ယနေ့ ထိုင်းနိုင်ငံကူးစက်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေး ဌာန၏ သတင်းထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ၁၁၁ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် နိုင်ငံအတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၂၃၆၉ ဦးရှိလာကြောင်းသိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူ ၁၁၁ဦးတို့သည် ကျန်းမာရေးအဆင့်သက်မှတ်ချက် အမဲရောင်နယ်မြေဖြစ်သည့် ဘန်ကောက်နှင့်နွန်ထဘူရီ၊ရလာဒေသတို့မှဖြစ်ပြီ ထပ်မံတွေ့ရှိသည့် ကူးစက်ခံရသူများ၌ ကျန်းမာရေးဝန်ထမ်း ၂ဦး လည်းပါဝင်ကြောင်းသိရသည်။
ထို့ပြင် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၆၉ဦး အနက် ကျန်းမာရေးပြန်လည်းကောင်းမွန်လာသူ ၈၈၈ဦးနှင့် ယနေ့ထပ်သေဆုံးသူ ၃ဦးအပါဝင် သေဆုံးသူ ၃၀ဦးရှိကြောင်းသိရသည်။
ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် ၆၆ ခရိုင်တွင်ဖြစ်ပွားလျက်ရှိရာ ဘန်ကောက်၊နွန်ထဘူရီ၊ စမုပရာကန်၊ ချွန်ဘူရီ၊ ဖူးခက်၊ ရလာ စသည့် ဒေသများသည် ကူးစက်ရောဂါများပြားသဖြင့် အမဲရောင်အဆင့်သက်မှတ်ထားပါသည်။
စောမောင်( အလုပ်သမားဟစ်တိုင်)