Monday, November 18, 2019

နခွန်ပထုန်ခရိုင်ရှိ အလုပ်ရုံများကို တာဝန်ရှိသူများရှောင်တခင်ဝင်ရောက်စစ်ဆေး


ဘန်ကောက်မြို့အနီး နခွန်ပထုန်ခရိုင် နခွန်ချိုင်စလီနယ်မြေရှိ အလုပ်ရုံ (၃)ခုအားဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေးအထူးအဖွဲ့သည် ယနေ့နံနက် (၉)နာရီအချိန်ခန့်၌ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

ရှေးဦးစွာ အထူးစစ်ဆေးရေအဖွဲ့သည် နခွန်ချိုင်စလီနယ်မြေ ခူကဲဝိုရပ်ကွက် အုပ်စု(၂)ရှိ ဇာထည် လုပ်ငန်းဖြစ်သည့် (Mastex Co.,Ltd )ကို ဝင်ရောက်စစ်ဆေးရာတွင်အလုပ်သမားဦးရေး(၅၅၇)ဦးတို့ကို စစ်ဆေးခဲ့ရာ ထိုင်းအလုပ်သမား ၃၅၃ဦး(ကျား၁၁၀၊မ၂၄၃)၊ကမ္ဘောဒီးယားအလုပ်သမား ၁၁၉ဦး(ကျား၅၂၊မ ၆၇)၊ မြန်မာအလုပ်သမား ၈၅ဦး(ကျား ၄၁၊ မ၄၄) တို့အား လည်းကောင်း၊




ဆက်လက်၍ အဆိုပါရပ်ကွက်ရှိ ပိတ်ထည်နှင့်ဆေးဆိုလုပ်ငန်းဖြစ်သည့် (EvergreenCo.,Ltd )ကို ထပ်မံစစ်ဆေးခဲ့ရာ အလုပ်သမားစုစုပေါင်း ၅၄ဦးတို့အား စိစစ်ခဲ့ရာ ထိုင်းအလုပ်သမား ၄၅ဦး(ကျား ၂၉၊မ၁၆)၊ မြန်မာအလုပ်သမား ၉ဦး(ကျား၈၊မ၁)တို့အား လည်းကောင်း၊

ထို့နောက် နခွန်ချိုင်စလီနယ်မြေ၊ ငရုလိုင်ရပ်ကွက် အုပ်စု(၃)ရှိ စိုက်ပျိုးရေးသုံးပိုက်ထုတ်လုပ်သည့်လုပ်ငန်းဖြစ်သည့်( Choxchai Thanaphaisan Co.,Ltd)၌ အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား ၅၃ဦးတို့အား တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ထိုင်းအလုပ်သမား ၁၇ဦး(ကျား ၁၅၊မ၂)၊ လာအိုအလုပ်သမား၆ဦး(ကျား၅၊မ၁)၊ကမ္ဘောဒီးယား၃၅ဦး(ကျား၂၁၊မ၁၄)အား လည်းကောင်းအသီးသီး
စစ်ဆေးခဲ့ရာတွင် ဥပဒေချိုးဖောက်နေထိုင်အလုပ်လုပ်ကိုင်သူများ မတွေ့ရှိခဲ့ကြောင်းသတင်းရရှိပါသည်။





သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ရှင်အလုပ်သမားမှန်ကုန်မှုရှိစေပြီး မိမိတို့၏ သက်သေခံစာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှုရှိရေတို့ကို ကြိုတင်ဆောင်ရွက်ကြပါရန် အလုပ်သမားဟစ်တိုင်မှ ဖော်ပြအပ်ပါသည်။



News Source|Internal Security Operations Command, Nakhon Pathom Province

Subscribe Us