တရားမဝင်မြန်မာနိုင်ငံသား၄၀ဦးနှင့် ထိုင်းယာဉ်မောင်း၂ဦးအဖမ်းခံရ
ထိုင်းနိုင်ငံ စူရတ်ဌာနရီခရိုင် ဘန်းနာစံနယ်မြေ နမ်ဖုရပ်ကွက် အုပ်စု(၁)ရှိထားချီစစ်ဆေရေးဂိတ်မှ တာဝန်ရှိသူများသည် ဗင်ကား(၂)စီးအား မောင်းနှင်းလာသည့် ထိုင်းနိုင်ငံသား၂နှစ်ဦးနှင့် တရားမဝင်မြန်မာနိုင်ငံသား(၄၀)ဦးတို့ကို ယနေ့၌ ဖမ်းဆီးရမိကြောင်းသိရသည်။
စူရတ်ဌာနရီခရိုင်ရဲတပ်ဖွဲ့မှု၏ပြောကြားချက်အရ ယာဉ်မောင်းသူ ထိုင်းနိုင်ငံသား(၂)ဦးဖြစ်သည့် Mr. Kwanchai Phuenphong(၃၃)နှစ်၊Mr. Pichit Tukrudthon,(၃၀)နှစ်တို့သည် ကန်ချနဘူရီခရိုင်၌နေထိုင်သူဖြစ်ကြောင်းနှင့် Mr Chartဆိုသူကဖုန်းမှတဆင့် ဆက်သွယ်လာပြီး မြန်မာနိုင်ငံသားများအား ပကျွတ်ခီလီခံခရိုင်မှတဆင့် စုခန်ခလာခရိုင် ဟတ်ယိုင်နယ်မြေသို့ပို့ဆောင်ပေးရန်ပြောဆိုရာ (၁)ဦးလျှင် အခကြေးငွေ(၃၀၀၀)ဘတ်ဖြင့် ပို့ဆောင်ပေးရန် လက်ခံခဲ့ကြောင်းနှင့် ယခင်ကလည်းတရားမဝင်မြန်မာနိုင်ငံသားများအား(၃)ကြိမ်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်နည်းလမ်းများဖြင့် ဝင်ရောက်လာသူများနှင့် ထိုသို့ဝင်ရောက်နိုင်စေရန် ကူညီထောက်ပံ့သည့် မည်သူမဆိုအရေးယူခံရမည်ဖြစ်ပြီးယခုဖြစ်စဉ်၌ပါဝင်ပက်သက်သူများကို စုံစမ်းဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားများအား နေရပ်သို့ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။