Saturday, May 03, 2014

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း( ၄ )


ဒုတိယနည်းလမ်း သို့မဟုတ် ငွေကြေးသုံးစွဲမှုနှင့် စပ်လျဉ်းသည့် အရေးကြီးသော နည်းနာတစ်ရပ်

'“ခင်းဗျားတို့အထဲက တစ်ချို့ပုဂ္ဂိုလ်တွေ ကျွန်တော့်ကိုမေးပါတယ်၊ ကိုယ်ရတဲ့ဝင်ငွေ အားလုံး သုံးတာတောင် လိုအပ်ချက်တွေ မပြည့်စုံ နိုင်သေးတဲ့ လူတစ်ယောက်နေ နဲ့ဝင်ငွေဆယ်ပုံတစ်ပုံကို ဘယ်လိုစုဆောင်းနိုင်မှာလဲ'”....တဲ့။

ဒုတိယနေ့သင်တန်းအစမှာ အာခတ်ကယင်းသို့ စကားအစပျိုးလိုက်သည်။

“'ကဲခင်ဗျားတို့အထဲမှာ မနေ့တုန်းက ပိုက်ဆံအိတ်ပိန်နေတဲ့လူ ဘယ်နှစ်ယောက်ရှိ သလဲ '”

“'အားလုံးပါပဲ'”....သင်တန်းသားများ ဖြေကြသည်။

'“ဟုတ်ပြီ၊ အားလုံးပိုက်ဆံအိတ်ပိန်ကြတယ်၊ ဒါပေမယ့်ရတဲ့ ဝင်ငွေချင်းကျတော့ မတူ ကြဘူးမဟုတ်လား၊ တချို့ကတခြား လူတွေထက် အများကြီးပိုရတယ်၊ ဒါပေမယ့် အဲဒီ လိုဝင်ငွေတွေ မိသားစုအခြေအနေတွေမတူတဲ့ကြားက အိတ်ထဲမှာပိုက်ဆံမကျန် တာ ချင်း ကျတော့တူနေကြတယ်၊ အဲဒါဘာကြောင့်လဲ၊ ဒီနေရာမှာငွေကြေး သုံးစွဲမှုနဲ့ ပတ် သက် တဲ့ သတိပြုစရာအချက်တစ်ခု ကျွန်တော်ပြောချင်တယ်၊ ဒါကဘာလဲဆိုတော့ ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ထိန်းချုပ်မှု မပြုဘူးဆိုရင်ကျွန်တော်တို့ ရဲ့မသုံး မဖြစ်ဆိုတဲ့ ကိစ္စတွေအတွက် ကုန်ကျငွေဟာ တိုးတက်လာတဲ့ ကျွန်တော်တို့ဝင်ငွေနဲ့ အမှီလိုက်ပြီးတက်နေမယ်ဆိုတဲ့အချက်ဘဲ'”


'“လိုအပ်ချက်နဲ့ အလိုဆန္ဒကို မရောထွေးကြစေချင်ဘူး၊ ဘယ်သူမဆို ဘယ်မိသားစု မဆို လိုအင်ဆန္ဒတွေကကိုယ့်ဝင်ငွေအရ ဖြည့်စွမ်းနိုင်တာထက် ပိုနေတာချည်းပဲ၊ ဒါကြောင့်မို့ ကိုယ်ရှိတဲ့ငွေကို ကုန်အောင်သုံးတဲ့တိုင်မပြည့်ဝနိုင်သေးတဲ့ လိုအင်ဆန္ဒတွေက ရှိမြဲရှိနေတာ၊'”


'“လူတိုင်းလူတိုင်းဟာ ကိုယ်ဖြည့်ဆည်းနိုင်စွမ်းရှိတာထက် ပိုပြီးကြီးမားလေးလံတဲ့ အလို ဆန္ဒဝန်ထုပ် ဝန်ပိုးတွေကိုထမ်းပိုးထားရတယ်၊ ဥပမာ ကျွန်တော် ဆိုပါတော့၊ ဥစ္စာ ဓနကြွယ်ဝတဲ့ပုဂ္ဂိုလ်အဖြစ် ခင်ဗျားတို့မြင်ကြတယ်၊ ဒါပေမယ့် အဲဒီလိုကြွယ်ဝတဲ့အ တွက် ကျွန်တော့်မှာ လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနေပြီလို့ယူဆရင် ခင်ဗျားတို့မှားတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အစစအရာရာ အကန့် အသတ်တွေ ရှိနေ ကြတာကိုး၊ ကျွန်တော့်မှာအချိန်က အကန့်အသတ်နဲ့ဘဲရှိတယ်၊ခွန်အားလည်း အ ကန့် အသတ်နဲ့ပဲရှိတယ်၊ ခရီးသွားမယ်ဆိုရင်လည်း သွားနိုင်တဲ့အကွာအဝေး အ ကန့်အသတ်ရှိတယ်၊ စားတာမှာလည်း အကန့်အသတ်ရှိတယ်၊ တစုံတရာပျော်ရွှင် ခံစားမယ်ဆိုရင်လည်း အကန့်အသတ်ရှိတယ်၊'”


“'လယ်သမားရဲ့စိုက်ခင်းပြင်မှာ ကွက်လပ်ကျန်တဲ့နေရာမှန်သမျှ အမြစ်တွယ်လို့ ရ တဲ့နေရာမှန်သမျှ ပေါင်းပင်တွေ ပေါက်ကြသလို လူတွေမှာလည်း ဖြစ်နိုင် ခွင့်အလား အလာနည်းနည်းပါးပါးရှိတဲ့ အလို ဆန္ဒ မှန်သမျှဟာ ပေါက်ဖွားရှင်သန်နေကြတာပဲ၊  ဒါပေမယ့် အဆမတန်များပြားတဲ့ အဲဒီဆန္ဒတွေထဲက အနည်းငယ်လောက်ကိုသာ ခင်ဗျားတို့ခံစားနိုင်ကြတယ်၊ပြည့်ဝနိုင်ကြတယ်၊'”


“အဲဒီတော့ ကိုယ့်ရဲ့နေထိုင်ပုံ အလေ့အထတွေကို သေသေ ချာချာဝေဖန်စီစစ်ကြစေ ချင်တယ်၊ အဲဒီလိုစီစစ်ခြင်းအားဖြင့် အရင်တုန်းက မသုံးရင်မဖြစ်ဘူးလို့ ခံယူခဲ့တဲ့ တချို့ ကိစ္စတွေဟာ မသုံးရင်လည်းဖြစ်တယ်၊ဒါမှမဟုတ် လျော့သုံးလို့ရတယ် ဆို တာတွေ့လာလိမ့်မယ်၊ ကိုယ်သုံးစွဲလိုက်တဲ့ ပိုက်ဆံတစ်ပြားတိုင်းအတွက် တစ်ပြား ဘိုးပြည့်ပြည့်ဝဝရရှိစေဖို့ ဆိုတာကို လက်စွဲဆောင်ပုဒ်အနေနဲ့ထားဘို့လိုတယ်၊'”


“'အဲဒီတော့ ခင်ဗျားတို့ အလိုဆန္ဒရှိတဲ့အရာ၊ ပိုက်ဆံအကုန်အကျခံပြီး   ဆောင်ရွက်ချင် တဲ့အရာ စာရင်းကို ရွံှ့စေးစာချပ်မှာ ရေးထွင်းပါ၊ ပြီးရင် ဘယ်ဟာတွေကတော့ မလွဲ မသွေလိုအပ်တယ်၊ ဘယ်ဟာတွေကတော့ ဝင်ငွေရဲ့ဆယ်ပုံကိုးပုံဆိုတဲ့ သုံးစွဲ ခွင့်အ ကန့်အသတ်အတွင်း ဖြစ်နိုင်သေးရင် ဆောင်ရွက်မယ်၊ ဘယ်ဟာတွေကတော့ဖြင့်

လောလောဆယ် ဘယ်နည်းနဲ့မှ မတတ်နိုင်ဘူး၊ ကိုယ်ဖြည့်ဆည်းနိုင်စွမ်းမရှိတဲ့ များလှ စွာသော အခြားလိုအင်ဆန္ဒများ စာရင်းထဲမှာပဲ အဲဒါတွေပါ ထည့်သွင်းပြီး   မေ့မေ့

ပျောက်ပျောက် နေလိုက်တော့မယ် စသဖြင့် သတ်မှတ်ရွေးချယ်လိုက်ပါ၊'”


'“အဲဒီနည်းအားဖြင့် ခင်ဗျားတို့ရဲ့ ဘတ်ဂျက်ကို စီမံခန့်ခွဲပါ၊ ဝင်ငွေရဲ့ဆယ်ပုံတစ်ပုံကို လုံးဝမတို့ပါနဲ့ အဲဒါသည် ခင်ဗျားတို့ပိုက်ဆံအိတ် ပြည့်တင်း လာစေရေး အတွက်ပဲ   ဖြစ်ပါစေ၊ ပိုက်ဆံအိတ် ပြည့်တင်းလာစေရေး ဆိုတာကလည်း ခင်းဗျားတို့ရဲကြီးမား တဲ့ လိုအင်ဆန္ဒတစ်ခု ဖြစ်ပါစေ၊ ငွေကြေးသုံးစွဲမှုကို စောစောက ဘတ်ဂျက်ခွဲ တမ်းချ ထားတဲ့ ဘောင်အတွင်းပဲ အမြဲရှိနေအောင် ထိန်းညှိဆောင်ရွက်ပါ။ အဲဒါသည်ပင် ခင်ဗျား တို့ရဲ့ဖောင်းတင်းလာမယ့် ငွေအိတ်တွေ ပြန်လည်ပိန်ကျုံမသွားအောင် ထိန်း သိမ်းပေးမယ့် ပထမအစောင့်အရှောက်ဖြစ်ပါစေ၊'”


သည်အခိုက်မှာပင် သင်တန်းသားတစ်ဦးထလာသည်၊ အနီရောင်နှင့် ရွှေရောင်ဝတ်ရုံ ကို ဆင်ယင်ထားသည့်ပုဂ္ဂိုလ်၊သူကမေးသည်၊

“'ကျွန်တော်ဟာလွတ်လပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ၊ ကျေးကျွန်မဟုတ်သူတစ်ဦးနေနဲ့ ကျွန်တော့်မှာဘဝရဲ့သာယာချမ်းမြေ့စရာမှန်သမျှကို ခံစားပိုင်ခွင့်ရှိတယ်လို့ ယုံကြည် ပါတယ်၊အကယ်၍ ဘတ်ဂျက်တစ်ခုရဲ့ ထိန်းချုပ်မှုအောက်မှာ နေပြီး ကိုယ့်ငွေ ကိုယ်သုံး စွဲတဲ့ကိစ္စကို သူစီမံညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်နေရမယ်ဆိုရင် သူူ့ဆီမှာ ကျွန်ခံနေသလို ဖြစ်မနေဘူးလား၊သူ့ကြောင့်ကျွန်တော့်ဘဝမှာ စိတ်ချမ်းသာပျော်ရွှင် မှုတွေအများကြီး ယုတ်လျော့သွားမှာပေါ့၊ ကျွန်တော့်အနေအထားက ဝန်ထုပ်တွေ ထမ်းပြီး ခရီးသွားနေတဲ့ ဝန်တင်လားတစ်ကောင်နဲ့ ဘာမှမခြားဖြစ်သွားမှာပေါ့'

သူ့စကားအဆုံးတွင် အာခတ်ကမေးသည်။


“'ခင်ဗျားရဲ့ဘတ်ဂျက်ကို ဘယ်သူကရေးဆွဲမှာမို့လို့လဲ'”

“'ဒါတော့လည်း ကျွန်တော်ကိုယ်တိုင်ပဲ ရေးဆွဲရမှာပေါ့”' စောဒကတက်သူကဖြေသည်။

“'ဟုတ်ပြီ၊အဲဒီတော့ ခင်ဗျားပြောသလို ဝန်တင်လားပဲ ထားပါတော့၊ ဒီလားဟာ သူ့

ကျောပေါ်တင်မယ့်ဝန်ထုပ်ကိုသူကိုယ်တိုင် စီစဉ်ခွင့်ရှိမယ်ဆိုပါတော့၊ သူ့အတွက် အသုံးမဝင် အကျိုးမရှိတဲ့ အထည်အလိပ်တွေ ကော်ဇောတွေသူတင်မလား၊ ဘယ် တင်ပါ့မလဲ၊ သဲကန္တာရခရီးအတွက် သူ့မှာလိုအပ်မယ့် ကောက်ရိုး တို့ မြက်ခြောက် တို့တင်မယ်၊တခြားစားနပ်ရိက္ခာတင်မယ်၊ သောက်ရေတင်မယ်၊ ဒါပဲပေါ့'”


“'ဘတ်ဂျက်လို့ဆိုတဲ့ အဲဒီလိုငွေကြေးကို စနစ်တကျခန့်ခွဲသုံးစွဲမှုတစ်ခုရဲ့ ရည်ရွယ် ချက်က ကိုယ့်ပိုက်ဆံအိတ်ပိန်မသွားရေး၊ တစ်နေ့တခြား ပြည့်တင်းလာရေးပဲ၊ သူ့အ လုပ်ကခင်ဗျားမှာ မဖြစ်မနေလိုအပ်တဲ့ဟာတွေရယ်၊ တခြားအလို ဆန္ဒတွေထဲ က   ဖြစ်နိုင်သမျှရယ်ကို ရရှိအောင် အထောက်အကူပေးဖို့ဘဲ၊ တစ်နည်းပြောရရင် တကယ် တမ်းနှစ်နှစ်ကာကာမရှိတဲ့ တစ်ဒင်္ဂ အလိုဆန္ဒတွေကြောင့် ခင်ဗျား ရဲ့ငွေကြေး စွမ်းအားတွေကုန်ခမ်းပြီး တကယ့်လိုအပ်ချက်တွေ၊ထိုက်တန်တဲ့ အလိုဆန္ဒတွေ မဖြည့် ဆည်းလိုက်ရတာမျိုး မဖြစ်အောင် ကာကွယ်ပေးဖို့အတွက် သူကရှိနေတာ၊ဘတ်ဂျက် ဆိုတာ မှောင်နေတဲ့ဂူထဲကို ထိုးပြလိုက်တဲ့ အလင်းရောင်တစ်ခုပါပဲ၊ ခင်ဗျားပိုက်ဆံ အိတ်ထဲက ငွေယိုပေါက်တွေကိုသူကပြလိမ့်မယ်၊ ယိုပေါက်တွေမြင်ရင်ပိတ်နိုင်ပြီပေါ့၊ တကယ်အကျိုးရှိမယ့် ကိစ္စရပ်တွေအတွက် ငွေကို စနစ်တကျ သုံးစွဲတတ်ဖို့ သူက   အထောက်အကူပေးလိမ့်မယ်'”


“'အဲဒီတော့ ပိန်ကျုံနေတဲ့ပိုက်ဆံအိတ် ပြည့်တင်းလာအောင် ကုစားပေးမယ့် ဒုတိယဆေးနည်းကတော့အဲဒီဘတ်ဂျက်ပဲ၊ ငွေကြေးကိုစနစ်တကျ ခန့်ခွဲသုံးစွဲခြင်းပဲ၊ ခင်ဗျား တို့မှာ မဖြစ်မနေသုံးစွဲရမယ့် ကိစ္စတွေအတွက် ငွေကြေးသတ်သတ်မှတ်မှတ်ရှိဖို့ အဓိပ္ပါယ်ရှိသော အလိုဆန္ဒတွေ လျောက်ပတ်သော ချမ်းသာပျော်ရွှင်မှုတွေအတွက်အကုန်အကျခံနိုင်ဖို့အဲဒီသုံးစွဲမှု နှစ်ရပ်ပေါင်းသည် ခင်ဗျားတို့ဝင်ငွေရဲ့ ဆယ်ပုံကိုး ပုံဆို တဲ့ ဘောင်အတွင်းမှာရှိဖို့ဘတ်ဂျက်ကို စီစဉ်ရေးဆွဲပါ၊ ပြီးတော့ အဲဒီအတိုင်း လိုက်နာ ကျင့်သုံးပါ”





Subscribe Us