Tuesday, April 07, 2020

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေနေ


ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ၌ တရုတ်နိုင်ငံဝူဟန်မြို့မှစတင်ပေါ်ပေါက်ခဲ့ပြီး ကမ္ဘာတစ်ဝန်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည်။

ကူးစက်မှုနှုန်း အလွန်လျင်မြန်သဖြင့်  ကမ္ဘာတစ်ဝန်းလုံးရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူ ပေါင်း ၁၂၇၇၅၈၀ ကျော်ရှိပြီး ယင်းတို့အနက် သေဆုံးသူဦးရေ ၇၀၀၀၀ ကျော်နှင့် ကျန်းမာရေးပြန်လည်ကောင်းမွန်သူ  ၂၄၃၃၀၀ ဦး ရှိကြောင်းသိရသည်။

ထို့ကြောင့် ကမ္ဘာ့ပြည်သူလူထုများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့်ပက်သက်၍ စိုးရိမ်မှုများ နေ့စဉ်ဖြစ်ပေါ်နေပါသည်။


ထို့အတူ ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် ဇန်နဝါရီလမှစတင်ဖြစ်ပွားခဲ့ရာ ဧပြီလ၇ ရက်နေ့အထိ ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရရောဂါကူးစက်ခံရသူ ပေါင်း
၂၂၅၈ ဦးရှိပြီ ယင်းတို့အနက် ကျန်မားရေးပြန်လည်ကောင်းမွန်လာသဖြင့် နေအိမ်ပြန်ခွင့်ရရှိသူ ၈၂၄ ဦး၊ ဆေးကုသမှုဆက်လက်ခံယူနေသူ ၁၄၀၈ဦးရှိနှင့် သေဆုံးသူ ၂၇ဦးရှိကြောင်းသိရသည်။

ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုရှိသည့် အနက် ၆၆ ခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားလျက်ရှိရာ ဘန်ကောက်၊နွန်ထဘူရီ၊ စမုပရာကန်၊ ချွန်ဘူရီ၊ ဖူးခက်၊ ရလာ စသည့် ဒေသများသည် ကူးစက်
ရောဂါများပြားလာဖြင့် ကျန်းမာရေးအဆင့်သက်မှတ်ချက်အရအမဲရောင်အဆင့်သက်မှတ်ထားပါသည်။

ဧပြီ ၇ရက်နေ့အထိ ထိုင်းကျန်မားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေသည့် ၆၆ ခရိုင်တို့မှာ -

⚠ထိုင်းနိုင်ငံအလယ်ပိုင်း

ဘန်ကောက်မြို့ ၁၂၀၁ဦး 
နခွန်နံရွတ်ခရိုင် ၂ဦး၊
နခွန်ပထုန်ခရိုင် ၁၇ ဦး၊
နခွန်စဝမ်ခရိုင် ၆ ဦး
နွန်ထဘူရီခရိုင် ၉၈ဦး
ပထုန်ဌာနီခရိုင် ၃၉ ဦး၊
ဖရတ်နခွန်စီ အယုဒ္ဓယခရိုင် ၅ဦး၊
ဖိစနုလုံးခရိုင် ၄ဦး၊
ဖစ်ချ်ဘူခရိုင် ၃ဦး
လွတ်ဘူရီခရိုင် ၃ဦး၊
စမွတ်ပရာကန်ခရိုင်၆၇ ဦး၊
စမွတ်ဆုန်ခါခရိုင် ၁ ဦး၊
စမွတ်ဆာခွန်ခရိုင် ၁၆ဦး၊
စူခွန်ထိုင်ခရိုင် ၃ဦး၊
စူဖန်ဘူရီခရိုင် ၅ဦး၊
ဆရတ်ဘူရီခရိုင် ၄ ဦး၊
ဥထိုင်းဌာနီခရိုင် ၁ဦး၊


⚠ထိုင်းနိုင်ငံမြောက်ပိုင်း

ချင်းလိုင်ခရိုင် ၉ဦး၊
ချင်းမိုင်ခရိုင် ၃၈ဦး၊
ဖယောင်ခရိုင် ၂ဦး
ဖဲ(လ်)ခရိုင် ၁ဦး
မဲဟောင်ဆောင်ခရိုင် ၅ဦး၊
လန်းပန်ခရိုင် ၃ဦး၊
လန်းဖူးခရိုင် ၄ဦး ၊
ဥတာရာဒိခရိုင် ၃ ဦး၊


⚠ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း

ကာလစီခရိုင် ၃ဦး၊
ခွန်ကယ်ခရိုင် ၄ဦး၊
ချိုင်ရဖူခရိုင် ၂ဦး၊
နခွန်ဖနုံခရိုင် ၁ဦး၊
နခွန်ရတ်ချစီမာခရိုင် ၁၈ဦး၊
ဘူရီရမ်းခရိုင် ၁၃ဦး၊
မဟာစာရခမ်ခရိုင် ၁ဦး
မုဒဟံခရိုင် ၄ဦး၊
ရစုထွန်ခရိုင် ၁ဦး၊
လွယ်အစ်ခရိုင် ၃ ဦး၊
လေခရိုင် ၂ဦး၊
စကော်နခွန်ခရိုင် ၁ဦး၊
စူရီခရိုင် ၉ဦး၊
စီစကစ်ခရိုင် ၈ဦး၊
နောင်ခိုင်ခရိုင် ၃ဦး၊
နွန်းဘိုဝါလမ်းဖူးခရိုင် ၄ဦး၊
ဥဒွန်ဌာနီခရိုင် ၈ ဦး၊
ဥဘွန်ရတ်ချဌာနီ ၁၅ ဦး
အန်နဲ့ကျလိန်ခရိုင် ၂ဦး၊



⚠ထိုင်းနိုင်ငံအနောက်ပိုင်း

ကန်ချနဘူရီခရိုင် ၈ဦး၊
တာ့ပ်ခရိုင် ၃ဦး၊
ပကျွတ်ခီးလီခမ်ခရိုင် ၁၇ဦး၊
ဖတ်ချ်ဘူရီခရိုင် ၂ဦး၊
ရတ်ချ်ဘူရီခရိုင် ၈ဦး၊

⚠ထိုင်းနိုင်ငံအရှေ့ပိုင်း

ကျန်ထဘူရီခရိုင် ၃ဦး၊
ချာချင်ဆောင်ခရိုင် ၁၉ဦး။
ချွန်ဘူရီခရိုင် ၇၃ဦး၊
ပါကျင်ဘူရီခရိုင် ၅ဦး၊
လယောင်ခရိုင် ၆ဦး။
စာကဲအိုခရိုင် ၁၀ဦး၊

⚠ထိုင်းနိုင်ငံတောင်ပိုင်း

ကဘီခရိုင် ၁၆ဦး၊
ချွန်ဖော်ခရိုင် ၂ဦး၊
တရန်ခရိုင် ၆ ဦး၊
နခွန်စီထာမရခရိုင် ၆ဦး၊
နာလာထီးဝါးခရိုင် ၂၂ဦး၊
ပါတနီခရိုင် ၄၈ ဦး၊
ဖတ်ထလူူခရိုင် ၁၂ဦး၊
ဖူးခက်ခရိုင် ၁၂၆ဦး၊
စုန်ခလာခရိုင် ၃၇ဦး၊
စူရတ်ဌာနီခရိုင် ၁၇ဦး၊
ရလာခရိုင် ၅၆ ဦး တို့ဖြစ်ကြသည်။

ကူးစက်ရောဂါထိန်းချုပ်နိုင်ရေးအတွက် ထိုင်းအာဏာပိုင်များကအရှိန်ဟုန်မြင့်လုပ်ဆောင်မှုများရှိရာ နယ်စပ်အဝင်ထွက်များပိတ်ခြင်းခရိုင်အတွင်းအပြင်တို့၌ စစ်ဆေးရေးဂိတ်များချလျက် ဒေသတွင်း
ခရီးသွားလာသူများ၏ ကျန်းမာရေးအခြေနေ စစ်ဆေးခြင်းများအပါဝင် ညမထွက်ရအမိန့်များလည်းထုတ်ပြန်ထားပါသည်။

စောမောင်(အလုပ်သမားဟစ်တိုင်)
Source_ Sanook News