Friday, June 21, 2019

သုံးလတာ လုပ်အားခမရသည့် မြန်မာအလုပ်သမားများ သံအရာရှိရုံးသို့သွားရောက်အကူညီတောင်းခံ


ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ထာ့မကာမြို့နယ်ရှိ V & K နာနတ်သီးစက်ရုံ၌ ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် (၃)လတာ လုပ်အားခလစာမရရှိသဖြင့် ဘန်ကောက်မြို့ရှိ မြန်မာ
အလုပ်သမားသံအရာရှိရုံးသို့သွားရောက် အကူညီတောင်းခံကြောင်းသတင်းရရှိသည်။

အချိန်နဲ့တပြေညီ အလုပ်သမားသံအရာရှိရုံးအနေဖြင့် ထိုင်းအလုပ်သမားကာကွယ်ရေးဌာန(ဆဝါဒီကန်)၊
ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံး (ကျဟာငန်)တို့နှင့်ချိတ်ဆက်၍ လက်တလောဖြေရှင်းမှုများကို ဆောင်ရွက်
ထားရှိကြောင်းသိရသည်။



အလုပ်သမားသံအရာရှိရုံးအနေဖြင့် လိုအပ်ပါက နယ်မြေထိုင်းအလုပ်သမားအဖွဲ့စည်းများနှင့်ပူးပေါင်း
၍ ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ကြောင်း စုံစမ်းသိရရှိပါသည်။

အဆိုပါစက်ရုံသည် အလုပ်သမားအခွင့်ရေးချိုးဖောက်မှုများ ရှိသဖြင့် MOUစနစ်ဖြင့်အလုပ်သမားပို့ဆောင်ခွင့်အားပိတ်ပင်ထားကြောင်းနှင့် လွန်ခဲ့သည် နှစ်၌ အလာတူဖြစ်စဉ်မျိုးပေါ်ပေါက်သဖြင့် အလုပ်သမားသံ
အရာရှိဦးသန်းနိုင်နှင့် ထိုင်းဌာနဆိုင်ရာများပူးပေါင်း၍သွားရောက်ဖြေရှင်းပေးခဲ့ဖူးကြောင်းသိရှိရပါသည်။

Subscribe Us