Thursday, June 20, 2019

နေရပ်ပြန်ရန် အခက်ခဲဖြစ်နေသည့် ရေလုပ်သားနှစ်ဦး အလုပ်သမားသံအရာရှိရုံးထံ အကူညီတောင်းခံ



ထိုင်းနိုင်ငံ ကျန်ထဘူရီခရိုင်ရှိ ငါးဖမ်းလှေပေါ်၌ ရေလုပ်သားအဖြစ် ၀င်ရောက်အလုပ်လုပ်
ကိုင်နေကြသည့် မွန်ပြည်နယ် လမိုင်မြို့နယ် ကော့ဒွန်ကျေးရွာနေ ကိုဝင်းဘို(၃၀)နှစ် ၊
ကိုထွန်မင်း(၁၈)နှစ်တို့ နှစ်ဦးသည် နေရပ်ပြန်ရန် အခက်ခဲရှိနေသဖြင့်  အလုပ်သမားသံ
အရာရှိရုံးထံ ဆက်သွယ်အကူညီတောင်းခံလာသဖြင့် သွားရောက်ကူညီခဲ့ရကြောင်း အလုပ်
သမားသံအရာရှိရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ကော့ဒွန်ကျေးရွာနှင့်ရွာနီးစပ်ချုပ်နေ ပွဲစားဖြစ်သူတစ်ဦးက လှေပေါ်၌ အလုပ်
လုပ်ပါက လစာငွေတစ်လလျှင်မြန်မာကျပ်ငွေ ငါးသိန်းခန့်ရမည်ဖြစ်ကြောင်းပြောဆိုရာ
ယင်းတို့နှစ်ဦးက ယုံကြည်စိတ်ချစွာဖြင့် အလည်ဗီဇာပြုလုပ်၍ ထိုင်းနိုင်ငံသို့လိုက်ပါခဲ့ခြင်း
ဖြစ်ကြောင်းနှင့် လှေပေါ်တွင် ငါးလနီးပါး အလုပ်လုပ်ကိုင်ခဲ့ရသော်လည်း လစာငွေနှစ်လစာ
သာရခဲ့ကြောင်း အလုပ်သမားဖြစ်သူကိုဝင်းဘို(၃၀)နှစ်က ပြောသည်။




“ပွဲစားက လှေမှာမလုပ်နိုင်ရန်ပြန်ပို့ပေးမယ်ဆိုပြီးပြောခဲ့တယ်၊ လှေအလုပ်ကအရမ်းပင်ပမ်းတော့
မလုပ်နိုင်လို့အိမ်ပြန်ချင်တယ်ဆိုပြီးပွဲစားကိုပြောတာပြန်မပို့ပေးဘူး၊ ကျနော်တို့လည်းကြာရင်
ဒုက္ခဖြစ်တော့မှာကြောက်လို့ အလုပ်သမားသံအရာရှိရုံးကို ဆက်သွယ်အကူညီတောင်းခံခဲ့တာပါ”လို့
ကိုဝင်းဘို(၃၀)နှစ်ကပြောသည်။

ရေလုပ်သားဖြစ်သူ  ကိုဝင်းဘို(၃၀)နှစ် နှင့် ကိုထွန်မင်း(၁၈)နှစ်တို့သည် လှေပေါ်တွင် ဆက်လက်
အလုပ်မလုပ်နိုင်သဖြင့် မိဘများထံဆက်သွယ်ပြောဆိုခဲ့ရာ မိဘများက မော်လမြိုင်မြိုရှိ MRC(
ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဗဟိုဌာန)ရုံးသို့သွားရောက်အကူညီတောင်းခဲ့ရာ
ထိုမှတဆင့် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးနှင့် အဆက်သွယ်ရရှိခဲ့ကြောင်းသိရသည်။

အလုပ်သမားသံအရာရှိရုံးအနေဖြင့် ကိုဝင်းဘို(၃၀)နှစ် ၊ကိုထွန်မင်း(၁၈)နှစ်တို့နှင့် ဖုန်းအဆက်သွယ်ရရှိ
သည့်နောက် ကျန်ထဘူရီခရိုင်ရှိ ထိုင်းအလုပ်သမားကာကွယ်ရေးဌာန(ဆ၀ါဒီကန်)၊ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံး
(ကျဟာငန်)နှင့် ထိုင်းရေလုပ်သမားများကာကွယ်ရေးဌာန(ပါ့ပို)တို့ကိုဆက်သွယ်၍ (၁၈.၉.၂၀၁၉)ရက်နေ့
ညအချိန် လှေကမ်းကပ်စဉ် သံအရာရှိဦးရဲရန်အောင်နှင့်မဟာချိုင်မြို့အခြေစိုက်MWRNအဖွဲ့က ဦးအောင်
ကျော်တို့က သွားရောက်ခေါ်ယူခဲ့ကြောင်းသိရသည်။

“အဓိကတော့ ကျနော်တို့နိုင်ငံသားအလုပ်သမားနှစ်ဦး ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ နေရပ်ကိုပြန်ပို့နိုင်ရေးနဲ့
အလုပ်သမားတွေ အခွင့်ရေးချိုးဖောက်ခံရတာနဲ့ပက်သက်ပြီး နယ်မြေဆ၀ါဒီကန်ရုံးအပါဝင် ဌာနဆိုင်ရာတွေနဲ့
ချိတ်ဆက်ပြီး ဆက်လက်ဆောင်ရွက်ပေးဖို့ရာ ကာယကံရှင်တွေဆန္ဒက နေရပ်ပဲ ပြန်ချင်တာဖြစ်လို့ သူတို့
ကိုပြန်ပို့ဖို့ကိုပဲစီစဉ်ဆောင်ရွက်ပေးနေပါတယ်”ဟု အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။

ရေလုပ်သားနှစ်ဦးဖြစ်သူ ကိုဝင်းဘို(၃၀)နှစ် ၊ကိုထွန်မင်း(၁၈)နှစ်တို့အား မယ်ဆောက်မြ၀တီမှတဆင့် နေရပ်ပြန်
ပို့နိုင်ရန် သံအရာရှိရုံးအနေဖြင့် စီစဉ်ဆောင်ရွက်ထားကြောင်းသတင်းရရှိပါသည်။


Subscribe Us