Wednesday, May 07, 2014

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း( ၆ )


ဆဌမ၊အနာဂတ်အတွက် ဝင်ငွေသေချာအောင် ဆောင်ရွက်ရေး၊

ဆဌမနေ့သင်ခန်းစာကို အာခတ်က ဤသို့စတင်သည်။

“'လူတိုင်းရဲ့ဘဝဟာ ကလေးသူငယ်အဖြစ်က စတင်ပြီး အိုမင်းရင့်ရော်ခြင်းနဲ့ အဆုံး သတ်ရတယ်၊မအိုခင်ကွယ်လွန်သွားတဲ့ လူများကလွဲရင် ဒါဟာအားလုံးရဲ့သွားရာလမ်းကြောင်းပဲ၊ အဲဒီတော့ လူတိုင်းလူတိုင်းမှာ အိုစာမင်းစာရှာထားဘို့ဆိုတာဟာ မလွဲ မသွေလုပ်ရမယ့်ကိစ္စတစ်ရပ်ဖြစ်လာတယ်၊ နောက် တစ်ခုက စောစောကပြောသလို အရွယ်မတိုင်ခင် ကွယ်လွန်သွားတာမျိုးမတော်တဆဖြစ်ခဲ့သည်ရှိသော် ကျန်ရစ်သူ မိသားစု ဒုက္ခမရောက်ကြရလေအောင် ကြိုတင်ပြင်ဆင်မှုပြုထားဘို့လိုတယ်၊'”

“'ဓနဥစ္စာရှာဖွေတတ်လို့ ပိုပိုလံျှလံျှ ရရှိလာကြတဲ့လူများဟာ အနာဂတ်အတွက် ရင်း နှီးမြှုပ်နံှဘို့၊ ဒါမှမဟုတ် သိမ်းဆည်းသိုမှီးဘို့ ကြံစည်ကြရလိမ့်မယ်၊ ဒီနေရာမှာ နည်း လမ်းအသွယ်သွယ်ရှိပါတယ်၊ ရွှေငွေရတနာတွေကို အိုးတစ်လုံးထဲထည့်ပြီးမြေကြီး မှာ မြှုပ်ထားလို့လည်းရတယ်၊ ဒါပေမယ့် စိတ်မချရဘူး၊ ဘယ်လောက်လျှို့ ဝှက်မြှုပ် ထားတဲ့ ရတနာဖြစ်ဖြစ် မပြတ်အကဲခတ်နေတဲ့ သူခိုးသူဝှက်တွေရဲ့လက်ချက်မိသွား နိုင် တဲ့ အန္တရာယ်ရှိတယ်၊ ပြီးတော့ မြေမှာမြှုပ်ထားခြင်းအားဖြင့် ဘာမှတိုးပွား မလာ နိုင်ဘူး၊ ဒီအကြံအစည်မျျိုးကို ကျွန်တော်အားမပေးဘူး၊'”

“'အသက်ကြီးလာတဲ့အချိန် ကိုယ့်လက်ထဲ တစ်စုံတစ်ရာရှိအောင်ဆိုပြီး တချို့က မြေလေး ယာလေးဝယ်တယ်၊အိမ်တွေဝယ်တယ်၊ ဒါကျွန်တော်လက်ခံတယ်၊ အိမ်တို့   မြေယာတို့ဆိုတာ နောင်တစ်နေ့ ဘယ်နေရာကတော့ဖြင့် ဘယ်လိုတန်ဖိုးရှိ လာ နိုင်တယ် ဆိုတာကို တွက်ချက်မျှော်ကိုးပြီး ဝယ်ယူထားမယ်ဆိုရင် ကိုယ့်အတွက် တကယ်လိုအပ်တဲ့အချိန်ကြတော့ တန်ဖိုးအများကြီး ပိုပြီးရနိုင်တယ်၊ ဒီကြားထဲမှာ လည်း ငှားရမ်းခတို့လို ပုံမှန်ဝင်ငွေတွေ ရှိလာနိုင်သေးတယ်””

“'နောက်တစ်ခုက ငွေတိုးချတဲ့လူဆီမှာ အပ်ထားတာ၊ ကိုယ်တတ်နိုင်သလောက် အသင့်အတင့်စီ မှန်မှန်လေးအပ်သွား၊ အဲဒီကရတဲ့အတိုးကိုပါ အရင်းအဖြစ်ထပ်ဖြည့်၊ တဖြည်းဖြည်းနဲ့ ငွေလုံးငွေရင်း တစ်ခုဖြစ်လာမယ်၊ ကျွန်တော်သိတဲ့ ဖိနပ်ခုျပ်သမား တစ်ယောက်ရှိတယ်၊ အင်ဆန်ဆိုတာ၊ သူကျွန်တော့ကို ပြောပြဘူးတယ်၊ သူက ရှစ်နှစ်လုံးလုံး ငွေတိုးချေးသမားဆီမှာ တစ်ပတ်ကို ငွေဒင်္ဂါးနှစ်ပြား မှန်မှန်ပေးထား တယ်၊ မကြာခင်က ငွေချေးသမားက သူ့ကိုစာရင်းတွက်ပြလိုက်တော့ အရမ်းဝမ်းသာ အားရ ဖြစ်လာတယ်၊ သူ့စုငွေကိုငွေချေးသမားက လက်ရှိထုံးစံအတိုင်းလေးနှစ်မှာ   ငွေရင်းရဲ့ လေးပုံတစ်ပုံ အတိုးပေးတာဆိုတော့ အခုသူ့ငွေကို ပြန်ယူရင် အတိုးရော အရင်းပါ စုစုပေါင်း ငွေဒင်္ဂါးတစ်ထောင်နဲ့ လေးဆယ်ရမယ်တဲ့””

“'အဲဒီမှာ ကျွန်တော်ကလည်း ဂဏန်းတွက်တတ်တဲ့သူဆိုတော့ သူပိုပြီးအားတက်

အောင် ထပ်တွက်ပြလိုက်တယ်၊အခုအတိုင်းတပတ်မှာ နှစ်ပြားစီ သူနောက်ထပ်ဆက် စုမယ်ဆိုရင် ဆယ့်နှစ်နှစ်ကြာတဲ့အခါ စုစုပေါင်းငွေဒင်္ဂါး လေးထောင်တိတိ ရရှိ မယ်ဆို တဲ့အကြောင်း၊ အဲဒီလောက်စုဆောင်းမိသွားပြီ ဆိုရင်တော့ နောက်ပိုင်းမှာ ဘာအ လုပ်မှမလုပ်ဘဲ ထိုင်စားမယ်ဆိုရင်တောင် ဒီငွေနဲ့အေးအေးဆေးဆေး ထိုင်စားလို့ရ သွားပြီ၊””

“'ဒါကပိုက်ဆံအများကြီး ရှာလို့မရတတ်တဲ့ လူတစ်ယောက်ဟာတောင် နည်းနည်း ချင်း မှန်မှန်စုဆောင်းသွားရင် နောင်ရေး စိတ်အေးရနိုင်တယ် ဆိုတဲ့အကြောင်းပြော တာ၊ ဒါပေမယ့် ဒီနေရာမှာ ပိုပြီးအရေးကြီးတဲ့ အချက်တစ်ခုက တစ်ဖက်မှာ ဖိနပ်ချုပ် သမားလို ဝင်ငွေနည်းတဲ့လူတစ်ယောက်သည် ပင်ကြို တင်ပြင်ဆင်မယ်ဆိုရင် နောင် ရေးစိတ်အေးရနိုင်သလို နောက်တစ်ဖက် ကျပြန်တော့ ကြိုတင်ပြင်ဆင်မှုသာ မရှိဘူး ဆိုရင် ဒီကနေ့ဘယ်လောက်ဝင်ငွေကောင်းနေတဲ့ ပုဂ္ဂိုလ်ဖြစ်ဖြစ်၊ ငွေအရင်း အနှီး ဘယ်လောက်ကြီးမားသူဖြစ်ဖြစ် ကြီးရင့်အိုမင်းချိန်မှာ ဒုက္ခရောက်သွားနိုင်တယ်၊အကယ်၍ အရွယ်မတိုင်ခင် ကွယ်လွန်ခဲ့မယ်ဆိုရင် သူ့မိသားစုအားကိုးရာမဲ့ ဖြစ်သွား နိုင်တယ် ဆိုတဲ့အချက်ပဲ””


”'ဒီနေရာမှာ ကျွန်တော့်ခေါင်းထဲတွေးမိတာလေး တစ်ခုတောင် ပြောလိုက်ချင်သေး တယ်၊ တစ်နေ့ကျရင် လာဘ်မြင်တဲ့လူတွေက မိသားစုအရေး တွေးပူသူတွေအတွက် အဆင်ပြေမယ့်ငွေစုနည်းလေးတစ်ခု တီထွင်လာနိုင်တယ်၊ ခင်ဗျားလစဉ် ငွေနည်း နည်းစီသာ ကျွန်တော့ဆီမှန်မှန်အပ်ပါ၊ ဒီလိုအပ်ဆဲကာလမှာ ခင်ဗျားကွယ်လွန်ခဲ့သည် ရှိသော် မိသားစုအတွက် အထောက်အကူရမယ့် ငွေကြေးပမာဏ၊ ဘယ်လောက် ဘယ်ရွေ့ပါ့၊ အဲဒါကို သူတို့ကိုထုတ်ပေးပါ့မယ်၊အကယ်၍ဒီကြားထဲ ခင်ဗျားမသေဘဲ ကျွန်တော့်ဆီမှန်မှန်စုရင်း ခင်ဗျားကွယ်လွန်ရင် ကျွန်တော်ထုတ်ပေးရမယ့် ပမာဏ အထိပြည့်သွားခဲ့ရင်လည်း ခင်ဗျားငွေ ခင်ဗျားပြန်ယူပါ ဆိုတာမျိုး လုပ်လာနိုင်တယ်၊” 



“ဒီလူသေရင် မိသားစုဒုက္ခမရောက်စေရပါဘူးလို့ အာမခံရင်းနဲ့ဟိုလူ့စုငွေကရမယ့် အတိုးကို အပြန်အလှန်သဘော သူတို့ကစားတဲ့နည်းပေါ့။ဒီနည်းမျိုးပေါ်လာ မယ်ဆို ရင် ကျွန်တော်က သဘောကျတယ်။ လူတွေအတွက် အများကြီးစိတ်ချမ်းသာစရာ တစ်ခု ဖြစ်သွားမယ်၊ ဒါပေမယ့်ဒီနေ့တော့ မဖြစ်နိုင်သေး ဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီအလုပ်က လူ့သက်တမ်းတွေနဲ့ချီပြီး လုပ်ရမှာဖြစ် တယ်၊ သာစဉ်မြေးဆက် အဓွန့် ရှည်တည်တံ့ဖို့လိုတယ်၊ လုပ်ငန်းရှင်ကလည်း ရှင်ဘုရင်လောက်ယုံကြည်စိတ်ချရတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ဖို့လိုတယ်”

'“အဲဒီကတော့ ကျွန်တော့်ရဲ့စိတ်ကူးယဉ်မှုတစ်ခုပါ၊ ဒီကနေ့အဘို့မှာ ကျွန်တော်တတ် နိုင်တာ စောစောပိုင်းကျွန်တော် ပြောခဲ့တဲ့ အိုးအိမ်မြေယာ ဝယ်ယူစုဆောင်းတဲ့နည်း၊ အချိန်ကာလနဲ့အမျှ တဖြည်းဖြည်းတိုးပွားနေမယ့် နေရာမျိုးတွေမှာ ရင်းနှီးမြှုပ်နံှ တဲ့ နည်း၊ စတာတွေရှိပါတယ်၊ ဒီနည်းတွေအားဖြင့် မိမိကြီးရင့်အိုမင်းချိန်တွေမှာ ချို့တဲ့နွမ်း ပါးမနေအောင် ကာကွယ်နိုင်တယ်၊ မတော်တဆမိမိစောစီးစွာ ကွယ်လွန်ခဲ့ရင်လည်း ကျန်ရစ်သူမိသားစု ဒုက္ခမကြီးမားရအောင်  စောင့်ရှောက်ထောက်ကူနိုင်မှာဖြစ် ပါ တယ်၊”

“ဒါကြောင့်မို့ဒီကနေ့ ကျွန်တော်ပြောချင်တဲ့ ပိန်ကြုံသောအသပြာအိတ် ပြည့်တင်းရေး ဆိုင်ရာ ဆဌမနည်းလမ်းက ဘယ်သူမှပြေးမလွတ်နိုင်တဲ့ အိုနာသေဘေးအရေး ကိစ္စများအတွက် ကြိုကြိုတင်တင် ပြင်ဆင်ထားဘို့ပါပဲလို့ကျွန်တော်တင်ပြ ပါရစေ”

Subscribe Us