Friday, November 15, 2019

ထိုင်းနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေနေ စိုးရိမ်းစရာမရှိကြောင်း အစိုးရတာဝန်ရှိသူများက ရှင်းလင်းပြောကြား


ထိုင်းနိုင်ငံ ၂၀၁၉ခုနှစ်အတွင်း ပိတ်သိမ်းလိုက်သည့် စက်ရုံအလုပ်ရုံထက် အသစ်ဖွင့်လှစ်သည့် စက်ရုံအလုပ်ရုံ ၁၀၇%ခန့်မြင့်တက်လာ


ထိုင်းနိုင်ငံ၏ စက်မှုဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ ဒေါက်တာKrichanon Aiipanya မှ
လက်ရှိစက်ရုံအလုပ်ရုံးများပိတ်သိမ်းခြင်း အလုပ်ခန့်အပ်ထားခြင်းနှင့်ပတ်သတ်၍ သတင်းဌာနများနှင့်
ယမန်နေ့(၁၄.၁၁.၂၀၁၉)၌ တွေ့ဆုံပြောကြားရာတွင် စက်မှုဝန်ကြီးဌာန၏အချက်အလက်များအရ
၂၀၁၉ ဇန်နဝါရီ (၁)ရက်နေ့မှ နိုဝင်ဘာ(၁၉)ရက်အထိ ပိတ်သိမ်းရန်လျှောက်လွှာတင်ထားသည့်
စက်ရုံပေါင်း (၁၃၉၁) ခု ရှိပြီး စက်ရုံအသစ်ဖွင့်ရန် လျှောက်လွှာတင်သည့် စက်ရုံ စုစုပေါင်း (၂၈၈၉) ခု
ရှိရာ ယင်းအခြေနေကိုနှိုင်းယှဉ်ပါက ပိတ်သိမ်းမည့်စက်ရုံထက်အသစ်ဖွင့်မည့် စက်ရုံပေါင်း (၁၀၇%)
မြင့်တက်လာကြောင်း Thai PBS ၏ ဖော်ပြချက် အရသိရသည်။


လက်ရှိအလုပ်သမားအခြေနေများနှင့် ပတ်သတ်၍ စီးပွားရေးလုပ်ငန်းများပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့(၃၅၅၃၃)ဦး အထိရှိခဲ့သော်လည်း အသစ်ဖွင့်လှစ်သည့် စက်ရုံအလုပ်ရုံများမှ
အလုပ်သမားများခေါ်ယူခဲ့သဖြင့်အလုပ်သမားဦးရေး(၈၄၀၃၃)အထိအလုပ်အကိုင်သစ်ပြန်လည်ရရှိခဲ့ကြောင်းသိရသည်။

“စက်ရုံတိုးချဲ့ခြင်းမှ အလုပ်သမားဦးရေ (၁၄၇၀၄) ဦး ထပ်မံငှါးရမ်းခဲ့”
လတ်ရှိအခြေနေများအရ စက်ရုံများမှလည်း အလုပ်သမားများစွာလိုအပ်လျက်ရှိနေသေးကြောင်းနှင့်
စီးပွားရေးလုပ်ငန်းအသစ်များကလည်း ရင်းနှီးမြုပ်နှံမှုများပြုလုပ်ကြသလိုယခင်လည်ပတ်နေသည့် စက်ရုံများလည်းလုပ်ငန်းတိုးချဲ့မှုများထပ်မံပြုလုပ်ကြရာ ( ၂၀၁၉ )ခုနှစ်အတွင်း ဘတ်ငွေ(၄၃၁၂၁၆ )သန်းဘတ်အထိရှိခဲ့ရာ လွန်ခဲ့သည့် တစ်နှစ်ထက် ရင်းနှီးမြှပ်နှံမှု (၃၆.၆%) ပိုမြင့်လာခဲ့ကြောင်းနှင့်မဟုတ်မမှန်သတင်းအချက်အလက်များကို ယုံကြည်ပြီးအထိတ်တလန့်မဖြစ်ကြရန်နှင့် ထိုင်းနိုင်ငံ၏ လက်ရှိစီးပွားရေးကျဆင်းခြင်းမရှိပါကြောင်း ဒေါက်တာ Krichanon Aiipanya ကဆက်လက်ပြောသည် ။

လက်ရှိစက်ရုံပိတ်သိမ်းခြင်းအခြေနေနှင့်ပတ်သတ်သော လက်ရှိသတင်းများနှင့်ပတ်သတ်၍ စက်မှုလုပ်ငန်းဝန်ကြီးဌာန၏အချက်လက်များအရ ၂၀၁၉ ခုနှစ်ဇန်နဝါရီ(၁)ရက်နေ့မှ နိုဝင်ဘာ
(၁၂)ရက်အထိ စက်ရုံပေါင်း (၁၃၉၁)ခုပိတ်သိမ်းလိုက်ပြီးတချိန်တည်းမှာပဲ့ စက်ရုံအသစ်(၂၈၈၉)ခု ထပ်မံဖွင့်လိုက်ကြောင်းပြောသည်၎င်းမှ လက်ရှိလစ်ဟင်းအလုပ်နေရာပေါင်း (၇၉၀၀၀)
ကျော်ခန့်ရှိပြီး ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားအသစ်များအားကျွမ်းကျင်အလုပ်သားများအဖြစ် သင်ကြားပေးလျက်ရှိကြောင်းထိုင်းအလုပ်သမားဝန်ကြီးဌာနဝန်ကြီး မစ္စတာ မွန်လှချဝုန်ကျတုမုံခွန်က
ပြောသည်။



“၂၀၁၁ခုနှစ် ဒီဇင်ဘာလမှစ၍ (၉၄)လအထိ စက်ရုံထုတ်ကုန်များအနိမ့်ဆုံးဖြစ်ခဲ့ရာမှ ၂၀၁၉ခုနှစ် စက်တင်ဘာလ၌စက်ရုံများ၏ ထုတ်လုပ်မှုစွမ်းရည် (၆၄.၇၃%)အထိ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့
သဖြင့် ပုံမှန်အခြေနေ(သို့)အနေထား အသင့်တင့်နှုန်းဟုသတ်မှတ်နိုင်ကြောင်းပြောသည်။

နောက်အနာဂတ်အခြေနေအတွက်က တရုတ်နှင့် အမေရိကန်နိုင်ငံကြားကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုကို စောင့်ကြည့်ရအုံးမှာဖြစ်ကြောင်းနှင့် ရလာဒ်ကောင်းများရှိလာမည်ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောသည်။

လက်ရှိအစိုးရအနေဖြင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောက်လုပ်ရေးလုပ်ငန်း အထူးသဖြင့် သယ်ယူပို့ဆောင်ရေးစနစ်များဖွံ့ဖြိုးပိုမိုဖွံ့ဖြိုးတိုးတက်လာရေးကိုအလေးပေးအကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

(ဝန်ခံချက်= ထိုင်းနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေနေများနှင့်ပက်သက်၍ ထိုင်းသတင်း၏ ဖော်ပြချက်များကို ဘာသာပြန်ဖော်ပြခြင်းဖြစ်၍ အသုံးနှုန်းများအဆင်မပြေပါက သည်းခံပါရန်။)


Subscribe Us