ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၁ ဦး ထပ်မံတွေ့ရှိ
ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၁ ဦး ကို ထပ်မံတွေ့ရှိသဖြင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၂၂၀ ဦးရှိခဲ့ပြီး ၃ဦး ထပ်မံသေဆုံးခဲ့ကြောင်း ထိုင်းကျန်မားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂၂၀ ဦးအနက်ကျန်မားရေးပြန်လည်းေ ကာင်းမွန်လာသဖြင့် ယနေ့တွင် ၁၁၉ ဦးအပါဝင် ၊ နေအိမ်ပြန်ခွင့်ရရှိသူ ၇၉၃ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် ဇန်နဝါရီလမှစတင်ဖြစ်ပွားခဲ့ပြီး ဧပြီလ ၆ရက်နေ့အထိ သေဆုံးသူ ၂၆ ဦးထိရှိကြောင်းသိရသည်။
ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရန်အတွက် ညမထွက်ရအမိန့်ထုတ်ပြန်ပြီးခရိုင်အတွင်းအပြင်တို့၌ စစ်ဆေးရေးဂိတ်များစွာကိုလည်း ဖွင့်လှစ်ထားရှိကြောင်းသိရသည်။
#စောမောင် (အလုပ်သမားဟစ်တိုင် )