Thursday, November 21, 2019

ဖူခက်မြို့ရှိ ဆောက်လုပ်ဆဲဓာတ်ဆီဆိုင်ပြိုကျ မှု နောက်ဆက်တွဲသတင်း




ယနေ့ (၂၁.၁၁.၂၀၁၉) နေ့လယ်အချိန်၌ ထိုင်းနိုင်ငံ ဖူခက်ခရိုင် ထလန်နယ်မြေ စီစူထွန်ရပ်ကွက် အုပ်စု(၁)တွင် ဆောက်လုပ်ဆဲ ဓာတ်ဆီဆိုင်ပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ထိုင်းအလုပ်သမား Mr.Chatuchawit Phatasinghaနှင့်မြန်မာအလုပ်သမားမမျိုးမျိုးရီတို့နှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များမှ ထလန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။


ကယ်ဆယ်ရေးအဖွဲ့များသည့် ပြိုကျအဆောက်အအုံထဲ ပိမိနေသူများကို ရှာဖွေကယ်ဆယ်ရေးများကို ပြုလုပ်ခဲ့ရာ ညနေ(၅နာရီခွဲ)အချိန်၌  သေဆုံးသူ (၄)ဦး၏ ရုပ်အလောင်းများကိုရှေးဦးတွေ့ရှိခဲ့ရာ သေဆုံးသူများမှာ ထိုင်းအလုပ်သမား Mr. Chirachai Wonghachak,Mr Thawirat Dejaphan, Ms. Pimphimol Wewiwong  ၊Mr. Krishnan Khanbut တို့ဖြစ်ကြောင်းသိရသည်။

ည(၆နာရီခွဲ)အချိန်၌ ပြိုကျသည့် အဆောက်အအုံ၏အောက်၌ မြန်မာအလုပ်သမား(၃)ဦး၏ အလောင်းများ ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့် သေဆုံးသူများမှာ ကိုစံအောင်အောင်၊ကိုနေမျိုးဝင်းနှင့် မကေသီခိုင်တို့ဖြစ်ကြောင်း ထိုင်းသတင်းဌာနဖြစ်သည့် မာတီ(လ်)ချွန်၏သိရသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို ဖူးခက်မြို့ရှိ ဝပ်ချီလဆေးရုံကြီးတွင် ထားရှိကြောင်းသိရပါသည်။

Subscribe Us