Tuesday, March 25, 2014

ဆွမ်းခံရင်း ငှက်သင့်



အမတန်ပူပြင်လှစွာသော နွေရာသီ၏ တစ်နေ့တာအပူချိန်ဖြစ်သော မွန်းတည့်ချိန်၌ နွေတံလျှပ်တို့ တငွေ့ငွေ့တက်နေသည်။ အပူနှစ်ခုကြာမှာ မောဟိုက်ရမှန်တောင် မသိနိုင်ပဲ လိုရာခရီးကို တရွေ့ရွေ့ သွားနေသူ တစ်ဦးကို မည်သူမှ သတိမထားမိကြပါ။


ဦးကျော်အေးသည် မြန်မာနိုင်ငံအလယ်ပိုင်း မုံရွာမြို့နယ်ရှိ တောရွာလေး တစ်ရွာမှ တောင်သူတစ်ဦးပင် အသားညိုညို မျက်နှာလေးထောင့် အရပ်က မနိမ့်မမြင့်ဆိုတော့ သူ့ခန္ဓာကိုယ်အချိုးစား ခပ်ကျကျပင်။ တစ်ရွာတည်နေ ဒေါ်မှုံနဲ့ အိမ်ထောင်ကျလို့ သားသမီး သုံးယောက်ထွန်းကားခဲ့သည်။ သားသမီးက များတော့ မိရိုးဖလာတောင်သူအလုပ်ဖြင့် မလောက်မငဖြစ်ခြင်းနေသည်။

ဇနီးကလည် တတိယမြောက်သားလေးဖိုးချမ်းကိုယ်မွေးပြီးတော့ မီးယပ်ဝမ်းဖြစ် လို့ အိပ်ယာထဲ အိပ်ယာ
ပေါ် ဘုံးဘုံးလဲလေးပြီး။ အကြီးဆုံးသားက အိမ်ထောင်ကျနေ၍ အားကိုးမရပြီး သမီးအလတ် ကျတော့ စီးပွားရေးမပြေလည်တာနဲ့ ၆တန်းလောက်နဲ့ပင် ကျောင်းကနှုတ်ပြီး ရွာမှာ မြေပဲပေါ်ချိန် မြေပဲ အငှား လိုက်နှုတ် ခိုင်ထာရးသည်။ သားအငယ်ကျတော့ ကျောင်းတက်နေတုန် ။ အငယ်ကောင်လေးက မောင်နှမ
 တွေထဲမှာ ဉာဏ်အကောင်းဆုံးဖြစ်၍ ဦးကျော်အေးမှ ကျောင်းဆက်ထားလိုသည် မိမိလို စိတ်ပင် ပမ်း လူပင်ပမ်း ဆင်းရဲစွာနဲ့အသက်မွေးရမည်ကို မလိုပေ။



တစ်နေ့ ရွာသို့ မြို့မှ လူစိမ်များရောက်လာပြီး ထိုင်းနိုင်ငံမှာ အလုပ်လိုက်လုပ်ခြင်းတဲ့ သူတွေရှိရင်
ခေါ်သွားပေးမည်။ ဟိုမှာ စားသောက်ပြီးတစ်လကို နှစ်သိန်းလောက် အနည်းဆုံးရမည်ဖြစ်၍ အိမ်ကို တစ်လတော့တစ်သိန်းခွဲးလောက်တော့ အေးအေးဆေးဆေးပို့နိုင်မည်ဖြစ်၍ အလုပ်လိုက် လုပ်ခြင်းတဲ့သူ များ လိုက်နိုင်ကြောင်းပြောဆိုနေသည်ကို ဦးကျော်အေး တစ်ယောက်လည် ကြားသိရသော အခါလက်ရှိ မိမိ၏ မိသားစု အခြေနေများကြောင့် အရဲစွန့်၍ လိုက်သွားရန် ဆုံးဖြက်ချက်ချရတော့သည်။

ဦးကျော်အေးတစ်ဖက်နိုင်ငံကိုသွားရောက်အလုပ် သွားလုပ်မည်ကို သားသမီးများမှ အတန်တန်တားမြစ်ကြ သည်။အိပ်ယာထဲလဲနေတဲ့ ဇနီးသည်ပင် မရှိတဲ့အားလေဖြစ် အိပ်ယာထဲမှ ထ၍ အတန်တန်တားမြစ် 
ခဲ့သည်။ မရှိအတူ ရှိအတူ မိသားစုများ နေထိုင်ကြမည်ဟု ပြောဆိုသေသည်။

တစ်ရွာမပြောင်း သူကောင်းမဖြစ်နိုင်လို့ ဦးကျော်အေးမှ မိသားစုကို နားချ၍ ထွက်လာခဲ့ပေးသည်။

သို့သော် သေခြင်းတဲ့ကျား တောပြောင်းဆိုတဲ့ စကားပုံတော့ ဦးကျော်အေး မေ့နေတာဖြစ်မယ်။


“ဘာဗျ... ခင်ဗျာကြီးက ငါးဖမ်းလှေမလိုက်ခြင်းဘူးဟုတ်လာ”

“ဒီ...ဒီလိုပါ ဖိုးသားရယ်.. ဦးကျန်းမားရေးနဲ့ မဖြစ်နိုင်လို့ပါကွယ်”

“ခင်ဗျာ.. ဒီကိုထွက်လာတာ ပျော်ပွဲစားထွက်လာတယ်များထင်နေသလာ.. မလုပ်နိုင်ဘူးဆို ဟိုမှာမြင်လာ. ..အဲ့..ပင်လယ်အောက်မှာ တစ်သက်လုံး အိပ်သွားမယ် မှတ်ထား... တောက်”
ပွဲစားမှ ခြိမ်းခြောက်ပြောဆို၍ လှည့်ထွက်သွားသည်။

ဝက်ဖြစ်မှတော့ မစင်ကြောက်နေလို့ ဘယ်ဖြစ်နိုင်တော့မလည်... ဖြစ်သမျှအကြောင်းအကောင်းပဲ မှတ် ရတော့မှာပေါ့ သားငယ်လေးကို ပညာတက်ကြီးဖြစ်စေခြင်းသည် သမီးလည် သူများထံမှာ ပင်ပမ်းဆင်း ရဲ စွာ အလုပ်လုပ်နေရတာလည်သနားပြီး ဇနီးသည်မှာလည် ချို့တဲ့စွာနဲ့ ဆေးကုသ နေရမှု စသည့် အကြောင်းရာများ ခေါင်းထဲသို့ ပြဇာတ်တစ်ပုဒ်လိုပေါ်လာသည်နောက်

“ဟင်းးးးးးးးးးးး.”

သက်ပြင်ရှည်သာ ချနိုင်တော့သည်။

“ကယ်ကြပါအုန်... ကြောက်ပါပြီဗျ...”

အသံကြားရလှည့်ကြည့်လိုက်ရာ စောစောကပွဲစားဆိုသူမှ အသက်၁၅နှစ်အရွယ် ကောင်လေးတစ်ယောက် ကို ထိုးကြိတ်ကန်ကျောက်နေသဖြင့် ဒီကောင်လေးဘာများ မတော်တရောများ လုပ်လို့ပါလိမ့်ဆိုပြီ အနီးနားမှာ လူများကို မေးကြည့်ရာမှ

“ ခင်ဗျာလိုပဲ.. လှေမလိုက်ချင်ဘူး ဆိုလို့လေး”

“ ဟေ...”

ပွဲစားထိုးကြိတ်နေသူ ကောင်လေးကိုကြည့်နေရာမှ မိမိသားလေးမျက်နှာကို မြင်မိယောင်မိရာများ ခေါင်း များပင် မူးဝေလာသလိုလိုဖြစ်လာသည်။

ဦးကျော်အေး ခိုင်မားသည့် ဆုံးဖြက်ချလိုက်ရတော့လေးသည်။



သွားပါပြီး.... အမှားကြီး မှားပြီး မိသားစုမှ အတန်တန်တားပါလျက် မိုက်မဲစွာထွက်လာသည် ဦးကျော်အေး တစ်ယောက် ဖွက်ထွက်မှ တောင်းပို့မှန် သိရတော့သည်။အခုများမှတော့ ဘာတက်နိုင်မှာလည် ကံစီမံရာ
နာခံရတော့မည်ပဲ။  ပက်ဝန်ကျင်းကို ကြည့်လိုက်ရင်လည် ကမ်းမမြင်လမ်းမမြင် ပင်လယ်ထဲမှာ ရောက်နေ တာ ၃နှစ်တောင်ကျော်နေပြီ. မိမိတို့ ငါးဖမ်းလှေ ကမ်းမကပ်လို့ အဖော်တွေကို မေးမိရာမှ မိမိတို့   ရောင်းစား ခံလိုက်ရကြောင်း သိရလေးပြီး။။


“ဖြစ်ပါမလာ...ဖိုးသားတို့ရယ်” ဟု ဦးကျော်အေးမှ စိုးရိမ်တကြီး မေးမိလိုက်သည်။

ဦးကျော်အေးလို လှေပေါ်မှာ ရောင်းစားခံလိုက်ရသည့် လူငယ်တစ်ယောက်မှ လှေပေါ်မှာ ဆက်နေလည် တစ်နေ့မဟုတ် တစ်နေ့တော့ အသက်ခံရမှာပဲ အသက်မခံရတောင် မိမိတို့ တစ်သက်လုံး ဒီလှေပေါ် ကနေ ဘယ်မှသွားလို့မရတော့မည်အတူတူ ဒီတစ်လမ်းပဲရှိတော့သည်ဟု ဖွင့်ပြောရာ...ဦးကျော်အေး စဉ်စာရပါပြီး မိမိအသက်အရွယ်နှင့် ဖြစ်ပါမလာဟု ပြန်တွေးနေမိသည်။

နေရာက မြန်မာနိုင်ငံရေပြင်နှင့် မနီးမဝေးမှာ... အချိန်က ညဉ့်နက်သန်ခေါင်းရောက်လေပြီ။ မိမိတို့ အကြံ တိုင်း အကောင်းအထည်ဖော်ရတော့မည်...

“မိမိရှေ့မှ လူငယ်တွေကတော့ ရေထဲသို့ ခုန်ဆင်းသွားကြသည်”

ဦးကြောျအေးလည်း အများနည်းတူ ရေထဲခုန်းချလိုက်စဉ် အသံတခုလည်း ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာခဲ့သည်

“ဒိုင်းးးးးး”


မိမိရေပြင်မှာ ကူးခက်နေတာ အချိန်တော်တော်ကြာလာသော မိမိနှင့်အတူ လှေပေါ်မှ ထွက်ပြေး လာ သည် လူငယ်ထဲမှ တစ်ချို့ဆို ရေထဲမှာ လက်ပစ်ကူးနေရင် တစ်ယောက်ပြီးတစ်ယောက် ရေအောက် သို့ရောက် သွားကြပြီ မိမိတစ်ယောက်တည်ကျန်တော့သည်။ ဦးကျော်အေး စိတ်ထဲအိမ်ကို မရောက်ေ
ရောက်အောင်ပြန်မည်.....

သားလေးကိုအရမ်းတွေ့ခြင်းနေပြီ....နာမကျန်းဖြစ်နေသည် ဇနီးသည်ကိုလည် အရမ်းတွေ့ခြင်းနေသည် ဟု စိတ်ကူးလျက်ရေပြင်မှာ မမောမပန်းကူးခက်နေသည်။

အရှေ့ရပ်မှ နေဝန်တောင်ထွက်လာနေပြီး အခုဆို ဦးကျော်အေး တစ်ယောက်လှေကနေ ထွက်ပြေးလာတာ ၅ ရက်တောင်ရှိနေပြီးမကြာခင် မိမိရွာသို့ ရောက်တော့မည် လမ်းခရီးမှာ အခက်အခဲတွေများ စွာတွေ့ 
ရသောလည် အားတင်လျက် ရွာသို့ပြန်မည် မိမိအဖြစ်ပျက်များ ကိုပြောပြ၍ ခရီးကို တဆင့်ပြီး တဆင့် ထွက် လာရသဖြင့် အချိန်တော့ ကြန့်ကြာနေခဲ့ရသည်။

“ရှေ့မှာ ရွာကိုမြင်နေရပြီ..... ရွာကိုမပြန်တာ ၃နှစ်တောင်ကြာနေပြီးဖြစ်သောကြောင့်..ရွာမှာ ယခင်က မမြင်ဖူးတဲ့ လူစိမ်းတွေ ရွာအဝင်ဝမှာ တွေ့နေရသည်။ သူတို့က ဦးကျော်အေးကို အထူးအဆန်း တစ်ယောက်လို လူစိမ်တွေက ရွာထဲပေးမဝင်ပဲ စစ်ဆေးနေသည်။

မိမိသည် ဒီရွာသားဖြစ်ကြောင်း.. လွန်ခဲ့သည့် ၃နှစ်လောက်က ထိုင်းနိုင်ငံသို့အလုပ်လုပ် ရန်သွားကြောင် အစချီး၍...တော်တော်ကြာအောင် မိမိအဖြစ်ပျက်များကို ပြောဆိုပြတော့မှ အဆိုပါလူစိမ်တွေမှ ရွာသို့ပေးဝင်တော့သည်။

ရောက်ပါပြီး..... မိမိအိမ်ရှေ့သို့.. အိမ်လေးက ယခင်အတိုင်းဘာမှ မပြောင်းမလွဲပါ။
အိမ်ရှေ့ကွက်ပျစ်မှာ မိမိ၏ ချစ်လှစွာသော ဇနီး မိမှုံတစ်ယောက် အဝေးကို ငေးမောနေပါသည်။

“မိမှုံ............”

ဒီမိန်းမ ကိုယ့်ယောင်္ကျာတစ်ယောက်လုံး အသက်စွန့်ပြီးအဝေးကနေ ပြန်လာတာတောင် မမြင်ဟန်
ဆောင်နေ သည်။

“မိမှုံ...”
ဘယ်လောက်တောင် အော်ခေါ်နေမိတယ်မသိ ဦးကျော်အေး လည်ချောင်းတောင် နာလာပြီး.. မိမှုံက 
လုံးဝပင် လှည့်မကြည် ဦးကျော်အေးရှိတယ်လို့တောင် သဘောမထား...

အဲဒီအချိန်မှာပင်...
သားငယ် ဖိုးချမ်း ကျောင်းကပြန်လာတာ မြင်တွေ့လိုက်ရသဖြင့်.. ဝမ်းသာအားရဖြင့်

“သားးးးး ဖိုးချမ်း.. သားလေး”

ပို၍ ခံစားရပါပြီ.. မိမိရဲ့အချစ်ဆုံးသားလေးပင် လှည့်မကြည့်တော့ပေ... မိမိကိုယ် ဘာများ စိတ်နာနေကြ 
ပါလိမ့်ဟု တွေးမိလာရာ ရင်ထဲမှာတဆစ်ဆစ်နှင့် နာကျဉ်လာ၍ မြေသို့ ဒူးထောက်ချလျက် တရှိုက်ရှိုက်နဲ့ ငိုကြွေးနေမိသည်။

နေမင်းသည် အနောက်ရပ်သို့ဝင်လေပြီ........ထို့အတူအစာရှာထွက်ကြသည့် ငှက်တွေတောင် အိပ်တန်း တက်ကြလေပြီ။

ထို့အချိန်၌..

မြန်မာနိုင်ငံ၏ တောင်ဘက်ဆုံး ကော့သောင်းမြို့အနီး ပင်လယ်ရေပြင်မှာဦးခေါင်း၌  သေနတ်ဒဏ်ရာနှင့် ပိုင်ရှင်မဲ့ ရုပ်အလောင်းတစ်ခု မျောပါလျက်ရှိနေသည်။

(ဖက်ရှုတာ အဆင်မပြေမှုများ ရှိပါက နာလည်ပေးပါရန်နှင့် အကြောင်းအရာများ အပေါ် ဝေဖန်အကြံပြု ချက် များကို ဝမ်းမြောက်စွာ ကြိုဆိုပါ၏)

ဆက်လက် ကြိုးစားပါမည်..

Subscribe Us