ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် မတ် ၃၁ ရက်၌ ၁ဦး ထပ်မံသေဆုံးခဲ့သဖြင့် ယခုအခါ သေဆုံးပေါင်း၁၀ ဦးရှိပြီဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၇ဦးကို ထပ်မံတွေ့ရှိပြီး ကြောင်း သိရသည်။
လူဦးရေ ၆၆ သန်းရှိသည့် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀ ဦးရှိပြီး စမ်းသပ်စစ်ဆေးချက်များအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ ၁၆၅၁ဦးရှိကြောင်း ထိုင်းကျန်းမာရေးဌာနက ပြောသည်။







