေးတဲ့အထဲ ထည့်သုံးပေးပါ၊ သူ့သားအသက်နှစ်ဆယ်ပြည့် မှပဲ ပြန်ယူမယ်ပေါ့၊ ငွေချေးသမားက လက်ခံတယ်၊လေးနှစ်ပြည့်တိုင်း ငွေရင်းရဲ့လေး ပုံတစ်ပုံ အတိုးဖြစ်စေရမယ်လို့ ကတိပေးလိုက်တယ်၊ လယ်သမားကလည်း အတိုးငွေတွေပါ ချေးတဲ့အထဲထည့်သုံးဖို့ မှာထားခဲ့တယ်၊ သူ့သားအသက်နှစ်ဆယ် အရွယ်ရောက်တော့ လယ်သမားက ငွေချေးသမားဆီသွားပြီး အခြေအနေကို စုံစမ်း တယ်၊ အဲဒီအခါ ငွေချေးသမားက သူ့ငွေတွေဟာနှစ်ထပ်တိုးပွားနေတာဖြစ်လို့ အခု ဆိုရင် နဂိုမူလငွေဒင်္ဂါးဆယ်ပြားကနေ သုံးဆယ်ပြားခွဲအထိ တိုးတက်သွား ခဲ့ပြီဖြစ်ကြောင်း ပြောပြတယ်၊

“'လယ်သမား အရမ်းဝမ်းသာသွားတယ်၊ ဒါပေမယ့် ဒီအချိန်မှာလည်းပဲ သူ့သား မှာ   ငွေမလိုသေးဘူူးဆိုတော့ ပိုက်ဆံတွေ ကိုဆက်ပြီးချေးငှားပေးဖို့ မှာကြားပြီး ထားခဲ့ တယ်၊သားဖြစ်သူက သူ့အသက်ငါးဆယ်အရွယ်ရောက်တဲ့အချိန် အဖေလယ် သမား ကြီးကွယ်လွန်ပြီ ဆိုတဲ့အချိန်ကျမှ သူ့တို့သားအဖအပ်ထားတဲ့ငွေ ကို ပြန်တောင်း တဲ့အခါ ငွေချေးသမားက စာရင်းတွက်ချက်ပြီးတဲ့နောက် သူ့ကို ငွေဒင်္ဂါး တစ်ရာခြောက် ဆယ့်ခုနှစ်ပြားတိတိ ရှင်းပေးလိုက်သတဲ့၊ နှစ်ပေါင်းငါးဆယ်အတွင်းမှာ ဆယ့်ခုနှစ်ဆ နီးပါး တိုးပွားလာတာ၊ ဒါဟာအရင်းအနှီးတစ်ခုရဲ့ တိုးပွားနိုင်မှု စွမ်းအားကိုပြတာ၊
ဒါ ဘာမှလုပ်ရတာ မဟုတ်ဘူး၊ ချေးထားရုံ သက်သက်ပဲရှိသေးတယ်၊

'“ဒါကြောင့်မို့ ပိန်ကြုံသော ပိုက်ဆံအိတ် ပြည့်တင်းလာစေအောင် ကုစားပေးမယ့် တတိယဆေးနည်းကတော့ ကိုယ်စုဆောင်းမိတဲ့ အသပြာငွေဒင်္ဂါးတိုင်းကို ကွဲျနွား များ သဖွယ်ထိန်းကျောင်းခိုင်းစေဘို့ သူတို့ရဲ့အမျိုးအနွယ်တွေ ထပ်ဆင့် ပေါက်ဖွားပေးစေ ဖို့ အဲဒီနည်းအားဖြင့် ခင်ဗျားတို့ရဲ့ငွေအိတ်ထဲကို ဓနကြေးငွေတွေတသွင်သွင်စီး ဝင်စေဖို့ စီမံဖန်တီးရေးပဲလို့ပြောချင်ပါတယ်၊”


စတုတ္ထသင့်ဓနဥစ္စာများ မဆုံးပါးရအောင် ထိန်းသိမ်းကာကွယ်ပါ

“'ကံကြမ္မာဆိုးဆိုတာတွေက တောက်ပတဲ့ပစ္စည်းမျိုးကို နှစ်သက်လေ့ရှိတယ်၊ဒါ့ကြောင့်မို့ အိတ်ထဲမှာ ရွှေတိုငွေစရှိလာရင် အဲဒါကိုမပျောက်ပျက်အောင် ဂရုတစိုက် ထိန်းသိမ်းကာကွယ်ဖို့လိုတယ်၊ ဒါမှာလည်းအလေ့အကျင့်လိုတယ်၊ အိတ်ထဲမှာ နည်း နည်းပါးပါးရှိစဉ်ကစပြီး လေ့ကျင့်ထားမှ နောင်တစ်နေ့များများရှိလာတဲ့အခါ ထိန်းသိမ်း တတ်မယ်'”

ဤသည်က စတုတ္ထနေ့သင်တန်းအစတွင် အာခတ်ပြောကြားသောစကားဖြစ်သည်။
'“အိတ်ထဲမှာ ရွှေတိုငွေစရှိတဲ့လူတိုင်း စွဲဆောင်ဖြားယောင်းခံရစမြဲပဲ၊ ဘယ်လုပ်ငန်း ထဲရင်းလိုက်ရင်တော့ အကျိုးအမြတ်တွေ ဘယ်လောက်ကြီးရသွားမယ်ဆိုတဲ့ အခွင့် အရေးမျိုးတွေပေါ့၊ အထူးသဖြင့်မိတ်ဆွေတွေ ဆွေမျိုးသားချင်းတွေ ကိုယ်တိုင်လုပ်နေ တဲ့ အလုပ်မျိုးတွေ၊ ဒီနေရာမှာ ကျွန်တော်အလေးထားပြောချင်တာက ရင်းနှီးမြှုပ်နံှမှုပြု တဲ့နေရာမှာ ပထမဆုံးသတိပြုရမယ့်အချက်က ခင်ဗျားရဲ့ရင်းနှီးငွေလေး ပျောက်ပျက်မ 

သွားရေးဘဲ၊ အကျိုးအမြတ်အများကြီးရနိုင်တယ် ဒါပေမယ့် ကိုယ့်ငွေရင်းလည်း ပြုတ် ချင်ပြုတ်သွားနိုင်တယ်ဆိုရင် ကျွန်တော်ကတော့အဲဒီလိုလုပ်ငန်းမျိုးမှာ မရင်းနှီးဘူး၊ ရင်းနှီးမြုပ်နံှမှုမပြုခင် ကိုယ့်ငွေလေးထည့်မပေးလိုက်ခင် အဲဒီလုပ်ငန်းကို ဂရုတ စိုက်လေ့လာဖို့လိုတယ်၊ ကိုယ့်ငွေပြန်ရနိုင်မရနိုင် သေချာအောင် လုပ်ဖို့လိုတယ်   နေ့ချင်းညချင်းချမ်းသာချင်စိတ်နဲ့စွပ်မလုပ်ရဘူး၊”



“'လူတစ်ယောက်ယောက်ကို ချေးငှားမယ်ဆိုရင်လည်း ဒီလူပြန်ဆပ်နိုင် မလား ၊ ငွေကြေးနဲ့ပတ်သက်ရင် ကတိတည်တဲ့ အစဉ်အလာရှိရဲ့လား၊ ကိုယ်ပင်ပင်ပန်းပန်း ရှာဖွေစုဆောင်းထားတာလေး သူ့ကိုလက်ဆောင်သွားပေးသလို စသဖြင့်ကြို တင် စဉ်းစားသင့်တယ်၊  လုပ်ငန်းနယ်ပယ်တစ်ခုမှာ ကျရောက်နိုင်တဲ့အန္တရာယ်တွေ အကြောင်း သိကျွမ်းအောင် အရင်လေ့လာထားဖို့လိုတယ်၊.ကျွန်တော်ပထမစုငွေေ လး တိုးပွားအောင်လုပ်တုန်းကတော့ လုံးဝအရံှူးနဲ့ရင်ဆိုင်ခဲ့ရတယ်၊တစ်နှစ်လုံး

ခြိုးခြိုးခြံခြံနဲ့ စုဆောင်းလာခဲ့သမျှကို ကျွန်တော်အုတ်ဖုတ်သမား အက်ဇမူးလက်ထဲ ထည့်လိုက်တယ်၊ အက်ဇမူးက ဟိုးပင်လယ်ရပ်ခြား တိုင်ယာမြို့ကို ကုန်ရောင်း ကုန် ဝယ်သွားမှာ၊ အက်ဇမူးက ဟိုမှာရှိတဲ့ဖီနီရှန်တွေဆီက ရှားပါးကျောက်မျက်ရတနာတွေ ကျွန်တော့်ငွေနဲ့ဝယ်လာပေးမယ်၊ ဒီမှာ ပြန်ရောင်းလို့ရတဲ့အမြတ်ကို တစ်ယောက် တစ်ဝက် ယူမယ်လို့သူနဲ့ကျွန်တော် သဘောတူကြတယ်၊ ဒါပေမယ့် သူ့ဖီနီရှန်တွေ က လူလိမ်တွေပဲ၊ ပုလင်းကွဲတွေ ညာပြီးရောင်းထည့်လိုက်တယ်၊ ကျွန်တော့်စုငွေလေး အဲဒီမှာပြောင်တာပဲ ၊လုပ်ငန်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံအများကြီးရှိလာပြီးတဲ့ ဒီကနေ့မှာတော့ အုတ်ဖုတ်သမားကို ကျောက်ဝယ်ခိုင်းတာ ဘယ်လောက်ရူး ရာရောက်သလဲ ကျွန်တော်သိပြီဗျာ၊”

'“ဒါကြောင့်မို့ ခင်ဗျားတို့ကိုလည်း ကျွန်တော့်အတွေ့အကြုံကရလာတဲ့ အသိဉာဏ်တွေ အရအကြံပေးချင်တယ်၊ရင်းနှီးမြုပ်နံှတယ်ဆိုတာ ကိုယ့်ငွေရင်းဆုံးရံှုးသွားနိုင်တဲ့ အန္တရာယ်တွေအမြဲရှိတယ်၊ အဲဒီတော့ ကိုယ့်အသိအမြင်လေး နည်းနည်းကို လုံလောက်ပြီ အထင်နဲ့ အရဲကိုးပြီးမလုပ်နဲ့၊ လုပ်တတ်ကိုင်တတ်တဲ့လူတွေ ၊ လုပ်ငန်း အကျိုးအမြတ်ခံစားနေကြတဲ့ ပုဂ္ဂိုလ်တွေသွားမေးရင် အကြံကောင်းဉာဏ်ကောင်းတွေ အခမဲ့ရလေ့ရှိပါတယ်၊ အဲဒီအကြံဉာဏ်တွေဟာ ခင်ဗျားရင်းနှီးမြုပ် နံှမယ့် ငွေရင်း
လောက်ကို တန်ဖိုးရှိနိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီအကြံဉာဏ်လေးသာ မရခဲ့ဘူးဆိုရင် အဲဒီငွေရင်းအားလုံး ဆုံးရှုံးတဲ့အဖြစ်မျိုး  ကြုံချင်ကြုံရနိုင်တာကိုး၊”


“'ဒါကြောင့်မို့ခင်ဗျားတို့ရဲ့ပိန်ကြုံတဲ့ပိုက်ဆံအိတ်ပြည့်တင်းလာစေဖို့အဲဒီပြည့်တင်း

စအိတ်ကလေး ပြောင်သလင်းခါမသွားအောင် စောင့်ရှောက်ကာကွယ်ဖို့အထောက် အကူပြုမယ့် စတုတ္ထဆေးနည်းက ခင်ဗျားတို့ရဲ့ ငွေရင်းကိုစိတ်ချရတဲ့ဌာနမျိုး အလိုရှိ တဲ့အခါ ပြန်လည်ရယူနိုင်မယ့် နေရာမျိုး သင့်တင့်တဲ့အကျိုးအမြတ် မုချရရှိနိုင်မယ့် ကဏ္ဍမျိုးမှာသာမြှုပ်နံှဖို့နဲ့ လုပ်ငန်းအတွေ့အကြုံရှိသူများကို တိုင်ပင်နှီးနှောပြီး သူတို့ ထံက အကြံကောင်းဉာဏ်ကောင်းများကို ရယူအသုံးပြုဖို့ပဲ ဖြစ်တယ် လို့ကျွန်တော် ဆိုချင်ပါတယ်၊'

ပဉ္စမ၊ကိုယ်ပိုင်အိမ်တည်ဆောက်ခြင်းကိုအကျိုးအမြတ်ရှိသော ရင်းနှီးမြှုပ်နံှမှုတစ်ခုအဖြစ် ဆောင်ရွက်ပါ။


ပဉ္စမနေ့သင်တန်းတွင် အာခတ်က စကားစတင်သည်။

“'ကိုယ့်ဝင်ငွေရဲ့ဆယ်ပုံတစ်ပုံကို စားဝတ်နေမှုနဲ့ တခြားချမ်းသာပျော်ရွှင်မှု ကိစ္စတွေ အ တွက်လျာထားသတ်မှတ်ထားတဲ့ လူတစ်ယောက်ဟာ အကယ်၍ အဲဒီဆယ်ပုံ ကိုးပုံ ထဲမှာမှ တစ်စိတ်တစ်ဒေသကို ရင်းနှီးမြှုပ်နံှဖို့ဖဲ့ယူဦးမယ်ဆိုရင် သူ့ရဲ့ဓနဥစ္စာတွေဟာ တခြားသူများထက်ပိုပြီး လျင်လျင်မြန်မြန် တိုးတက်လာမှာ သေချာတယ်၊'”

“'အဲဒီလိုတိုးချဲ့ခန့်ခွဲထားတဲ့ ရင်းနှီးမြှုပ်နံှငွေကို အသုံးပြုဖို့အသင့်တော်ဆုံး နေရာတစ် ခု ရှိတယ်၊အဲဒါက ကိုယ်ပိုင်အိမ်ယာပဲ၊ ကျွန်တော်တို့ဘေဘီလုံ မှာရှိတဲ့ မြို့သူမြို့သား အများအပြားဟာ နေထိုင်ရတဲ့ အိုးအိမ်နေရာတွေ မကောင်းကြဘူး၊ အိမ်လခတွေ အဆမတန်ပေးကြရပြီး အခန်းလေးတွေကျတော့ အင်မတန်ကျဉ်းမြောင်းကြတယ်၊ အိမ်ရှင်မများ စိတ်ရွှင်လန်းစရာ သစ်ပင်ပန်းမန် စိုက်ဖို့အတွက် ပန်းအိုးတစ်လုံးစာနေ ရာတောင် မရနိုင်ကြဘူး၊ ကလေးတွေဆိုရင် ညစ်ပတ်တဲ့ လမ်းကြိုးလမ်းကြားတွေ ထဲမှာဘဲ ကစားကြရတယ်၊'”

“'ကလေးအတွက် လွတ်လွတ်လပ်လပ် ဆော့ကစားစရာ ကွက်လပ်မရှိဘူး၊ အိမ်ရှင် မတွေအတွက် သီးပင်ပန်းပင်စိုက်စရာမြေနေရာ မရှိဘူးဆိုရင် မိသားစုတစ်စုဟာ ဘယ်သာယာချမ်းမြေ့မှုတွေ ပြည့်ပြည့်ဝဝ ခံစားနိုင်မှာမဟုတ်ဘူး။'”

'အလားတူ မိသားစုရဲ့အကြီးအကဲ ယောကျာ်းတစ်ယောက်အနေနဲ့လည်း ကိုယ့်အိမ် ကိုယ့်ခြံက ထွက်လာတဲ့အသီး ကိုယ်တိုင်ခူးဆွတ်စားသုံးရတာမျိုး ကိုယ့်စပျစ်ခင်းက စပျစ်သီးနဲ့ ဝိုင်အရက်ပြုလုပ်သောက်သုံးနိုင်တာမျိုးရှိတဲ့အခါ ဘယ်လောက် စိတ်ချမ်း သာစရာ ကောင်းသလဲ၊ ကိုယ့်အိုးအိမ်ကိုကိုယ် ပိုင်ဆိုင်မယ် ဝမ်းမြောက်ဂုဏ်ယူ စွာ   

ပြုစုပျိုးထောင်နိုင်မယ်၊ကိုယ်ပိုင်ခြံဝင်း ရှိမယ်ဆိုရင် လူတစ်ယောက်ဟာ ကိုယ့်ကို ကိုယ်ယုံကြည်မှု ရှိလာတယ်၊ ဒါကြောင့်မို့ခင်ဗျားတို့အားလုံး ကိုယ်နေတဲ့အိမ် ကိုယ် ပိုင် ဆိုင်အောင် သို့မဟုတ် ကိုယ်ပိုင်အိမ်တစ်ခုရရှိအောင် ရည်မှန်းချက်ထားပြီး ကြိုးစားဖို့ကျွန်တော်တိုက်တွန်းချင်တယ်၊'”

“'အဲဒီလို ကိုယ်ပိုင်အိမ်ယာတစ်ခု ရဖို့ဆိုတာဟာ သိပ်ခက်ခဲတဲ့ကိစ္စလားဆိုတော့ မဟုတ်ပါဘူး၊ ရည်ရွယ်ချက် ခိုင်ခိုင်မာမာရှိတဲ့ ဘယ်ပုဂ္ဂိုလ်အတွက် မဆို ဖြစ်နိုင်တဲ့ အရာတစ်ခုပါ၊အခုဆိုရင် ကျွန်တော်တို့ရဲ့ဘုရင်မင်းမြတ်က ဘေဘီလုံမြို့တော်ရဲ့  နယ်နိမိတ် တံတိုင်းကို အများကြီးတိုးခဲျ့ပေး လိုက်တော့ မြို့ဧရိယာ အတွင်းမှာကို မြေ လွတ်မြေလပ်တွေ အများကြီးရှိနေပြီ၊ အင်မတန်မှကို သင့်တင့်လျှောက်ပတ်တဲ့ နှုန်းထားနဲ့အိမ်မြေတွေ ဝယ်လို့ရနိုင်ပါပြီ၊'”


“'အိမ်ဆောက်ဖို့ကိစ္စနဲ့ပတ်သက်လို့လည်း ငွေချေးတဲ့လူတွေရှိတယ်၊ ဒီလူတွေက ကိုယ့်မိသားစုအတွက် ကိုယ်ပိုင်အိုးအိမ်တစ်ခု ဆောက်လုပ်ချင်တဲ့ပုဂ္ဂိုလ်မျိုးကို အသိ အမှတ်ပြုကြပါတယ်၊ အုတ်သဲစတဲ့ အိမ်ဆောက်ပစ္စည်းတွေဝယ်ယူဖို့ဆောက်လုပ်ရေး သမားတွေကို အခကြေးငွေပေးဖို့အတွက် ချေးငှားလို့ရပါတယ်၊ တစ်ခုပဲရှိတယ်၊ စုစု ပေါင်း ကုန်ကျ စရိတ် ရဲ့ ရာခိုင်နှုန်း ဘယ်ရွေ့ဘယ်မျှတော့ ခင်ဗျားတို့ဘာသာစု ဆောင်းထားရှိပြီးဖြစ် ကြောင်းပြနိုင်ဖို့လိုတယ်၊ ဒီအိမ်ဖိုးကျေတဲ့ အထိ ပေးဆပ်သွား 
နိုင်မယ့် လူဖြစ်ကြောင်း သူသိမှတ်ယုံကြည်သွားနိုင်ဖို့လိုတယ်လေ”

'“ကိုယ့်မှာရှိတဲ့အခြေခံရယ် သူ့ဆီကချေးငွေရယ်နဲ့ အိမ်ဆောက်ပြီးတဲ့အခါ အရင်တုန်း က အိမ်ရှင်ကို ပေးနေရတဲ့အိမ်လခတွေဟာ ကိုယ်ပိုင်အိမ်အတွက် အရစ်ကျဆပ်ငွေ ဖြစ်သွားမယ်၊ လိုအပ်ရင် နည်းနည်းထပ်ဖြည့်ရမှာပေါ့၊ နှစ်အတော်ကြာတဲ့အခါ ကြွေး ကျေသွားမယ်၊ အဲဒီအခါ ဘယ်လောက် စိတ်ချမ်းသာစရာကောင်းမလဲ၊ တန်ဖိုးကြီး မားတဲ့ ပစ္စည်းတစ်ခု ကိုယ့်ကိုယ်ပိုင်ဖြစ်သွားပြီ၊ ရှင်ဘုရင်ကို အိမ်ခွန်မြေခွန် ပေးရတာ ကလွဲလို့ တခြားဘာတာဝန်မှမရှိဘူး၊ မိန်းမကမြစ်ဆိပ်မှာ အဝတ်သွားလျှော် တိုင်း ရေ အိတ်နဲ့ ရေခတ်လာခဲ့၊ ခြံထဲစိုက်ပျိုးထားတဲ့ အပင်လေးတွေကို ရေလောင်း၊ အသီးအနံှ
 ဖြစ်လာတော့ ခူးဆွတ်စား၊ ကြည့်စမ်းဘယ်လောက် စိတ်ချမ်းသာစရာကောင်းသလဲ၊ ကိုယ်ပိုင်အိမ်ရှိတဲ့ လူတစ်ယောက်ရရှိနိုင်တဲ့ ချမ်းသာသုခတွေ အမြောက် အမြားပါ၊”


“ဒီထဲမှာ အရေးအကြီးဆုံးအချက်တစ်ခုက အိမ်လခ မပေးရတော့တဲ့အတွက်  ကိုယ့် ဝင်ငွေအများကြီး အဖတ်တင်ခြင်းပဲ၊ လိုအပ်ချက်တွေအတွက် သုံးနိုင်တယ်၊အလို ဆန္ဒတွေ တိုးတက်ဖြည့်ဆည်းနိုင်တယ်၊ စုဆောင်းငွေတွေ ရင်းနှီးမြှုပ်နံှငွေတွေ တိုးချဲ့ ခန့်ခွဲလာနိုင်တယ်၊ ဒါကြောင့်မို့လို့ ပိန်ကြုံနေသောပိုက်ဆံအိတ် ပြည့်တင်းလာစေ ဖို့ ပဉ္စမနည်းလမ်းက ကိုယ်ပိုင်အိမ်ယာတစ်ခုရရှိ လာအောင် ဆောင်ရွက်ရေး ပဲလို့ ကျွန်တော်ဆိုလိုက်ချင်ပါတယ်”

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း (၁)
ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း(၂)
ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း( ၃ )
ဓန ဥပေဒသငါးရပ္ (ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်)
ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း( ၄ )

Subscribe Us