Thursday, November 14, 2019

လူဝင်မှူကြီးကြပ်ရေးဌာနမှ နေရပ်ပြန်ပို့မည့် မြန်မာအလုပ်သမားတင်ဆောင်လာသည့်ကား ယာဉ်တိမ်းမှောက်သဖြင့် ၄ ဦးဒဏ်ယာရရှိ




၁၄.၁၁.၂၀၉ အလုပ်သမားဟစ်တိုင် တာ့ခ်

ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်နယ်မြေ ဒန်မဲ့လမောင်ရပ်ကွက် Bang Moso နှင့် ဘန်းဖဝုန်ကြားမိုင်တိုင် ၄၇ မီတာ တွင်  ယနေ့ (၁၄.၁၁.၂၀၁၉)တွင်လူဝင်မှုကြီးကြပ်ရေးဌာနစတေကာဖြင့် ယာဉ်အမှတ် 14-7936 ဘန်ကောက်အဖြူရောင်ဗင်ကားတစ်စီး လမ်းချော်တိမ်းမှောက်ခဲ့ကြောင်းကို ဖဝုန်ရဲစခန်းမှ သတင်းရရှိသဖြင့် တာဝန်ရှိသူများနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကားများ သွားရောက်ခဲ့ကြောင်းသိရသည်။




အခင်းဖြစ်ပွားရာနေရာ၌ ၎င်းတိမ်းမှောက်ယာဉ်မှာလမ်းမပေါ်ဘေးတစ်စောင်းအနေထားဖြင့်  အသက်(၂၅)နှစ်အရွယ်ထိုင်းအမျိုးသားယာဉ်မောင်း(၁)ဦးနှင့် မြန်မာအလုပ်သမား(၃)ဦးဒဏ်ယာရရှိကာ  ယာဉ်ပေါ်ပိတ်မိနေသည့် မြန်မာအလုပ်သမား(၁၅)ဦးအားအန္တရာယ်ကင်းစွာကယ်ထုတ်နိုင်ခဲ့ပြီး ဒဏ်ယာရရှိသူ(၄)ဦးအားအရေးပေါ်ကုသမှုပြုလုပ်ကာမဲဆောက်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်
စစ်ဆေးချက်အရ မြန်မာအလုပ်သမား (၁၈)ဦးအား ဘန်ကောက်မြို့ စမူပရကန်ခရိုင် လူဝင်မှူကြီးကြပ်ရေးဌာနမှ အရေးယူဆောင်ရွက်ပြီးစီးခြင်း(သို့)အမှူပြီးသွားပြီဖြစ်တဲ့အတွက် ၎င်းဌာနမှနေရပ်ပြန်လည်ပို့ဆောင်နိုင်ရန် နယ်စပ်ဒေသဖြစ်သည့် တာ့ခ်ခရိုင် မဲဆောက်သို့ပို့ဆောင်မည်အလုပ်သမားများဖြစ်ကြောင်းနှင့် မိုးရွာသွန်းမှုဖြစ်ပြီး လမ်းချောကာ အခုလိုယာဉ်မတော်တဆဖြစ်ကြောင်းသိရသည်

Subscribe Us