Thursday, May 16, 2019

မြန်မာအလုပ်သမား အယောက်၁၀၀ ဖမ်းဆီးခံရ



ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်နယ်မြေ မဲဆောက်-မဲတောင်(ဝ်)လမ်းရှိ မြန်မာနိုင်ငံသားများနေထိုင်ရာ
နေအိမ်တို့ကို ယနေ့(၁၆.၅.၂၀၁၉) နံနက်(၆)နာရီအချိန်ခန့်၌ တာ့ခ်ခရိုင်လူဝင်မှူကြီးကြပ်ရေးဌာန ရဲဗိုလ်မှူးကြီး Mr.Manat Ratanaprathip ညွှန်ကြားချက်အရ လူဝင်မှူကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့ဝင်များ ၊နယ်မြေခံစစ်ဖက်ဆိုင်ရာအဖွဲ့ဝင်များနှင့် ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံး (ကျဟာငန်)တို့ပါဝင်သည် ပူးပေါင်းအဖွဲ့များ ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ စစ်ရေးအဖွဲ့ဝင်များသည် မဲတောင်အိမ်ယာရှိ မြန်မာအလုပ်သမားများအား သက်သေခံစာရွက်စာတမ်းများမှန်ကုန်မှုရှိမရှိတို့ကိုစစ်ဆေးပြီး အထောက်ထားမှန်ကန်မှုရှိသူများကို ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။



“ ထိုင်းနိုင်ငံထဲကို တရားမဝင်အလုပ်သမားတွေ နေ့စဉ်ဆိုသလို ဝင်လာနေတဲ့အတွက် တာဝန်ရှိသူတွေကထိုင်းနိုင်ငံ လုံခြုံရေးနဲ့တရားမဝင်အလုပ်သမားပပျောက်စေရေပြီးတော့ ရာဇဝတ်မှုကိစ္စရပ်တွေပပျောက်အောင် အခုလိုမျိုး အလုပ်ရုံနေရာတွေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေအနေများတဲ့နေရာတွေကိုမကြာခဏစစ်ဆေးတာတွေပြုလုပ်လျက်ရှိပါတယ်” လို့ အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။


ဆက်လက်၍ မြန်မာအလုပ်သမားများအနေဖြင့် မိမိတို့သက်သေခံစာရွက်စာတမ်းများပြည့်စုံမှန်ကန်စွာ
ဆောင်ရွက်ထားရှိရန်နှင့် အလုပ်နေရာနှင့်ဝပ်ပါမစ်မတူညီပါက ပြောင်းလဲထားခြင်းများပြုလုပ်ထားရန်
ပြောကြားသည်။


ယခုလို စစ်ဆေးမှူပြုလုပ်ရာတွင် အထောက်ထားမဲ့ တရားမဝင် ဝင်ရောက်နေထိုင်ကြသည့်မြန်မာအလုပ်သမား(၁၀၀)ဦး ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိသည့်တရားမဝင်မြန်မာအလုပ်သမားများအား ဥပဒေနဲ့အညီဆောင်ရွက်ပြီးနေရပ်သို့ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်းသိရသည်။

Subscribe Us