Wednesday, June 26, 2019

သက်တမ်း ကုန်ဆုံးတော့မည့် CI စာအုပ်များနှင့် PJ စာအုပ်များကိစ္စ




၁။ ထိုင်းနိုင်ငံ၏ ပြောင်းလဲလာသော မူဝါဒ (Policy) အရများမကြာမီရက်များကထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွင်း ဂယက်ရိုက်ခဲ့သော လာမည့် မတ်လအတွင်းMOU စနစ်ဖြင့် မဖြစ်မနေ ဆောက်ရွက်ရမည် ဖြစ်ခြင်းကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအကြား အခက်အခက်များ
ကြုံတွေ့ခဲ့ရကြောင်းသိရှိရပါသည်။

၂။ သို့ဖြစ်သည့်အတွက် ထိုင်းနိုင်ငံ၏ မူဝါဒအပြောင်းအလဲတွင်မန်မာနိုင်ငံသားများ အခက်အခဲမဖြစ်ပေါ်စေရေးအတွက် ပထမအကြိမ်အဖြစ် ဖူးကက်မြို့တွင် ကျင်းပခဲ့သော နှစ်နိုင်ငံအစည်းအဝေးတွင်(MOU )ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် ထိုင်းနိုင်ငံဘက်ခြမ်းမှ (၂၀၂၀)ခုနှစ် ဒီဇင်ဘာလအထိ သက်တမ်းတိုး ဆောင်ရွက်ခွင့်ရရှိအောင် ညှိနှိုင်းထားရှိပေးခဲ့ပါသည်။ ယင်းအချက်အလက်များကိုလည်း သတင်းထုတ်ပြန် ပေးခဲ့ပြီးဖြစ်ပါသည်။




၃။ ထိုင်းနိုင်ငံတွင် ယခုကျင်းပခဲ့သည့် (Asean Summit )နှင့်ဆက်စပ်အစည်းအဝေးများတွင်တက်ရောက်လျက်ရှိသော ဌာနဆိုင်ရာအကြီးအကဲများ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ တာဝန်ရှိသူများ၊
အလုပ်သမားသံအရာရှိရုံးတို့ နှင့် ထိုင်းနိုင်ငံဘက်ခြမ်း (Ministry Of Labour )မှ တာဝန်ရှိသူများနှင့် ထပ်မံ ညှိနှိုင်းအစည်းအဝေးအရအာက်ပါအချက်များကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အတွက် တောင်းဆိုပေးထားပါကြောင်း တင်ပြအပ်ပါသည်-

(က) ထိုင်းနို််င်ငံအတွင်း ထုတ်ပေးထားခဲ့ပြီးဖြစ်သော အထောက်အထားစာအုပ်များ သက်တမ်း ကုန်ဆုံးသည်အထိ ( စာအုပ်သက်တမ်းရှိသ၍) ဆက်လက် နေထိုင်အလုပ်လုပ်ခွင့်ရရှိရေး။(ယခင် ၂၀၂၀ ဒီဇင်ဘာ အထိ အတည်ပြုပြီးဖြစ်ပါသည်)


(ခ) MOU စနစ်ပြောင်းလဲချိန်တွင် အလုပ်ရှင်၊ အလုပ်သမားသဘောတူညီချက်အတိုင်း ကာလ ကန့်သတ်ချက် ပြင်ဆင်ချုပ်ဆိုနိုင်ရေး။


(ဂ) Data Collection Center တွင် ထုတ်ယူထားသော PJ စာအုပ်များ(ME Bangkok) များကို စာအုပ်သက်တမ်းပေါ်မူတည်၍ MOU စနစ်ပာင်းလဲချိန်တွင် ဆက်လက်အသုံးပြုနိုင်ရေး။ (ယခင် အတည်ပြုပြီးဖြစ်ပါသည်။)


၄။ အထက်ပါအတည်ပြုချက်များကို ထိုင်းနိုင်ငံ (Ministry Of Labour) မှ အစိုးရအဖွဲ့ အစည်းအဝေးသို့
ဆက်လက် တင်ပြသွားမည်ဖြစ်ပြီး၊ အစိုးရအဖွဲ့ အစည်းအဝေးအတည် ပြုဆုံးဖြတ်ချက်ရရှိပါက အခြားသောလုပ်ငန်းဆက်စပ်လျက်ရှိသည့် ဌာနများသို့ ဆက်လက် အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။


၅။ ထိုင်းနိုင်ငံ၏ MOU စနစ် ပြောင်းလဲရေးဆိုင်ရာမူဝါဒတွင်လည်း ၊ ယခုလက်ရှိ ဆောင်ရွက်နေသည့် MOU Uturn စနစ် ထက်ပိုမိုအဆင်ပြေချောမွေ့သော၊ မြန်မာနိုင်ငံသားများအတွက် ပိုမို ကောင်းမွန်
ေသာစနစ်တစ်ခု ဖြစ်ပေါ်စေရေး၊ အချိန်ယူ ဆောင်ရွက်ရသည့် အခက်အခဲများလျော့ချနိုင်ရေး၊ အချို့သော လုပ်ငန်းစဉ်များ လျော့ချ ခြင်း၊ ပူပေါင်းဆောင်ရွက် ခြင််းများ အတွက်ကိုလည်း (Working Group)အစည်းအဝေးအများ ဆက်လက် ကျင်းပညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လာမည့် နှစ်နိုင်ငံ (Bi Literal Meeting )တွင် တင်ပြအတည်ပုနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၆။ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား အလုပ်သမားများအားလုံး၏ ခံစားချက်များ၊ ဖြစ်လိုသည်များ၊ အခက်အခဲများအားလုံးကို အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့်ြပည်သူ့အင်အား ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး နှင့် အလုပ်သမားသံအရာရှိရုံးတို့ မှ သိရှိနားလည်ပါကြောင်းနှင့် ထိုင်းနိုင်ငံ၏ မူဝါဒအပြောင်းအလဲ အပေါ်တွင် မြန်မာနိုင်ငံသားများအားလုံး အစဉ်ပြေချောမွေ့စေရေးအတွက် မြန်မာနိုင်ငံသားများအားလုံးရှေ့မှ ရပ်တည်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အလုပ်သမားသံအရာရှိရုံး
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ