Sunday, October 27, 2019

ပြည်တန်ဆာအဖြစ်ခိုင်စေခံရသည့် ့မြန်မာနှင့်လာအိုသားများအဖမ်းခံရ




ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် နခွန်ချိုင်စလီနယ်မြေ ဘန်ကရဘောင်ရပ်ကွက်၌ ကာရာအိုကေ, ရိုးရာအနှိပ်ခန်းဟု ဗန်ပြဖွင့်လှစ်ထားသည့် ထိဖာဝမ်(Thippawan Shop)အမည်ရှိ ဆိုင်အား ပြည်တန်ဆာလုပ်ငန်းအပါအဝင် တရားမဝင်လူကုန်ကူးမှုပြုလုပ် နေကြောင်းသတင်းရရှိချက်အရ ထိုင်းတာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးရာ လာအိုနှင့်မြန်မာအမျိုးသမီးတို့ကို ဖမ်းဆီးရမိကြောင်းသိရသည်။



အခင်းဖြစ်စဉ်မှာ အမည်မဖော်လိုသူတစ်ဦးမှ ထိုင်းပြည်တွင်းလုံခြုံရေးဌာနထံ ဆက်သွယ်သတင်းပေး ချက် အရ ယမန်နေ့က(၂၄.၁၀.၂၀၁၉) ည ၈နာရီအချိန်ခန့်၌ အဆိုပါဆိုင်အား ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၊ နခွန်ချိုင်စလီရဲစခန်းမှရဲအရာရှိများအပါဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့သို့စစ်ဆေးရာ၌ အဆိုပါဆိုင်အတွင်း၌ ဆိုင်အတွင်း၌ (၁၈)နှစ်မပြည့်သေးသည့် လာအိုအလုပ်သမား
(၁၄)ဦး၊ မြန်မာအလုပ်သမား(၁)ဦးတို့ကို တွေ့ရှိရကြောင်းနှင့် သက်သေခံစာရွက်စာတမ်းများအားစစ်ဆေး ခဲ့ရာ နေထိုင်းခွင့်သက်တမ်းကုန်ဆုံးနေသူများအားတွေ့ရှိခဲ့ရပြီး ဥပဒေအတိုင်းဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် နခွန်ချိုင်စလီရဲစခန်းရှိ စုံစမ်းစစ်ဆေးအရာရှိထံပို့ဆောင်စစ်​ဆေးလျက်ရှိ
​ကြောင်းသိရသည်။

New Source-(Internal Security Operations Command, Nakhon Pathom Province)

Subscribe Us