Wednesday, March 26, 2014

ခေတ်ပျက်



“အမြီး”ကျက်တော့
အမြီးကို စားကြတယ်
အမြီးစားပြီးတော့
ကြီးပွားနေတဲ့လူတွေ ရှိတယ်။

“ခေါင်း”ကျက်တော့
ခေါင်းကိုစားတယ်
ခေါင်းစားပြီးတော့
ကောင်းစားနေတဲ့ လူတွေလည်းရှိတယ်။

အမြီးကျက် အမြီးစား
ခေါင်းကျက် ခေါင်းစားတွေ
ဖောင်းကားပြီး
ကောင်းစားနေတဲ့အချိန်မှာ
အမြီးကျက်တုန်းကလည် အမြီး မစား
ခေါင်းကျက်တုန်းကလည်း ခေါင်းမစားတဲ့လူတွေ
သူတောင်းစားဖြစ်ကုန်တယ်။      ။

Subscribe Us