Wednesday, April 30, 2014

ဓန ဥပေဒသငါးရပ္ (ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်)



၁. ဓနဥစ္စာဟူသည် မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက်မနည်းသောငွေကို မိမိ နှင့်မိသားစု၏ အနာဂတ်အတွက် ချန်လှပ်သိမ်းဆည်းတတ်သူ ထံသို့သာ ဝမ်းမြောက် ပျုငှာစွာ ရောက်ရှိလာတတ်မြဲဖြစ်သည်။


၂. ဓနဥစ္စာဟူသည် ယင်းအား အကျိုးဖြစ်အောင် ခိုင်းစေတတ်သောသူအတွက် ကျိုးနွံ ကျနပ်စွာ အားထုတ်လုပ်ကိုင်ပေးစမြဲဖြစ်သည် ၊ ထိုသူ၏လက်၌ သိုးအုပ်နွား အုပ်များ  သဖွယ် အဆတိုးပွားများပြားလာတတ်သော သဘောရှိပေသည်။



၃. ဓနဥစ္စာဟူသည် ယင်းအား ဂရုတစိုက်ရင်းနှီးမြုပ်နံှမှုပြုသူ ကျွမ်းကျင်လိမ္မာသော သူတို့၏ အကြံဉာဏ်ကို ရယူလုပ်ကိုင်သူများထံ၌သာ တွယ်ကပ်ခိုလှုံနေတတ်ကြသည်။

၄. ဓနဥစ္စာဟူသည် မိမိလဲမကျွမ်းကျင် ၊ ကျွမ်းကျင်သူတို့လည်း အားမပေးသောအလုပ် မျိုးတွင် ရင်းနှီးမြှုပ်နံှသောသူတို့ထံမှ လျှောကျပျောက်ကွယ် သွားတတ်စမြဲဖြစ်သည်။


၅. ဓနဥစ္စာဟူသည် ယင်းမှလွန်ကဲလှသောအမြတ်အစွန်းမျိုုးကို မျှော်မှန်းသူများ ၊ လူ လိမ် လူညာတို့၏ဖြားယောင်းသွေးဆောင်မှုနောက် လိုက်ပနားယောင်တတ်သူများ ၊ အတွေ့အကြုံနည်းပါးကာ စိတ်ကူးယဉ်ယဉ်ဖြင့် မဆင်မခြင် ရင်းနှီးမြှပ်နံှမှုပြုသူများ ထံ မှ ရှောင်ခွာထွက်ပြေးသွားတတ်စမြဲဖြစ်သည်။




Subscribe Us