Saturday, March 22, 2014

ဖောင်စီးရင်း ရေငတ်ကြသူများ



တကယ်တော့ အားလုံးဟာ စနစ်တစ်ခုကြောင့် မိမိတို့ရဲ့ချစ်ခင်တွယ်တာ လှသော   မွေး ရပ်နိုင်ငံနဲ့ မိဘညီ အစ်မောင်နှမ ဆွေမျိုး သားချင်တွေကို ချစ်ပါလျှက်နဲ့ ပစ်ခွာ ထား၍ အဝေးတမြေသို့ အသက်ဖက်နဲ့ထုပ်ပြီး ထွက်လာရတဲ့သူတွေပါ။

တိုင်းတပါး၌ ဘယ်အချိန်မှာများ ဘယ်သူကများ သက်လို့ပဲ သေမှာလာ မိမိအလုပ် လုပ်ရာ လုပ်ငန်းခွင် ထဲမှာပဲ အလုပ်လုပ် ရင်  သေမယ်လာဆိုတာ  မသိရပဲ အမိမြေ က မိသားစုစားဝတ်နေရေး အခက်ခဲတွေ ကို ဖြေရှင်းနေရင် သေမည့်နေ့ကို စောင့်နေ   ရတဲ့သူတွေပါပဲ။

ထိုင်းနိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ ရောက်လာကြသူတွေဟာ နေရပ်ပေါင်းစုံ လူမျိုးပေါင်းစုံစွာနဲ့ ဘာသာ စကားမတူ နေရပ်မတူကြသောလည် အားလုံး ရဲ့ရင်ထဲမှာ တူညီတဲ့ ဘုံရည်ရွယ်ချက်ကတော့ အမိမြန်မာ နိုင်ငံ က ကျန်ရှိနေ တဲ့ မိသားစုတွေ နေ့စဉ်အသက် ဆက်နိုင်ရင် မသေထမင်း မသေဟင်းလေး စားနိုင်
မို့နဲ့ မိမိ တို့တွေ အနာဂတ်ကာလတစ်ခုမှာ လူတန်းစေ့ နေနိုင်ရေ စတဲ့တူညီတဲ့ ရည်ရွယ် ချက်တွေ နဲ့စွန့်စွန့်စာစာနဲ့ လာရောက် အလုပ်လုပ်ကိုင်ကြရသူတွေပါ။

နံနက်အာရုဏ်တက်နဲ့အတူ နိုးထလာတဲ့ မြို့ကလေးဟာ ပိုမိုစည်ကားလာပေ သည် ။အလုပ်သွားအလုပ်ပြန် များဖြင့် ပျားပန်းခက် သကဲ့သို့ ဖြစ်နေပါတော့သည်.. ထို့အတူ လူမစည်ကာသင့်တဲ့ အရပ်ထဲမှာ ဆေးရုံး ဆိုတာလည် တစ်ခုအပါဝင်ပါပဲ   ဒါပေမယ့်......


မအေးဝင်း
ဆေးရုံး စကားပြန်လေးမှ လူနာအမည်ကို ခေါ်လိုက်ရာ

အရပ်မနိမ့်မမြင့် ခန္ဓာကိုယ် ယိုင်နဲ့နဲ့လေးနဲ့ ဆရာဝန်အရှေ့ကို ဝင်လာတဲ့ ထာဝယ်သူလေးက
သူ့ကျန်းမားရေး အခြေနေကို ပြောပြပါတယ်။

“ ဆရာ သမီး အခုရက်ပိုင်း အသက်ရှုမဝဖြစ်ဖြစ်လာတယ်.နောက်ပြီး မူးလည်း မူးနေတယ်ဆရာ။ သမီးအလုပ် မပျက်အောင် ဆေးပေးပါနော်“

သူ့ရောဂါအခြေနေကို ဆရာဝန်မှ သေချာစစ်ဆေးပြီးနောက်

“ရောဂါအခြေနေက အဆုတ်မကောင်းသလိုဖြစ်နေတာရော သွေးအားနည်းနေတဲ့ အတွက် သွေးအားကောင်း တဲ့ အသီးအရွက်။ အသားတွေ စားပြီး.. လေကောင်းလေ သန့် ရမယ့် နေရာတွေမှ နေပေးပါ .. နောက်ပြီ အလုပ်ကနေ တစ်ရက်တန်သည် တစ်ရက်ပေါ့အနားယူမှရမယ်နော်”

”ဟုတ်ပါတယ် ဆရာရယ် အလုပ်ထဲမှာဟော်လင်း(အရောင်ချွတ်ဆေး)နဲ့ ကင်းမို (ရေဘဝဲ)တွေ   ဖြူသွားအောင် ဟော်လင်းရည်နဲ့ စိမ်းပြီးအရောင်းတွေချွတ်ရတာလေး ၊ ကင်မို(ရေဘဝဲ)တွေက အလုပ်ရုံ ထဲ ရောက်စဆို အရမ်းမဲနေတော့ ဝယ်သူတွေ အကြိုက်ဖြစ်အောင် ဟော်လင်ရည်နဲ့ အရောင်ချွတ်ပေး ရတာ...အဲဒီဟော်လင်း အရည်က ဘယ်လောက်ပြင်းသလဲဆို သုံးနေတဲ့နေရာအနီးကနေ ဖြက်သွားတဲ့ သူမှန်သမျှ အဲဒီဟော်လင်အရည်ကြောင့် မျက်ရည်ကျတာနဲ့နာရည်ယိုတာနဲ့ ကိုယ်တိုင်လုပ်ရတဲ့သူဆို အသက်ရှုတောင်ကြပါတယ်... ဒါပေမယ့်လည်အလုပ်က နားလို့ မရပါဘူး ဆရာရယ်၊. သင်္ကြန် အလုပ် ပိတ်မှပဲ နားတော့ပါမယ် အခုတလော အလုပ်တွေကများနေတော့ တနင်္ဂနွေနေ့ပါ ဆင်းရ တာလေး ။အခု ၄နှစ်ပြည့်တဲ့ ပက်စပို့လည် သက်တမ်းပြန်ဆက်မို့က ဘတ်ငွေသောင်းနဲ့ကုန်မှာမို့ အလုပ်ကမနား ရဲသေပါဘူးဆရာ နောက်ပြီမြန်မာနိုင်ငံက မမားတဲ့အမေကိုယ် ငွေပို့နေရတာနဲ့ အလုပ်ဆက် လုပ်နိုင်အောင် အားဆေးလေးပဲ ပေးပါလာဆရာရယ်..အလုပ်က နားလို့အဆင်မပြေနိုင်လို့ပါ”

မိမိရဲ့ ကျမ္မားရေးအတွက်တောင် အလုပ်ကနေ မနားနိုင်တဲ့ ရည်ရွယ်ချက်ကို သိလိုက်ရလို့ ကျနော်မှာ သက်ပြင်းရှည်သာ ချနိုင်ပါတော့တယ်


ကိုကြည်နိုင်
ဒီတစ်ယောက်ကတော့ အညာသားထင်ပါတယ် ပြန်ထူးတဲ့ လေသံက အညာသား လေသံ
ကြားတာနဲ့ ကိုယ်လိုအညာသားဆိုတာသိတော့ ပိုလို့စိတ်ဝင်စားတာနဲ့ သူ့ရောဂါက ဘာများလည်ဆိုပြီး နားစွင့်ကြည့်လိုက်တော့

“ဆရာ..ကျနော်က ပရိဘောဂစက်ရုံမှာ လုပ်တာ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျနော်လက်ညိုကို သစ်ဖြက်စက်နဲ့ ထိသွားလို့ အလုပ်ရုံဆေးခန်းက ဆေးရည်နဲ့ အကိုက်ခဲပျောက်ဆေးပေးလိုက်ပြီး အလုပ်ဆက်လုပ်ခိုင်တာနဲ့ ကျနော်လည် ဆေးသောက်ရင် အလုပ်လုပ်နေတာ အခု ကျနော်လက် တော်တော် ကိုက်ပြီး ယောင်းနေတယ်ဆရာ.. ”

“ဖြစ်မှဖြစ်ရလေး..ခင်ဗျာ လက်အနာက အပြန်ကကျက်သလိုနဲ့ အထဲမှာ တော်တော်လှိုက်စားနေတာ..ခင်ဗျာ ကံကောင်းတယ် မှတ် ဆေးရုံးကိုအလာနောက်ကျမယ်ဆို လက်ညိုတစ်ချောင်းလုံးပါ ဖြက်ရမယ့် အခြေနေဖြစ်သွားမယ်..အဲဒီအနာကို ပြန်ခွဲးပြီး အထဲက လှိုက်စားနေတာတွေကိုပြန် ခြစ်ထုတ်မှရမယ်”

လက်ညိုကို သစ်ဖြက်စက်နဲ့ ထိလို့ ဒဏ်ရာရတဲ့သူကိုယ် ပက်တီးလေးစည်းပေးပြီး၊သောက်ဆေးလောက်လေးပေးပြီး အလုပ်ပြန် ဆင်ခိုင်တဲ့ အလုပ်ရုံးက အလုပ်သမားကိုယ် ဆရာဝန်က လက်ကို ပြန်ခွဲစိတ်မယ်ဆိုတော့ ဒီလူ မနက်ဖြန် အိမ်မှာပဲ နားရမှာလာ
အလုပ်ပဲ ဆင်းရမှာလာဆိုတာ ဘယ်လို ဖြစ်မလည်ဆိုတာ စဉ်စာနေရင် ......

အမလေးး ကယ်ကြပါအုန်....
”ကျမသားလေး အလုပ်ကအပြန် နက်ကလိန်(လမ်းဓားမြ)ရိုက်သွားလို့ သေများသေပြီးလာမသိပါဘူး”
အစချီးပြီး မပဒါ မြေမလူးယုံတမယ်… ဆေးရုံးထဲကို ပြေးဝင်လာတဲ့ အဒေါ်ကြီးအရှေ့မှာတော့ ဆေးရုံးဝန်း ထမ်းတစ်ယောက် အပြေးအလွှာတွန်းလာတဲ့ လက်တွန်းလှည်ထက်မှာတော့ အဆက်မပြက်ထွက်နေ တဲ့ သွေးတွေကို တိတ်စေရန် ခေါင်းက ဒဏ်ရာကို ရေခဲထုပ်နဲ့ဖိထားလျက် အသက်၁၇နှစ်ကျော် လူငယ်လေးတစ်ယောက် ဘာများဖြစ်လည်လို့ အကြောင်းစုံမေးမြန်းကြည့်တော့

”ကျမသားလေး ဒီမနက် ၉နာရီကျော်လောက်မှာ အလုပ်ကနေပြန်လာတာ ဆိုင်ကယ်စီးနက်ကလိန် (လမ်းဓားပြ) ၂နှစ်ယောက်က ရဲအယောင်ဆောင်ပြီး ပက်စပို့ပြခိုင်လို့ သားလေးက လွယ်အိပ်ထဲက ပက်စပို့ ထုတ်အပြ ဒီနေ့မှ လခရှင်းလို့လခတွေကလည် အိတ်ထဲမှာဆိုတော့ နက်ကလိန်တွေက လွယ်အိပ်ကို အတင်လုပြေးတာသားလေးက ပြန်ဆွဲလုလို့၊ နက်ကလိန်တစ်ယောက်က ဆိုင်ကယ်ပေါ်က ဆင်းပြီး ခေါင်းကို ဓားနဲ့၂ချက်ဆင့်ခုတ်တာ သေများ သေပြီးမလာ မသိပါဘူး”
ဟု အရေးပေါ်အခန်းရှေ့ကနေ ငိုသံနှောလို့ မိခင်ဖြစ်သူက စိုးရိမ်းတကြီး ဖြစ်ကြောင်းကုန်စင် ပြောရှာ ပါတယ်။

ဤသို့ ဤပုံ တိုင်းတစ်ပါးမှာ ဒုက္ခမျိုးစုံနဲ့ ကကြိုစုံနေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ဒီနိုင်ငံကနေ ရုန်းမထွက်နိုင်ရခြင်းသည် ဘဝရပ်တည်မှု ပရိယေသန ဝမ်းစာကြောင့်ပါ။

ယခုလို ရင်နှင့်စရာအဖြစ်တွေ ဘယ်အချိန် ဘယ်ကာလမှာမှ ဆုံးနိုင်အံ့မည်မသိ။ တစ်ခါတလေး စဉ်စားမိ ပါတယ် ထိုင်းနိုင်ငံရောက် မြန်မာတွေဟာ လူ့အသိုင်းဝန်း အပြင်က သတ္တဝါတွေမို့များလာ လူဖြစ်ပါလျက် လူတစ်ယောက်ရဲ့ အခွင့်ရေးဆိုတာလည် နတ္ထိ ။

အိမ်မှာနေသောလည်ကောင်၊ နေ့လယ်ကြောင်တောင် အလုပ်သွား အလုပ်ပြန် လမ်းသွားတာတောင် မလုံခြုံသလို ခံစားနေကြရသည့် ဘဝတွေပါ၊  ဒီမိုကရေစီနိုင်ငံမှာ နေရတယ်ဆိုသောငြာလည်
အရင်ရှင်ခေတ်မှာ နင်းပြားဘဝလို ရှင်သန်နေထိုင်ရတဲ့ အချိန်တွေဘယ်လောက်တောင် ကြာခဲ့ပြီလဲလေ။

အခုလို တိုင်းတစ်ပါ ဖြစ်သမျှ ရင်နှင့်စရာအဖြစ်ပျက်တွေ ဘယ်တော့မှများ ရပ်တန့်မှာ လည်၊ ကယ်သူ မဲ့ ကူးသူမဲ့စွာဖြစ်  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဘဝသည် ဆွဲအားမရှိတဲ့ အာကာသလေဟာ နယ်တွင်းမှာလို ချာလည်လည် နေရပေဦးတော့ မည်။ ရှေ့လူကြီးတွေ့များ ယနေ့ မြန်မာတွေအဖြစ်ကိုကြိုတင်မျာသိနေလို့ များ   ဖောင်စီးရင်း ရေငတ်ဆိုတဲ့ စကားကို ထားခဲ့ပုံရပါတော့တယ်။

(ကျနော်တွေ့ကြုံရတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များ၏ ဖြစ်ရပ်မှန်တွေ ကို စာအဖြစ်ရေးဖွဲ့ရာမှာ ဖက်ရတာအဆင်မပြေတာများ ရှိပါက နာလည်ပေးပါ ရန်)

ကိုဖြိုး(မုတ္တမ)

Subscribe Us