Friday, December 20, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား



နေပြည်တော် ဒီဇင်ဘာလ ၁၈

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေနှင့် ဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်း (INGOs) များမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGOs) များမှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။






အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ က ၂၀၀၀ ပြည့်နှစ်၌ ကျင်းပခဲ့သည့် (၅၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာလ (၁၈)ရက်နေ့ကို “နိုင်ငံ တကာရွှေ့ပြောင်း သွားလာသူများနေ့” အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံအလိုက် အပြည်ပြည် ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပခဲ့ကြပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာ သူများနေ့အခမ်း အနားများကို ယခုနှစ် အပါအဝင် (၈)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း။

ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးအခြေအနေပြောင်းလဲလာမှုများနှင့် အတူ နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမတူညီမှု၊ လုပ်အားခနှုန်းများ ကွာခြားမှု၊ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းရရှိလိုမှု၊ ရာသီဥတုပြောင်းလဲလာမှုနှင့် နည်းပညာများ လျင်မြန်စွာ တိုးတက်လာမှုတို့ကြောင့် ရွှေ့ပြောင်းသွားလာခြင်းနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ လွယ်ကူစွာရရှိလာမှု စသည့် အကြောင်းရင်းများကြောင့် နိုင်ငံတစ်နိုင်ငံမှ အခြားတစ်နိုင်ငံသို့၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာလုပ်ကိုင်လျက် ရှိပါကြောင်း။
၂၀၁၃ ခုနှစ် စာရင်းအရ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားဦးရေ ၁၅၀ သန်းခန့် ရှိပြီး ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်း သွားလာသူ ခန့်မှန်းဦးရေ ၂၇၂ သန်းရှိကြောင်း သိရှိရသည့်အတွက် ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ပိုမိုတိုးမြင့်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။


ယခုနှစ် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့၏ ဆောင်ပုဒ်မှာ “လူမှုစီးပွား ကောင်းစေဖို့၊ ကောင်းစွာစီမံရွှေ့ပြောင်းစို့ (Migration and Social Cohesion)” ဖြစ်ပြီး ရွှေ့ပြောင်းသွားလာခြင်းမှ လူမှုရေးဆိုင်ရာ ပေါင်းစည်းညီညွတ်မှုဖြစ်စေရန်၊ တစ်ဦး တစ်ယောက်ချင်းစီ၏ ပူးပေါင်းဆောင်ရွက်မှုမှ လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးများ ဖြစ်စေရန်၊ အားလုံးကောင်းကျိုးအတွက် အတူတကွလုပ်ဆောင်ရန်၊ ဖယ်ထုတ်ထားခြင်းများ မရှိရန်နှင့် ယုံကြည်မှုများ တိုးမြှင့်ရန် စသည်တို့ကို ရရှိရန် လိုအပ်ပါကြောင်း။

ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ခြင်းမှ လူမှုစီးပွားဘဝတိုးတက်စေခြင်း၊ အတွေ့အကြုံ ဗဟုသုတရရှိစေခြင်း၊ သင့်တင့်သည့်ဝင်ငွေရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိစေခြင်း၊ မိသားစုလွှဲပို့ငွေမှတစ်ဆင့် နိုင်ငံတော်၏ GDP မြင့်တက်စေခြင်း၊ နိုင်ငံအတွက် ဝင်ငွေခွန်များရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သဖြင့် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းသည် Social Cohesion အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေပါကြောင်း။


ဘေးကင်းလုံခြုံပြီးစနစ်ကျသည့် တရားဝင်လုပ်သားရွှေ့ပြောင်းသွားလာခြင်း မြှင့်တင်ရန်၊ ပုံမှန်မဟုတ်သည့်လမ်းကြောင်းများမှ ရွှေ့ပြောင်းသွားလာမှုကို လျှော့ချရန်နှင့် လူ့အဖွဲ့အစည်း အတွက် အကျိုးကျေးဇူးဖြစ်စေသည့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှုဖြစ်ရန် စသည်တို့အတွက် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကို စနစ်တကျစီမံခန့်ခွဲခြင်းသည် အလေးထားဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း။

ပုံမှန်မဟုတ်သည့် လမ်းကြောင်းများမှ တရားမဝင်ရွှေ့ပြောင်းသွားလာလုပ်ကိုင်မည်ဆိုလျှင် အန္တရာယ်များသည့် လုပ်ငန်းခွင်အခြေအနေ ကြုံတွေ့ရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း၊ အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ အဓမ္မခိုင်းစေခံရခြင်း၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရှာဖွေရန် အခက်အခဲများရှိခြင်းနှင့် လုပ်ခနည်းပါးခြင်း စသည်တို့ကို ကြုံတွေ့နိုင် ပါကြောင်း။

ရွှေ့ပြောင်းအလုပ်သမားများသည် မူရင်းနိုင်ငံနှင့် လက်ခံနိုင်ငံနှစ်ခုလုံးအတွက် အကျိုးရှိ စေသည့်အတွက် ရွှေ့ပြောင်းသွားလာလုပ်ကိုင်သူများအနေဖြင့် ဘေးကင်းလုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာနိုင်ရေးသည် အရေးကြီးသကဲ့သို့ ဂုဏ်သိက္ခာရှိစွာ လူမှုကာကွယ် စောင့်ရှောက်မှုများ ရရှိခံစားနိုင်ရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာခြင်းနှင့် စပ်လျဉ်း၍ အကျိုး ကျေးဇူးများရရှိစေရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် ကုလသမဂ္ဂအထွေထွေညီလာခံက တရားဝင် အတည်ပြုချမှတ်ခဲ့သည့် ဘေးကင်းလုံခြုံ၍ စနစ်ကျသော တရားဝင်ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက် (Global Compact for Safe, Orderly and Regular Migration) အတည်ပြုချမှတ်ရာတွင် အခြားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များနှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း။


ဘေးကင်းလုံခြုံပြီး စနစ်ကျသည့် တရားဝင်ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်သည် ဥပဒေအရ စည်းနှောင်မှုမရှိဘဲ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုထားသည့် သဘောတူညီမှုတစ်ရပ်ဖြစ်ပြီး အလုပ်သမားစေလွှတ်သည့်နိုင်ငံဖြစ်သော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း။



ရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများနှင့် ကလေးများသည် စိန်ခေါ်မှုများစွာ ကြုံတွေ့ နေကြရပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရရန် အလားအလာအများဆုံးရှိသူများဖြစ်ကြသဖြင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် မမေ့မလျော့ အလေးထားဆောင်ရွက်ကြရန် လိုပါကြောင်း။


ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၂၀၃၀ ခုနှစ်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်နှင့် ချိတ်ဆက်နေစေရန် အကောင်အထည်ဖော်ဆောင်ရွက် နေသည့် မူဝါဒများ၏ ထိရောက်မှုနှင့် အောင်မြင်မှုရှိ/မရှိကို ပြန်လည်သုံးသပ်ပြီး ပိုမိုလက်တွေ့ ကျသည့် မူဝါဒဖြစ်ရန် ဆက်လက်ပြင်ဆင်ဖြည့်စွက်ခြင်းများလုပ်ဆောင်ရန် လိုအပ်ပါကြောင်း။


အရှေ့တောင်အာရှအတွင်းရှိ ရွှေ့ပြောင်းသွားလာသူများ၏ ဘဝများသည် ကြွေးမြီ များနှင့် ချည်နှောင်ခံနေကြရပြီး ၎င်းတို့ရှာဖွေရရှိသည့်ငွေကြေးများအား ကြွေးမြီပြန်ဆပ်ရန် အသုံးပြုနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထိုသို့ ကြွေးမြီချည်နှောင်ခံရမှုကြောင့် ဘဝရှေ့ရေးထိခိုက်စေပြီး ရေရှည်တည်တံ့သည့် မိသားစုပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် များစွာသော စိန်ခေါ်မှုများ ဖြစ်ပေါ်စေပြီး ကြွေးမြီချည်နှောင်ခံရခြင်းမရှိပါက ကောင်းမွန်သည့် အသိုက်အဝန်းတစ်ရပ် ဖန်တီးနိုင်မည်ဖြစ်ပါကြောင်း။


ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများသည် နိုင်ငံ၏ GDP အတွက် အရေးပါသည့် အရင်းအမြစ်များဖြစ်၍ မိသားစုလွှဲပို့ငွေများကို စနစ်တကျစီမံခန့်ခွဲပြီး လုံခြုံစိတ်ချ ရသည့် လမ်းကြောင်းမှတစ်ဆင့် လျင်မြန်ချောမွေ့စွာ လွှဲပြောင်းပေးပို့နိုင်ရန် လွန်စွာ အရေးကြီးပါကြောင်း။

“ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး” ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မကြာသေးမီကထုတ်ပြန်ခဲ့သည့်အတွက် နောင်လာမည့်ကာလများတွင် မိသားစု လွှဲပို့ငွေများကို ပိုမိုချောမွေ့စွာ လွှဲပို့နိုင်မည်ဖြစ်ပါကြောင်း။


“ရွှေ့ပြောင်းအလုပ်သမားများ ကုန်ကျစရိတ်သက်သက်သာသာနှင့် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နိုင်ရန် အလေးထားဖော်ဆောင်ပေးရမည်” ဖြစ်သကဲ့သို့ အလုပ်ရှင်အချို့က ဝန်ဆောင်စရိတ် အခမဲ့ (Zero Cost) ဖြင့် ဆောင်ရွက်ပေးနေခြင်းများ ရှိသကဲ့သို့ အစိုးရအနေဖြင့်လည်း အလုပ်ရှင်များအား နောင်တွင် ဝန်ဆောင်စရိတ်အခမဲ့ဖြင့် တိုးမြှင့်ခေါ်ယူစေရေး တွန်းအားပေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာတွင် ဂုဏ်သိက္ခာရှိစွာ အပြည်ပြည်ဆိုင်ရာ လုပ်သား စုဆောင်းသည့်စနစ် ပေါ်ထွက်လာစေရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံအတွင်းမှာ ရှိသည့် လုပ်သားစုဆောင်းပို့ဆောင်ပေးသော ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများအနေဖြင့် လုပ်သားစုဆောင်းရာတွင် သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်နာဆောင်ရွက်ရန်၊ ကောင်းမွန်သည့်စီမံခန့်ခွဲမှုဖြစ်စေရန်၊ စေလွှတ်ထားသည့် လုပ်သားများ၏ အချက်အလက်များ စနစ်တကျပြုစုထားရှိရန်နှင့် ကောင်းမွန်သည့် အလေ့အထကောင်းများ ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလို ပါကြောင်း။


ရွှေ့ပြောင်းအလုပ်သမားများသည် ကောင်းမွန်သည့် လူမှုအသိုက်အဝန်းဖြစ်စေရန် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုသူများဖြစ်သည့်အတွက် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်း၏ ကောင်းကျိုးများ တိုးမြှင့်ရရှိရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် လူ့ဘောင်တစ်ရပ်လုံး ကောင်းမွန်စွာ ရပ်တည်နေထိုင်နိုင်ရန် မိမိတို့အားလုံး အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအားလုံး သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများနှင့် အညီ အကျိုးခံစားခွင့်များ ရရှိခံစားပြီး ကျန်းမာပျော်ရွှင်စွာ တာဝန်ဝတ္တရားများ ထမ်းဆောင် နိုင်စေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးတို့က စီမံဆောင်ရွက်ပေးနိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက်လာကြသူ များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားအစီအစဉ်ပထမပိုင်းကို ရုပ်သိမ်း လိုက်သည်။

ယင်းနောက် ဒုတိယသမ္မတသည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်ပြခန်းများ၌ ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာတမ်း များကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ “ရွှေ့ပြောင်း သွားလာခြင်း၏ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုမြှင့်တင်ရန်နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန်” အတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် “ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း” ၏ ကူညီပံ့ပိုးပေးမှုများနှင့် စပ်လျဉ်းသည့် မှတ်တမ်းဓာတ်ပုံများအား ဗီဒီယိုဖြင့် ပြသသည်။

ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ထို့နောက် “ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း” ၏ Chief of Mission ဖြစ်သူ Mr. Akio Nakayama က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း၏ ညွှန်ကြားရေးမှူးချုပ်တို့က ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး၊ မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့ကို ပူးပေါင်း ပါဝင်ကူညီပေးခဲ့သည့် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ၊ ဘန်ကောက်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ရက်၊ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနှင့် အလုပ်သမားဟစ်တိုင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

(Unicode Version)

ဒုတိယသမၼတ ဦးျမင့္ေဆြ
အျပည္ျပည္ဆိုင္ရာေ႐ႊ႕ေျပာင္းသြားလာသူမ်ားေန႔အခမ္းအနားသို႔ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္ ဒီဇင္ဘာလ ၁၈

အျပည္ျပည္ဆိုင္ရာေ႐ႊ႕ေျပာင္းသြားလာသူမ်ားေန႔အခမ္းအနားကို ယေန႔ နံနက္ ၉ နာရီ တြင္ ေနျပည္ေတာ္ရိွ ျမန္မာအျပည္ျပည္ဆုိင္ရာကြန္ဗင္းရွင္းဗဟိုဌာန(၂)၌ က်င္းပရာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဒုတိယသမၼတ ဦးျမင့္ေဆြ တက္ေရာက္အမွာစကား ေျပာၾကားသည္။

အခမ္းအနားသို႔ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲေအာင္၊ ေဒါက္တာေဖျမင့္၊ ဦးသိန္းေဆြႏွင့္ ေဒါက္တာဝင္းျမတ္ေအး၊ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ ေဒါက္တာမ်ိဳးေအာင္၊ ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳး၊ ေနျပည္ေတာ္ေကာင္စီဝင္ ဦးညီထြန္း၊ တုိင္းေဒသႀကီး/ျပည္နယ္အစုိးရအဖြဲ႔ဝင္ ဝန္ႀကီးမ်ား၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသား လႊတ္ေတာ္တုိ႔မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျမန္မာႏိုင္ငံဆုိင္ရာ ႏိုင္ငံျခားသံရံုးမ်ားမွ သံအမတ္ႀကီးမ်ားႏွင့္ သံတမန္မ်ား၊ အၿမဲတမ္းအတြင္းဝန္မ်ား၊ ညႊန္ၾကားေရးမွဴးခ်ဳပ္မ်ား၊ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ကုလသမဂၢအဖြဲ႔အစည္းမ်ားမွ တာဝန္ရွိပုဂၢိဳလ္မ်ား၊ ႏိုင္ငံတကာ အစိုးရမဟုတ္ေသာအဖြဲ႕အစည္း (INGOs) မ်ားမွ ကိုယ္စားလွယ္မ်ား၊ အစိုးရမဟုတ္ေသာ အဖြဲ႔အစည္း (NGOs) မ်ားမွ ကုိယ္စားလွယ္မ်ား၊ အလုပ္ရွင္ႏွင့္ အလုပ္သမားကုိယ္စားလွယ္ မ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကသည္။

အခမ္းအနားတြင္ ဒုတိယသမၼတ ဦးျမင့္ေဆြ က ၂၀၀၀ ျပည့္ႏွစ္၌ က်င္းပခဲ့သည့္ (၅၅)ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံက ဒီဇင္ဘာလ (၁၈)ရက္ေန႔ကို “ႏိုင္ငံ တကာေ႐ႊ႕ေျပာင္း သြားလာသူမ်ားေန႔” အျဖစ္ သတ္မွတ္ခဲ့ၿပီး ႏိုင္ငံအလိုက္ အျပည္ျပည္ ဆိုင္ရာေ႐ႊ႕ေျပာင္းသြားလာသူမ်ားေန႔ အထိမ္းအမွတ္အခမ္းအနားမ်ားကို က်င္းပခဲ့ၾကပါ ေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ အျပည္ျပည္ဆိုင္ရာေ႐ႊ႕ေျပာင္းသြားလာ သူမ်ားေန႔အခမ္း အနားမ်ားကို ယခုႏွစ္ အပါအဝင္ (၈)ႀကိမ္ေျမာက္ က်င္းပႏိုင္ခဲ့ၿပီျဖစ္ပါေၾကာင္း။

ကမၻာ့ႏိုင္ငံမ်ား၏ စီးပြားေရးအေျခအေနေျပာင္းလဲလာမႈမ်ားႏွင့္ အတူ ႏိုင္ငံတစ္ႏိုင္ငံခ်င္းစီ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈမတူညီမႈ၊ လုပ္အားခႏႈန္းမ်ား ကြာျခားမႈ၊ ပိုမိုေကာင္းမြန္သည့္ အလုပ္အကိုင္အခြင့္အလမ္းရရွိလိုမႈ၊ ရာသီဥတုေျပာင္းလဲလာမႈႏွင့္ နည္းပညာမ်ား လ်င္ျမန္စြာ တိုးတက္လာမႈတုိ႔ေၾကာင့္ ေ႐ႊ႕ေျပာင္းသြားလာျခင္းႏွင့္ စပ္လ်ဥ္းသည့္ သတင္းအခ်က္အလက္မ်ား လြယ္ကူစြာရရွိလာမႈ စသည့္ အေၾကာင္းရင္းမ်ားေၾကာင့္ ႏိုင္ငံတစ္ႏိုင္ငံမွ အျခားတစ္ႏိုင္ငံသို႔၊ အထူးသျဖင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားမွ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားသို႔ ေ႐ႊ႕ေျပာင္းသြားလာလုပ္ကိုင္လ်က္ ရွိပါေၾကာင္း။
၂၀၁၃ ခုႏွစ္ စာရင္းအရ အျပည္ျပည္ဆိုင္ရာေ႐ႊ႕ေျပာင္းအလုပ္သမားဦးေရ ၁၅၀ သန္းခန္႔ ရွိၿပီး ကုလသမဂၢ၏ ထုတ္ျပန္ခ်က္အရ ၂၀၁၉ ခုႏွစ္တြင္ အျပည္ျပည္ဆိုင္ရာေ႐ႊ႕ေျပာင္း သြားလာသူ ခန္႔မွန္းဦးေရ ၂၇၂ သန္းရွိေၾကာင္း သိရွိရသည့္အတြက္ ေ႐ႊ႕ေျပာင္းအလုပ္သမား အေရအတြက္ ပိုမိုတိုးျမင့္လာသည္ကို ေတြ႕ရွိရမည္ျဖစ္ပါေၾကာင္း။

ယခုႏွစ္ အျပည္ျပည္ဆိုင္ရာေ႐ႊ႕ေျပာင္းသြားလာသူမ်ားေန႔၏ ေဆာင္ပုဒ္မွာ “လူမႈစီးပြား ေကာင္းေစဖို႔၊ ေကာင္းစြာစီမံေ႐ႊ႕ေျပာင္းစို႔ (Migration and Social Cohesion)” ျဖစ္ၿပီး ေ႐ႊ႕ေျပာင္းသြားလာျခင္းမွ လူမႈေရးဆိုင္ရာ ေပါင္းစည္းညီၫြတ္မႈျဖစ္ေစရန္၊ တစ္ဦး တစ္ေယာက္ခ်င္းစီ၏ ပူးေပါင္းေဆာင္႐ြက္မႈမွ လူ႕အဖြဲ႕အစည္းအတြက္ အက်ိဳးေက်းဇူးမ်ား ျဖစ္ေစရန္၊ အားလုံးေကာင္းက်ိဳးအတြက္ အတူတကြလုပ္ေဆာင္ရန္၊ ဖယ္ထုတ္ထားျခင္းမ်ား မရွိရန္ႏွင့္ ယုံၾကည္မႈမ်ား တိုးျမႇင့္ရန္ စသည္တို႔ကို ရရွိရန္ လိုအပ္ပါေၾကာင္း။

ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္လုပ္ကိုင္ျခင္းမွ လူမႈစီးပြားဘဝတိုးတက္ေစျခင္း၊ အေတြ႕အႀကဳံ ဗဟုသုတရရွိေစျခင္း၊ သင့္တင့္သည့္ဝင္ေငြရရွိျခင္း၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား ပိုမို ရရွိေစျခင္း၊ မိသားစုလႊဲပို႔ေငြမွတစ္ဆင့္ ႏိုင္ငံေတာ္၏ GDP ျမင့္တက္ေစျခင္း၊ ႏိုင္ငံအတြက္ ဝင္ေငြခြန္မ်ားရရွိျခင္း စသည့္ အက်ိဳးေက်းဇူးမ်ား ရရွိေစႏိုင္သျဖင့္ ေ႐ႊ႕ေျပာင္းသြားလာ လုပ္ကိုင္ျခင္းသည္ Social Cohesion အတြက္ တစ္ဖက္တစ္လမ္းမွ အေထာက္အကူ ျဖစ္ေစပါေၾကာင္း။

ေဘးကင္းလုံၿခဳံၿပီးစနစ္က်သည့္ တရားဝင္လုပ္သားေ႐ႊ႕ေျပာင္းသြားလာျခင္း ျမႇင့္တင္ရန္၊ ပုံမွန္မဟုတ္သည့္လမ္းေၾကာင္းမ်ားမွ ေ႐ႊ႕ေျပာင္းသြားလာမႈကို ေလွ်ာ့ခ်ရန္ႏွင့္ လူ႕အဖြဲ႕အစည္း အတြက္ အက်ိဳးေက်းဇူးျဖစ္ေစသည့္ ေ႐ႊ႕ေျပာင္းသြားလာလုပ္ကိုင္မႈျဖစ္ရန္ စသည္တို႔အတြက္ ေ႐ႊ႕ေျပာင္းသြားလာလုပ္ကိုင္ျခင္းကို စနစ္တက်စီမံခန္႔ခြဲျခင္းသည္ အေလးထားေဆာင္႐ြက္ရမည့္ ကိစၥရပ္ျဖစ္ပါေၾကာင္း။

ပုံမွန္မဟုတ္သည့္ လမ္းေၾကာင္းမ်ားမွ တရားမဝင္ေ႐ႊ႕ေျပာင္းသြားလာလုပ္ကိုင္မည္ဆိုလွ်င္ အႏၲရာယ္မ်ားသည့္ လုပ္ငန္းခြင္အေျခအေန ႀကဳံေတြ႕ရျခင္း၊ ေခါင္းပုံျဖတ္ခံရျခင္း၊ အခြင့္အေရးမ်ား ခ်ိဳးေဖာက္ခံရျခင္း၊ လူကုန္ကူးခံရျခင္း၊ အဓမၼခိုင္းေစခံရျခင္း၊ သင့္ေလ်ာ္ေကာင္းမြန္သည့္ အလုပ္အကိုင္ရွာေဖြရန္ အခက္အခဲမ်ားရွိျခင္းႏွင့္ လုပ္ခနည္းပါးျခင္း စသည္တို႔ကို ႀကဳံေတြ႕ႏိုင္ ပါေၾကာင္း။

ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ မူရင္းႏိုင္ငံႏွင့္ လက္ခံႏိုင္ငံႏွစ္ခုလုံးအတြက္ အက်ိဳးရွိ ေစသည့္အတြက္ ေ႐ႊ႕ေျပာင္းသြားလာလုပ္ကိုင္သူမ်ားအေနျဖင့္ ေဘးကင္းလုံၿခဳံစိတ္ခ်စြာ ေ႐ႊ႕ေျပာင္းသြားလာႏိုင္ေရးသည္ အေရးႀကီးသကဲ့သုိ႔ ဂုဏ္သိကၡာရွိစြာ လူမႈကာကြယ္ ေစာင့္ေရွာက္မႈမ်ား ရရွိခံစားႏိုင္ရန္ လိုအပ္ပါေၾကာင္း။

ျမန္မာႏိုင္ငံအေနျဖင့္ အျပည္ျပည္ဆိုင္ရာေ႐ႊ႕ေျပာင္းသြားလာျခင္းႏွင့္ စပ္လ်ဥ္း၍ အက်ိဳး ေက်းဇူးမ်ားရရွိေစရန္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာတြင္ ကုလသမဂၢအေထြေထြညီလာခံက တရားဝင္ အတည္ျပဳခ်မွတ္ခဲ့သည့္ ေဘးကင္းလုံၿခဳံ၍ စနစ္က်ေသာ တရားဝင္ေ႐ႊ႕ေျပာင္းသြားလာ ေနထိုင္ျခင္းအတြက္ ကမၻာလုံးဆိုင္ရာသေဘာတူညီခ်က္ (Global Compact for Safe, Orderly and Regular Migration) အတည္ျပဳခ်မွတ္ရာတြင္ အျခားကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံ မ်ားႏွင့္အတူ ပါဝင္ေဆာင္႐ြက္ခဲ့ပါေၾကာင္း။

ေဘးကင္းလုံၿခဳံၿပီး စနစ္က်သည့္ တရားဝင္ေ႐ႊ႕ေျပာင္းသြားလာေနထိုင္ျခင္းအတြက္ ကမၻာလုံးဆိုင္ရာသေဘာတူညီခ်က္သည္ ဥပေဒအရ စည္းေႏွာင္မႈမရွိဘဲ ကုလသမဂၢအဖြဲ႕ဝင္ ႏိုင္ငံမ်ားက ပူးေပါင္းေဆာင္႐ြက္ရန္ ကတိကဝတ္ျပဳထားသည့္ သေဘာတူညီမႈတစ္ရပ္ျဖစ္ၿပီး အလုပ္သမားေစလႊတ္သည့္ႏိုင္ငံျဖစ္ေသာ ျမန္မာႏိုင္ငံမွ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ အက်ိဳးေက်းဇူးမ်ား ရရွိေစႏိုင္မည္ျဖစ္ပါေၾကာင္း။

ေ႐ႊ႕ေျပာင္းအမ်ိဳးသမီးအလုပ္သမားမ်ားႏွင့္ ကေလးမ်ားသည္ စိန္ေခၚမႈမ်ားစြာ ႀကဳံေတြ႕ ေနၾကရၿပီး ေခါင္းပုံျဖတ္အျမတ္ထုတ္ခံရရန္ အလားအလာအမ်ားဆုံးရွိသူမ်ားျဖစ္ၾကသျဖင့္ ေ႐ႊ႕ေျပာင္းသြားလာလုပ္ကိုင္ျခင္းႏွင့္ စပ္လ်ဥ္း၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ အမ်ိဳးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ားအတြက္ မေမ့မေလ်ာ့ အေလးထားေဆာင္႐ြက္ၾကရန္ လိုပါေၾကာင္း။

ေ႐ႊ႕ေျပာင္းသြားလာလုပ္ကိုင္ျခင္းကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ ၂၀၃၀ ခုႏွစ္၊ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္မႈပန္းတိုင္ႏွင့္ ခ်ိတ္ဆက္ေနေစရန္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ ေနသည့္ မူဝါဒမ်ား၏ ထိေရာက္မႈႏွင့္ ေအာင္ျမင္မႈရွိ/မရွိကို ျပန္လည္သုံးသပ္ၿပီး ပိုမိုလက္ေတြ႕ က်သည့္ မူဝါဒျဖစ္ရန္ ဆက္လက္ျပင္ဆင္ျဖည့္စြက္ျခင္းမ်ားလုပ္ေဆာင္ရန္ လိုအပ္ပါေၾကာင္း။

အေရွ႕ေတာင္အာရွအတြင္းရိွ ေ႐ႊ႕ေျပာင္းသြားလာသူမ်ား၏ ဘဝမ်ားသည္ ေႂကြးၿမီ မ်ားႏွင့္ ခ်ည္ေႏွာင္ခံေနၾကရၿပီး ၎တို႔ရွာေဖြရရွိသည့္ေငြေၾကးမ်ားအား ေႂကြးၿမီျပန္ဆပ္ရန္ အသုံးျပဳေနသည္ကို ေလ့လာေတြ႔ရွိရပါေၾကာင္း၊ ထုိသို႔ ေႂကြးၿမီခ်ည္ေႏွာင္ခံရမႈေၾကာင့္ ဘဝေရွ႕ေရးထိခိုက္ေစၿပီး ေရရွည္တည္တံ့သည့္ မိသားစုျပန္လည္ေပါင္းစည္းႏိုင္ေရးအတြက္ မ်ားစြာေသာ စိန္ေခၚမႈမ်ား ျဖစ္ေပၚေစၿပီး ေၾကြးၿမီခ်ည္ေႏွာင္ခံရျခင္းမရွိပါက ေကာင္းမြန္သည့္ အသိုက္အဝန္းတစ္ရပ္ ဖန္တီးႏိုင္မည္ျဖစ္ပါေၾကာင္း။

ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား၏ မိသားစုလႊဲပို႔ေငြမ်ားသည္ ႏိုင္ငံ၏ GDP အတြက္ အေရးပါသည့္ အရင္းအျမစ္မ်ားျဖစ္၍ မိသားစုလႊဲပို႔ေငြမ်ားကို စနစ္တက်စီမံခန္႔ခြဲၿပီး လုံၿခဳံစိတ္ခ် ရသည့္ လမ္းေၾကာင္းမွတစ္ဆင့္ လ်င္ျမန္ေခ်ာေမြ႕စြာ လႊဲေျပာင္းေပးပို႔ႏိုင္ရန္ လြန္စြာ အေရးႀကီးပါေၾကာင္း။

“ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈတိုက္ဖ်က္ေရး” ဆိုင္ရာ ဆက္သြယ္ေဆာင္႐ြက္သူအေပၚ အေလးထားစိစစ္ျခင္းဆိုင္ရာ ၫႊန္ၾကားခ်က္ကို ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က မၾကာေသးမီကထုတ္ျပန္ခဲ့သည့္အတြက္ ေနာင္လာမည့္ကာလမ်ားတြင္ မိသားစု လႊဲပို႔ေငြမ်ားကို ပိုမိုေခ်ာေမြ႕စြာ လႊဲပို႔ႏိုင္မည္ျဖစ္ပါေၾကာင္း။

“ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ကုန္က်စရိတ္သက္သက္သာသာႏွင့္ ေ႐ႊ႕ေျပာင္းသြားလာ လုပ္ကိုင္ႏိုင္ရန္ အေလးထားေဖာ္ေဆာင္ေပးရမည္” ျဖစ္သကဲ့သို႔ အလုပ္ရွင္အခ်ိဳ႕က ဝန္ေဆာင္စရိတ္ အခမဲ့ (Zero Cost) ျဖင့္ ေဆာင္ရြက္ေပးေနျခင္းမ်ား ရွိသကဲ့သို႔ အစိုးရအေနျဖင့္လည္း အလုပ္ရွင္မ်ားအား ေနာင္တြင္ ဝန္ေဆာင္စရိတ္အခမဲ့ျဖင့္ တိုးျမႇင့္ေခၚယူေစေရး တြန္းအားေပး ေဆာင္႐ြက္သြားရမည္ျဖစ္ပါေၾကာင္း။

ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံတကာတြင္ ဂုဏ္သိကၡာရွိစြာ အျပည္ျပည္ဆိုင္ရာ လုပ္သား စုေဆာင္းသည့္စနစ္ ေပၚထြက္လာေစေရး ေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ မိမိတို႔ႏိုင္ငံအတြင္းမွာ ရွိသည့္ လုပ္သားစုေဆာင္းပို႔ေဆာင္ေပးေသာ ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္ လိုင္စင္ရ ေအဂ်င္စီမ်ားအေနျဖင့္ လုပ္သားစုေဆာင္းရာတြင္ သက္ဆိုင္ရာဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ အညီ လိုက္နာေဆာင္႐ြက္ရန္၊ ေကာင္းမြန္သည့္စီမံခန္႔ခြဲမႈျဖစ္ေစရန္၊ ေစလႊတ္ထားသည့္ လုပ္သားမ်ား၏ အခ်က္အလက္မ်ား စနစ္တက်ျပဳစုထားရွိရန္ႏွင့္ ေကာင္းမြန္သည့္ အေလ့အထေကာင္းမ်ား ေဆာင္႐ြက္ႏိုင္ေရး စဥ္ဆက္မျပတ္ ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္ တိုက္တြန္းေျပာၾကားလို ပါေၾကာင္း။

ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ ေကာင္းမြန္သည့္ လူမႈအသိုက္အဝန္းျဖစ္ေစရန္ တစ္ဖက္ တစ္လမ္းမွ အေထာက္အကူျပဳသူမ်ားျဖစ္သည့္အတြက္ ေ႐ႊ႕ေျပာင္းသြားလာလုပ္ကိုင္ျခင္း၏ ေကာင္းက်ိဳးမ်ား တိုးျမႇင့္ရရွိရန္ႏွင့္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား အပါအဝင္ လူ႕ေဘာင္တစ္ရပ္လုံး ေကာင္းမြန္စြာ ရပ္တည္ေနထိုင္ႏိုင္ရန္ မိမိတို႔အားလုံး အတူတကြ ႀကိဳးပမ္းေဆာင္႐ြက္သြားၾက ရမည္ျဖစ္ပါေၾကာင္း၊ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအားလုံး သက္ဆိုင္ရာႏိုင္ငံ၏ ဥပေဒမ်ားႏွင့္ အညီ အက်ိဳးခံစားခြင့္မ်ား ရရွိခံစားၿပီး က်န္းမာေပ်ာ္႐ႊင္စြာ တာဝန္ဝတၱရားမ်ား ထမ္းေဆာင္ ႏိုင္ေစရန္ သက္ဆိုင္ရာဌာန၊ အဖြဲ႕အစည္းအသီးသီးတို႔က စီမံေဆာင္႐ြက္ေပးႏိုင္ၾကပါေစဟု ဆႏၵျပဳအပ္ပါေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ ဒုတိယသမၼတ ဦးျမင့္ေဆြသည္ အခမ္းအနားသို႔ တက္ေရာက္လာၾကသူ မ်ားႏွင့္အတူ မွတ္တမ္းတင္ဓာတ္ပံုရိုက္ၿပီး အခမ္းအနားအစီအစဥ္ပထမပိုင္းကို ရုပ္သိမ္း လိုက္သည္။

ယင္းေနာက္ ဒုတိယသမၼတသည္ အျပည္ျပည္ဆုိင္ရာေရႊ႕ေျပာင္းသြားလာသူမ်ားေန႔ အထိမ္းအမွတ္ျပခန္းမ်ား၌ ခင္းက်င္းျပသထားသည့္ မွတ္တမ္းဓာတ္ပံုမ်ားႏွင့္ စာအုပ္စာတမ္း မ်ားကို လွည့္လည္ၾကည့္ရႈသည္။

ထို႔ေနာက္ အခမ္းအနားအစီအစဥ္ ဒုတိယပိုင္းကို ဆက္လက္က်င္းပရာ “ေရႊ႕ေျပာင္း သြားလာျခင္း၏ အျပဳသေဘာေဆာင္ေသာ အက်ိဳးသက္ေရာက္မႈျမႇင့္တင္ရန္ႏွင့္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားမ်ား၏ အခြင့္အေရးမ်ား ကာကြယ္ေစာင့္ေရွာက္ရန္” အတြက္ ႏိုင္ငံေတာ္အစိုးရ၏ ႀကိဳးပမ္းအားထုတ္မႈမ်ားအေပၚ “ေရႊ႕ေျပာင္းသြားလာေနထိုင္ျခင္းဆုိင္ရာ ႏုိင္ငံတကာအဖြဲ႔အစည္း” ၏ ကူညီပံ့ပိုးေပးမႈမ်ားႏွင့္ စပ္လ်ဥ္းသည့္ မွတ္တမ္းဓာတ္ပံုမ်ားအား ဗီဒီယိုျဖင့္ ျပသသည္။

ယင္းေနာက္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက အျပည္ျပည္ဆုိင္ရာေရႊ႕ေျပာင္းသြားလာသူမ်ားေန႔ႏွင့္ စပ္လ်ဥ္း၍ အမွာစကားေျပာၾကားသည္။

ထုိ႔ေနာက္ “ေရႊ႕ေျပာင္းသြားလာျခင္းဆုိင္ရာ ႏုိင္ငံတကာအဖြဲ႔အစည္း” ၏ Chief of Mission ျဖစ္သူ Mr. Akio Nakayama က ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္ႏွင့္ ေရႊ႕ေျပာင္း သြားလာေနထိုင္ျခင္းဆုိင္ရာ ႏိုင္ငံတကာအဖြဲ႔အစည္း၏ ညႊန္ၾကားေရးမွဴးခ်ဳပ္တုိ႔က ေပးပို႔သည့္ သဝဏ္လႊာကို ဖတ္ၾကားသည္။

ယင္းေနာက္ ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ထိုင္းႏိုင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားမ်ားအေရး၊ မိသားစုဝင္မ်ား၏ ပညာေရး၊ က်န္းမာေရးႏွင့္ လူမႈေရးတို႔ကို ပူးေပါင္း ပါဝင္ကူညီေပးခဲ့သည့္ ျမန္မာျပည္သားမ်ားအေရးပူးတြဲလႈပ္ရွားမႈေကာ္မတီ၊ ဘန္ေကာက္အေျခစိုက္ ေရႊ႕ေျပာင္းအလုပ္သမားကြန္ရက္၊ ေရႊ႕ေျပာင္းအလုပ္သမားအခြင့္အေရးကြန္ရက္၊ ပညာေရးႏွင့္ ဖြံ႔ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္းႏွင့္ အလုပ္သမားဟစ္တုိင္တို႔အား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခ်ီးျမႇင့္သည္။

(Zawgyi Version)

Subscribe Us