Monday, May 12, 2014

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း( ၉ )

တစ်ညမှာ အခွင့်အရေးတစ်ခု ကျွန်တော့်ဆီ ရောက်လာပါတယ်၊ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ အချိန်မျိုးပါ၊ ဒါ့ကြောင့်လည်းပဲ ဒီအခွင့်အရေးကို ကျွန်တော်လက်လွတ်ခဲ့တယ် လို့ ထင်ပါတယ်၊ နားထောင်ပြီးတဲ့အခါ ခင်ဗျားတို့ဆုံးဖြတ်ကြပါ၊ ''

တစ်နေ့ကျွန်တော်ကုလားအုတ်အရှာထွက်တဲ့ခရီးက ပြန်ရောက်လာတယ်၊ ခရီးက ဆယ်ရက်လောက်ကြာခဲ့တယ်ဗျာ၊ ပြီးတော့ အလုပ်လည်းမဖြစ်တော့ လူကစိတ်ခပ် ပျက်ပျက်နဲ့ပေါ့၊ အဲ့ဒါမြို့ထဲလဲ ဝင်ခါနီးရော မြို့တံခါးပိတ်သွားပြီဆိုတော့ အကြီးအ ကျယ် ဒေါသထွက်တာပေါ့ဗျာ၊ ဒါပေမယ့် ဘာတတ်နိုင်မလဲ၊ အခိုင်းအစေတွေကို ည အိပ်ဖို့အတွက် တဲတစ်လုံးမြန်မြန်ထိုးခိုင်းရတာပေါ့၊ ညစာလဲ မြို့ထဲရောက်မှ စားမ လို့  ရည်ရွယ်လာတာဆိုတော့ စားစရာမည်မည်ရရ မပါဘူးဗျာ၊ ရေတောင်ကောင်းကောင်းမရှိဘူး၊ အဲဒီလိုနဲ့စိတ်လဲပျက်၊ ဒေါသလည်းထွက်နေတဲ့အချိန် အသက်ကြီး ကြီး ပုဂ္ဂိုလ်တစ်ယောက် ကျွန်တော့်အနားရောက်လာတယ်၊ သူလည်းမြို့တံခါးပိတ်ချိန် မမှီလိုက်တဲ့ လူတစ်ယောက်ပါပဲ၊


“မိတ်ဆွေကြီးတဲ့”သူကစကားစတယ်၊

“မိတ်ဆွေကီးကြည့်ရတာ ကွဲျနွားကုန်သည်လို့ ထင်ပါတယ်၊ အကယ်၍ ဟုတ်ခဲ့ မယ်ဆိုလို့ရှိရင် ကျေးဇူးပြုပြီး ကျွန်တော့်သိုးအုပ်ကို ဝယ်စေချင်ပါတယ်ဗျာ” တဲ့၊ 


“ကျွန်တော့်သိုးတွေက သိပ်ကောင်းတဲ့သိုးတွေပါ၊ မကြာခင်ကမှ မောင်းလာခဲ့တာ၊ အမျိုးသမီးက အပြင်းဖျားတယ်ဆိုတော့ ကျွန်တော့်မှာ ဒါတွေစောင့်ရောင်းမနေ နိုင်တော့ ဘူး၊ အကယ်၍ မိတ်ဆွေသာဝယ်မယ်ဆိုရင် ကျွန်တော်ချက်ချင်းပဲ လှည့်ပြန်တော့မယ်'”လို့ဆိုတယ်၊

''သူပြောတဲ့အချိန် မှောင်ကလဲမှောင်နေပြီဆိုတော့ သိုးတွေသေသေချာချာ ကြည့်လို့တော့မရဘူးပေါ့ဗျာ၊ ဒါပေမယ့် အော်သံတွေ ကြားနေရတာနဲ့တင် အတော် ကြီးတဲ့သိုးအုပ်ဆိုတာတော့ သိနိုင်ပါတယ်”

'' ပြီးတော့ဆယ်ရက်လောက်ကုလားအုတ်လိုက်ဝယ်ပြီး မည်မည် ရရမရခဲ့တာ ဆိုတော့ သူနဲ့အရောင်း အဝယ်ဖြစ်ရင် မဆိုးဘူးလို့လည်း တွေးမိလိုက်တယ်၊ တကယ်စကားပြောကြတော့ သူ့မှာလည်း သူ့အပူနဲ့သူဆိုတော့ ဈေးမကိုင်ရှာဘူး၊ အတော့်ကိုသက်သာတဲ့ဈေးနဲ့ပေးတယ်၊ ဒါနဲ့ကျွန်တော်သဘောတူလိုက်တယ်၊ ကိုယ့်အလုပ်ကလဲ ဘာမှမရှိဘူးလေ၊ မနက်မြို့တံခါးဖွင့်ရင် ကျွန်တော့်လူတွေကို ဒီသိုးအုပ်မောင်းသွင်းခိုင်း၊ မြို့ထဲမှာရောင်းလိုက်ရင် အမြတ်ကအတော်များများ ကိုရမှာ သေချာနေတယ်၊ ကံပေးလို့ရတာ”

''ဒါနဲ့ ဈေးစကားပြတ်ပြီဆိုတဲ့အခါ ကျွန်တော့်လူတွေခေါ်ပြီး မီးတုတ်တွေညှိ မီးရောင် နဲ့သိုးတွေ ရေဘို့ခိုင်းတယ်၊ ပိုင်ရှင်ကတော့ သိုးကောင်ရေ ကိုးရာပါတယ်လို့ ဆို ထားတယ်၊ အဲဒါ သေချာအောင်လုပ်ရမှာကိုး၊ ဒါနဲ့တိုတိုဘဲဆိုကြပါစို့ သိုးတွေက အစာမစားရ ရေမသောက်ရ၊ မီးတုတ်တွေနဲ့လူတွေ ရုတ်ရုတ်သည်းသည်းဆိုတော့ သူတို့လည်းဂနာမငြိမ် ဟိုပြေးသည်လွှား ပတ်ချာလည်ပြီး ဘယ်လိုမှ ရေတွက်မ ရဖြစ်နေ တယ် အဲ့ဒါနဲ့ ကျွန်တော်ကပိုင်ရှင်ကိုပြောတယ်၊ ခင်ဗျားသိုးတွေ မနက်ကျ မှရေ မယ်ဗျာ၊ ပြီးရင်ငွေရှင်းပေးမယ်လို့ခပ်ပြတ်ပြတ်ပေါ့လေ ကျွန်တော်ကပြော လိုက်တယ်”

 ''ဟိုလူကတောင်းပန်တယ်ဗျ၊ 'အဲဒီလိုတော့ မလုပ်ပါနဲ့ဗျာ၊ ခင်ဗျား စိတ်မချရင် ကျွန်တော့်ကို ပိုက်ဆံ သုံးပုံနှစ်ပုံပဲချေလိုက်ပါ” 

 ''ကျွန်တော်ခု ညတွင်းချင်းပဲ ထွက်ချင်လို့ပါ၊ ကျန်တဲ့ငွေကို မနက်ပိုင်း သိုးကောင်ရေ တိတိကျကျရေတွက်ပြီးတဲ့အခါ ကျွန်တော့်တပည့်ကိုရှင်းပေးလိုက်ပါ၊ စိတ်အချရ ဆုံးတပည့်တစ်ယောက် ကျွန်တော်ထားခဲ့ပါ့မယ်တဲ့”

''ဒါပေမယ့်ကျွန်တော်က နည်းနည်းမှမလျှော့ဘူးဗျ၊ ဒီညတော့ပိုက်ဆံမပေးနိုင်ဘူးပဲ အပြတ်ငြင်းမိတယ်၊ နောက်နေ့မနက်ကျတော့ ကျွန်တော် အိပ်ယာက မထရသေး ဘူး မြို့တံခါးကြီးဖွင့်တော့ မြို့ထဲကသိုးဝယ်တဲ့ လူလေးယောက် အစောကြီးပေါက် ချလာပြီး သိုးတွေလုဝယ်ကြတာဗျ၊ မြို့ထဲမှာ ကောလဟာလတွေပြန့်နေတာ ကျွန်တော်ကမသိဘူး၊ ရန်သူလာတိုက်မယ်၊ မြို့ကြီးအဝိုင်းခံရနိုင် တယ်ဆိုတာမျိုးတွေပြောနေတော့ စားနပ်ရိက္ခာဈေးတွေ တအားတက်နေတယ်၊ သိုးတွေကိုဗျာ ကျွန်တော့် ကိုထိုးရောင်းတဲ့ဈေးထက် သုံးဆလောက်ပေးပြီးဝယ်သွားကြတယ်၊ ရှားရှား ပါးပါးကြုံတောင့်ကြုံခဲ ကံကြမ္မာကောင်းတစ်ခုဟာ လက်ထဲရောက်သလောက်ဖြစ်ပြီး မှ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်''

''မှတ်သားလောက်စရာ ဖြစ်ရပ်တစ်ခုပါပဲ'' အာခတ်ကမှတ်ချက်ချသည်။ 

''ကဲဒီဖြစ်ရပ်က ကျွန်တော်တို့ ဘာသင်ခန်းစာတွေ ထုတ်ယူလို့ရနိုင်မလဲ''

 ''ကိုယ့်အတွက် အကျိုးအမြတ်သိပ်သေချာနေတဲ့ အရောင်းအဝယ်မျိုးမှာ အမြန်ဆုံးငွေချေပြီး သေချာအောင်လုပ်လိုက်တာ အကောင်းဆုံးပဲဆိုတဲ့ သင်ခန်းစာတစ်ခု ရတာပေါ့'' 

မြင်းကုန်းနှီးပြုလုပ်ရောင်းချသည့် လုပ်ငန်းရှင်ကြီးတစ်ဦးက ဝင်ရောက်မှတ်ချက်ချ သည်။

“ဈေးတော်နေပြီ၊ အမြတ်အစွန်းသေချာနေပြီဆိုရင် ဘာထပ်ပြီးရှည်နေစရာအကြောင်း ရှိသလဲ၊ အဲဒါကိုယ့်အားနည်းချက်ကို ကိုယ်အလိုလိုက်နေတာ၊ ဒါမျိုးကို တားဆီးကာ ကွယ်ရမယ်၊ တခြားလူကိုသတိထားသလို ကိုယ့်အားနည်းချက်ကိုလည်း ကိုယ် သတိ ထားရမယ်၊ လူဆိုတာ ခုတစ်မျိုးတော်ကြာတစ်မျိုး စိတ်ပြောင်းသွားတတ်တဲ့ သဘော ရှိတယ်''

“အဲဒီလိုပြောင်းတာမှာမှ ပိုဆိုးတဲ့အချက်က မှန်နေတာကနေ အမှားဘက်ကို ပြောင်း တာဗျ၊ မှားနေပြီဆိုရင် တော်တော်နဲ့မပြောင်းဘူး၊ ခေါင်းမာမာနဲ့ ပေကပ်ခံနေတာ၊ ဂနာမငြိမ်တဲ့လူတွေမှာ စောစောကပြောသလို မှန်နေပြီးသားက အမှားဘက် ပြောင်း သွားတာမျိုးတွေများတယ်၊ ရစရာရှိတဲ့အခွင့်အရေးဟာ အဲဒီမှာသွားတာပဲ၊ ကျွန်တော် ဆိုရင် ပထမဆုံးချလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ အကောင်းဆုံး ဆုံးဖြတ် ချက်ဖြစ် တတ် တာထုံးစံပဲ၊ ဒါပေမယ့် အရောင်းအဝယ် တစ်ခုလုပ်တော့မယ်ဆိုရင် ကိုယ့်ဘက်က သာနေလျှက်နဲ့ ကျွန်တော်အမြဲ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်တယ်၊ စောစောကသိုးဝယ် တဲ့ ပုဂ္ဂိုလ်ဖြစ်တာဒါပဲ ''

“ဒါအားနည်းချက်၊ တစ်နည်းပြောရရင် မကောင်းတဲ့အကျင့်လေး၊ ဒါပေမယ့်နောက်ပိုင်းကျတော့ အဲဒီကိုယ့်အားနည်းချက်ကို ကိုယ်မြင်ပြီး ကျွန်တော် ကာကွယ် တယ်၊ အဲဒါကဘာလဲဆိုတော့ တိတိကျကျပြောဆိုပြီးတာနဲ့ ချက်ချင်း စရံငွေကောက်ပေးလိုက်တဲ့နည်းပဲ၊ ဒီနည်းနဲ့ ကိုယ့်အားနည်းချက်ကို ကိုယ်ကာ ကွယ်တော့မှ နောက်ပိုင်းမှာ ကံကြမ္မာကောင်းတွေ လက်ထဲရောက်ပြီးမှ ခုန်ထွက် သွား တယ်ဆိုတဲ့ နှမြောစရာဖြစ်ရပ်မျိုးတွေနဲ့ ကင်းဝေးသွားတော့တာပဲ၊''

''ကျေးဇူးတင်ပါတယ်ခင်ဗျား၊ ကျွန်တော့်ကို နောက်တစ်ကြိမ် စကားပြောခွင့်ပြုကြ ပါအုံး၊'' ဆီးရီးယားလူမျိုးက ထလာပြန်သည်။ 

''အခု ကြားခဲ့ရတဲ့ ဇာတ်လမ်းတွေက တစ်ဆင်တည်းချည်းပါပဲ၊ အခွင့်အရေး လက် လွတ် ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အတူတူပါ၊ စောစောက ကျွန်တော် တို့ပြော ခဲ့ကြတဲ့ ဖင့်နွဲ့မှု၊ အချိန်ဆွဲမှုပါပဲ၊ ရောက်လာတာက တစ်ကယ့်အခွင့်အရေး၊ တကယ့် ကံကြမ္မာကောင်း၊ ဒါပေမယ့် လက်ခံသူက အ ချိန်ဆွဲသမားဖြစ်နေတယ်၊ လက်ငင်းအ ချိန်ဟာ အကောင်းဆုံးအချိန်ပဲဆိုပြီး အမိအရ ဖမ်းမယူလိုက်ဘူး၊ အဲဒီတော့မရဘူး၊ မအောင်မြင်ဘူးပေါ့''

 ''ဟုတ်ပါတယ်...မိတ်ဆွေပြောတဲ့စကားတွေက အမြော်အမြင်ရှိတဲ့ စကားတွေပါ'' 

ကွဲျးနွားကုန်သည်ကဆိုသည်။

 ''စောစောက အဖြစ်အပျက်နှစ်ရပ်လုံးမှာ ကံကြမ္မာကောင်းတွေဟာ အချိန်ဆွဲမှုရဲ့ လက်က ထွက်ပြေးခဲ့တာချည်းပါပဲ၊ ဒါပေမယ့် ဒါဆန်းသလားဆိုတော့ မဆန်းဘူးဗျ၊ ကျွန်တော်တို့အားလုံးမှာ အချိန်ဆွဲတတ်တဲ့ စိတ်သဘာဝကိုယ်စီ ရှိနေကြတယ်၊ ချမ်းသာတာတော့ ကျွန်တော်တို့အားလုံး ချမ်းသာချင်တဲ့လူချည်းပဲ၊ ဒါပေမယ့် ချမ်းသာ ဖို့ အခွင့်အလမ်းပေါ်လာပြီဆိုတာနဲ့ကျွန်တော်တို့ကိုယ်ထဲက အချိန်ဆွဲတတ်တဲ သဘာဝက နိုးကြားထကြွလာပြီး လုပ်စရာရှိတဲ့အလုပ်ကို နေ့ရွှေ့ညရွှေ့ ရွှေ့ခိုင်းတော့ တာပဲ၊ သူ့စကားနားထောင်တဲ့အခါ ကျွန်တော်တို့မှာ ရန်သူ့စကားနားထောင် သလိုဖြစ်တာပဲ၊ ရန်သူမှာမှ အဆိုးဝါးဆုံး ရန်သူလိုဖြစ်နေတယ်'' 

“ကျွန်တော်ငယ်ငယ်တုန်းက ဒီသဘောကိုမသိဘူး၊ ဆီးရီးယားကမိတ်ဆွေ သိပ် သဘောကျတဲ့ ဖင့်နွဲ့တယ်၊ အချိန်ဆွဲတယ်ဆိုတဲ့ စကားလုံးမျိုးတွေနဲ့ ဆက်စပ် မစဉ်း စားမိဘူး၊ ကျွန်တော့်စိတ်မှာ စောစောက အရောင်းအဝယ်ကိစ္စလို ကျွန်တော် မအောင်မြင်ခဲ့တဲ့ဟာတွေအတွက် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်လွဲမှားမှုကိုပဲ အပြစ် တင်နေ မိတတ်တယ်၊ ငါဆုံ းဖြတ်ချက်မှားသွားတယ်၊ ဒါပဲ၊ နောက်ကျတော့ တစ်မျိုးပြောင်း စွပ်စွဲပြန်တယ်၊ ငါခေါင်းမာတာ၊ အ လွယ်တကူ အလျော့မပေးတတ်တာ၊ အဲဒီလို၊ ဒီအ ထိလဲမှားနေတာပေါ့လေ၊ နောက်ဆုံးကျတော့မှ အဖြစ်မှန်ကို ကျွန်တော်ရှင်းရှင်းမြင် တယ်၊ ထလုပ်ရမယ့်အချိန်မှာမလုပ်ဘဲ ရွှေ့ဆိုင်းနေတတ်တဲ့ ငါ့အကျင့်ကြီး ငါ့ချို့ယွင်း ချက် ကြီးကြောင့် အခွင့်အရေးတွေ ငါဆုံးရှုံးနေတာ၊ ဒါငါ့အပြစ်လို့အမှန်အတိုင်းမြင်တဲ့ အချိန်မှာ ကိုယ့်ကိုကိုယ် အကြီးအကျယ် ဒေါသဖြစ်တာ၊ ဒါပေမယ့် အဲဒီဒေါသစိတ် အဲဒီကိုယ့်အပြစ်ကြီး ကိုယ်မုန်းတီးတဲ့စိတ်တွေ ပြင်းထန်တဲ့အတွက်ကြောင့်ပဲကျွန်တော့်ကိုယ်ကျွန်တော် ပြတ်ပြတ်သားသားကြီး ပြင်ဆင်ဖြစ်ခဲ့တယ်၊ အဲ့ဒီစိတ်တွေ တွန်းပို့တဲ့အားနဲ့ပဲ အောင်မြင်မှုလမ်းကြောင်းပေါ် ကျွန်တော်ရောက်ခဲ့တယ်”

''ကျေးဇူးပြုပြီး ပထမဇတ်လမ်းပြောခဲ့တဲ့ မိတ်ဆွေကုန်သည်ကြီးကို မေးခွန်း တစ်ခုလောက်မေးခွင့်ပြုပါ'' 

ဆီးရီးယားမှ ပုဂ္ဂိုလ်ကပင် စကားစပြန်သည်။

“မိတ်ဆွေကြီးခင်ဗျား၊ မိတ်ဆွေကြီးကြည့်ရတာ အင်မတန်မှ သပ်ရပ်သားနာ စွာရှိ ပါတယ်၊ စကားပြောဆိုပုံကလည်း အောင်မြင်ကြီးပွားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရဲ့လက္ခဏာများအပြည့်ပါပဲ၊ ကျေးဇူးပြုပြီး အ ချိန်ဆွဲတဲ့ကိစ္စနဲ့ ပတ်သတ်ပြီးပြောစမ်းပါ၊ ဒီကနေ့ကာလမှာ မိတ်ဆွေကြီးရဲ့အတွင်းစိတ်က နည်းနည်းဆိုင်းစမ်းပါဦးကွလို့တီတိုးပြောလာတဲ့အခါ မိတ်ဆွေကြီး နားထောင်သေးသလားခင်ဗျာ၊''

''မထောင်တော့ပါဘူးခင်ဗျာ၊ ကျွန်တော်လည်းပဲ စောစောက ကွဲျနွားကုန်သည်ကြီးပြော သွားသလို အ ချိန်ဆွဲတတ်တဲ့ ကျွန်တော့်အကျင့်ဆိုးကို ကျွန်တော့်ဘာသာသိမြင်ပြီးပြင်ခဲ့ပါတယ်၊ ဒီအကျင့်ဆိုးကို အ နိုင်ယူနိုင်ခဲ့ပါတယ်၊'' ဝတ်ရုံဖြူနှင့်ကုန်သည်ကြီး ကဖြေသည်။ 

''တစ်ချိန်တုန်းကတော့ ဒီအကျင့်ဆိုးဟာ ကျွန်တော့်ကိုနှိပ်စက်နေတဲ့ ရန်သူကြီး တစ်ယောက်ပေါ့၊ ကျွန်တော်ပျက်စီးရာ ပျက်စီးကြောင်းတွေ ဖန်တီးဘို့ အမြဲအကွက်ချောင်းနေ တာ၊ ကျွန်တော်ကိုယ်တွေ့ကြုံခဲ့တာ စောစောကကျွန်တော်ပြောခဲ့တဲ့ ဇတ်လမ်း တစ်ပုဒ်ထဲ မဟုတ်ပါဘူး၊ အလားတူ ဆင်တူရိုးမှားအဖြစ်အပျက်ပေါင်းများစွာ ကြုံခဲ့ပါတယ်၊ အခွင့်အရေးတွေ ကြိမ်ဖန်များစွာ မောင်းထုတ်ခံခဲ့ရပါတယ်'' 

''ဒါပေမယ့် ဒါဒီလိုဖြစ်တာပါလား၊ ငါဒီလိုတွေ ဆုံးရှုံးနစ်နာနေခဲ့ရတာပါလားလို့ သေသေချာချာ သဘေ ာပေါက်ပြီးတဲ့နောက်မှာတော့ သူ့ကိုအနိုင်ယူဘို့ဘာမှ မခဲယဉ်းတော့ပါဘူး၊ ကိုယ့်စပါးကျီ ဝင်ခိုးနေတဲ့သူခိုးကို သိလျက်နဲ့တော့ ဘယ်ပိုင်ရှင်က ခွင့်ပြုနေမလဲ၊ ကိုယ့်ဆိုင် လာဝယ်မယ့် ဖောက်သည်တွေကို နှင်လွှတ်နေတဲ့လူမျိုး ကိုယ့်အမြတ်အ စွန်းတွေ အလစ်သုတ်နေတဲ့ လူမျိုးကိုလည်း တကယ်အကြောင်းသိပြီဆိုရင်တော့ '' 

''ဘယ်လက်ခံထားတော့မလဲ၊ ဒီအတွင်းရန်သူအကြောင်း ကောင်းကောင်း သိတာနဲ့ တစ်ပြိုင်နက် သူ့ကိုကျွန်တော်အပြတ်ရှင်းတာပဲ၊ ဒီလိုပဲ ဘေဘီလုံမှာရှိတဲ့ ကြွယ်ဝတဲ့ ဓနဥစ္စာ ရတနာတွေကို ကိုယ့်အတွက် တစ်ဖို့တစ်စု ရချင်တဲ့လူတိုင်း ဦးစွာပထမ ကိုယ့်မှာရှိနေတဲ့ အချိန်ဆွဲတတ်ခြင်းဆိုတဲ့ အတွင်းရန်သူကို အရင်အနိုင်ယူဘို့လို လိမ့်မယ်လို့ ကျွန်တော်ပြောချင်တယ်၊ ကဲအာခတ်ကော ပြောစမ်းပါအုံး၊ ခင်ဗျား က ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတော့ အများက ခင်ဗျာကို ကံအကောင်းဆုံး ပုဂ္ဂိုလ်၊ အလုပ်လုပ်ရာမှာ ကံအလိုက်ဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်နေကြတယ်၊ ကျွန်တော်ပြောတဲ့ အတွင်းရန်သူကိစ္စမှာ ခင်ဗျားအမြင်ကို ကြားစမ်းပါရစေ၊''

 ''နောင်ကြီးအယူအဆနဲ့တစ်သားတည်းပါပဲ'” အာခတ်ကဖြေသည်။

“ကျွန်တော့်ဘဝသက်တမ်းတစ်လျှောက် လူပေါင်းမြောက်များစွာကို မျိုးဆက်နဲ့ချီပြီး ကျွန်တော် စောင့်ကြည့်ခဲ့ဘူးပါတယ်၊ ကုန်သည်တွေ၊ အတတ်ပညာလိုက်စားသူတွေ၊ အသိပညာရှင်တွေ၊ လုပ်ငန်းစုံနယ်စုံပါပဲ၊ အဲဒီပုဂ္ဂိုလ်တွေ သူတို့ဘဝ နယ်ပယ်အသီး သီး မှာ လှုပ်ရှားကြတဲ့အခါ သူတစ်ပါထက် ထူးခြားအောင်မြင်မှုရဘို့အခွင့်အလမ်းတွေ လူတိုင်ကိုယ်စီကြုံုကြတွေ့ကြရတာပါပဲ၊ အဲဒီမှာ တချို့ကကြုံသမျှ အခွင့်အရေးကို အမိအရယူတယ်၊ ကိုယ့်ရည်မှန်းချက် ကိုယ့်အလိုဆန္ဒပြည့်ဝဖို့အတွက် အစဉ်တစိုက် အားထုတ်ကြတယ်၊ အဲဒီတော့ ဒီလူတွေအောင်မြင်သွားကြတယ်၊ လူအများစုကတော့ အခွင့်အရေးကို ယူရမှာ မဝံ့မရဲသလို တွန့်ဆုတ်တွန့် ဆုတ် လုပ်ကြတယ်၊ စဉ်းစားသလို ချင့်ချိန်သလို နှောင့်နှေးကြန့်ကြာအောင်လုပ်ကြတယ်၊ ဒီလူတွေဟာ တဖြည်းဖြည်း နောက်ကျကျန်ရစ်ပြီး အောင်မြင်မှုနဲ့အလှမ်းဝေးသွားကြတယ်၊''

ထို့နောက်အာခတ်က ယက်ကန်းလုပ်ငန်းရှင်ဘက်သို့လှည့်၍ဆိုသည်။

“ကဲ ကံကြမ္မာကောင်းအကြောင်းဆွေးနွေးဘို့ စအကြံပေးခဲ့တဲ့ပုဂ္ဂိုလ်ကြီး၊ ခင်ဗျား သဘော ထားပြောစမ်းပါအုံး၊ စောစောကဆွေးနွေးကြတာတွေ နားထောင်ပြီး တဲ့နောက် ခင်ဗျားခေါင်းထဲမှာ ဘယ်လို ကောက် ချက်ချမိသလဲဗျာ'' 

“ကံကြမ္မာကောင်းဆိုတာကို ကျွန်တော်ရှုထောင့်တစ်မျိုးက မြင်လာပြီ ဆိုရမှာပေါ့ ခင်ဗျာ၊ နဂိုတုန်းကတော့ ကံကောင်းမှုဆိုတာ ကိုယ့်ဘက်က ဘာအားထုတ်မှုမှ ပြုလုပ် စရာမလိုဘဲနဲ့လူတစ်ယောက် အလိုလိုရရှိလာနိုင်တဲ့ အင်မတန်နှစ်သက်စရာ အခြင်းအရာတစ်ခုလို့ မြင်ခဲ့တယ်၊ အခုတော့ ကံကြမ္မာကောင်းဆိုတာ ထိုင်စောင့်နေ ယုံ သက်သက်နဲ့ ဖြစ်လာတာမျိုးမဟုတ်ဘူး၊ ကံကြမ္မာကောင်းကြုံချင်ရင် ပေါ်လာတဲ့အခွင့်အရေးကို အမိအရယူရလိမ့်မယ်၊ ထထကြွကြွ လုပ်ရလိမ့်မယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားပြီ၊ နောင်ဆိုရင် အခွင့်အရေးတွေကို ကျွန်တော့်အတွက် အကောင်းဆုံးကံကြမ္မာတွေအဖြစ် ပြောင်းလဲပစ်ဘို့ ကျွန်တော်ကြိုးစားတော့မယ်''

“သိပ်ကောင်းတယ်ဗျာ၊ ဆွေးနွေးပွဲးက ထွက်ပေါ်လာတဲ့ သဘောတရားအမှန်ကို ခင်ဗျားဆုပ်ကိုင်မိသွားတာပဲ'' အာခတ်က မှတ်ချက်ချသည်။

““ကံကြမ္မာကောင်းဆိုတာ အခွင့်အရေးရဲ့ နောက်ကလိုက်ပါစမြဲ ဖြစ်တယ်၊ သူ့ ဘာသာရှေ့က လာလေ့မရှိဘူးဆိုတာ ကျွန်တော်တို့အခု တွေ့ခဲ့ရပြီ၊ ဒီမှာသာဓက နှစ်ခု ကျွန်တော်တို့ မြင်ခဲ့ရတယ်၊ ကျွန်တော်တို့မိတ်ဆွေ ကုန်သည်ကြီးဟာကံ ကြမ္မာစောင့်နတ်သမီးက သူ့ကို မြေရိုင်းဖေါ်တဲ့လုပ်ငန်းအသွင်နဲ့ အခွင့် အရေးပေး လာစဉ်က ယူလိုက်မိရင် ကံကြမ္မာကောင်း ကြုံခဲ့ရမှာပဲ၊ အခွင့်အရေးကိုမယူတော့ ကံကောင်းခွင့် ဆုံးရှုံးခဲ့ရတယ်၊ အလားတူ သိုးကုန်သည်ကြီးဟာလည်း သိုးတစ်အုပ် ကို အင်မတန်သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူခွင့်ရတယ်၊ ဒါပေမယ့် အခွင့်အရေးကို အမိအရမယူဘူး မလိုအပ်ဘဲနှောင့်နှေးခဲ့တယ်၊ ဒါ့ကြောင့် ကံကြမ္မာကောင်းတစ်ခု လက်လွတ်ခဲ့ရတယ်၊ ဒီသာဓကတွေကနေ ထင်ထင်ရှားရှား ထွက်ပေါ်လာတဲ့ အချက်က ခုနမိတ်ဆွေ ရှုမြင်သွားသလို ကံကြမ္မာကောင်းတွေသည် အခွင့်အရေးကို အမိအ ရဖမ်းယူခြင်းဖြင့်သာ ကြုံကြိုက်ရရှိနိုင်တယ် ဆိုတဲ့ မှန်ကန်ချက်ပဲ၊”


''အခွင့်အရေးကို အမိအရယူဘို့ နိုးကြားတက်ကြွနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာကံကြမ္မာ စောင့် နတ်သမီးရဲ့အာရုံစိုက်မှု့ကို ခံရစမြဲပဲ၊ ကံကြမ္မာစောင့်နတ်သမီးဟာ ဒီလို ပုဂ္ဂိုလ်မျိုးတွေကို စောင့်ရှောက်ကူညီဖို့ အမြဲအဆင်သင့်ရှိနေတယ်၊ထကြွနိုးကြား  သူတွေကို နှစ်သက်တယ်၊''

''ထကြွနိုးကြားမှု့၊ အခွင့်အရေးကို မပြတ်ရှု့မြင်ပြီး အလျင်မမြန် ရယူတတ်မှု့အားဖြင့် သာ ကံကြမ္မာကောင်းတွေ အဆက်မပြတ် ကြုံကြိုက်နိုင်တယ်၊ အောင်မြင်ကြီးပွားသူ တစ်ဦး ဖြစ်လာနိုင်တယ်'' 


ဆက်လက်ဖော်ပြမည်....






Subscribe Us