Sunday, June 23, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ



ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့်(၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး
သို့ တက်ရောက်ရန် ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် ၁၅ နာရီတွင်
ဘန်ကောက်မြို့ရှိထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ပြီး သံရုံးဝန်ထမ်းများ၊ စစ်သံရုံးဝန်
ထမ်းများနှင့် မိသားစုဝင်တို့ဖြင့်တွေ့ဆုံခဲ့ပါသည်။


ထိုသို့တွေ့ဆုံပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် သံရုံးအားလှည့်လည်စစ်ဆေးပြီးနောက် ဒေသစံတော်ချိန် ၁၆ ၃၀ နာရီတွင်ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် (၂၂-၆-၂၀၁၉) ရက်မှ(၂၃-၆-၂၀၁၉ )ရက်အထိ အာဆီယံထိပ်သီးအစည်းအဝေးပွဲကို ကျင်းပလျက်ရှိကြောင်းသိရသည်။

Subscribe Us