Wednesday, May 15, 2019

ပထုန်ဌာနီခရိုင်၌ ကိုယ်ပိုင်ဈေးရောင်းနေသည့် ဗီယက်နမ်နိုင်ငံသားများဖမ်းဆီးခံရ


 ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် ခလွန်လုံဝါနယ်မြေရှိ အိမ်နံပါတ်မရှိ နေအိမ်တစ်ခုတွင်ဗီယက်နမ်အလုပ်သမားအဖွဲ့ တားမြစ်ထားသည့် ဈေးရောင်းလုပ်ငန်းလုပ်နေသည့်အဖွဲ့အား ယမန်နေ့က ပထုန်ဌာနီခရိုင် လုံခြုံရေးနှင့်စစ်ဆေးရေးဌာနချုပ် ဗိုလ်မှုးကြီးMr.Charat Drawnik ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့များ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။





ဗိုလ်မှူးကြီး Mr.Charat Drawnik ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံသားများကိုယ်ပိုင်လုပ်ငန်းလုပ်
ကိုင်နေကြကြောင်း၊ပထုန်ဌာနီခရိုင် Damrongtham Center သို့နယ်မြေခံများ၏တိုင်ကြားချက်အရ
ဝင်ရောက်စစ်ဆေးခြင်းဖြစ်ကြောင်းပြောသည်။

တားမြစ်ထားသည့်အလုပ်များလုပ်နေသည့် ဗီယက်နမ်နိုင်ငံသားတို့ကိုစစ်ဆေးရေးအဖွဲ့မှ အထောက်ထားတစ်စုံတစ်ရာမရှိခြင်း နှင့် အလုပ်လုပ်ခွင့်လက်မှတ်မရှိခြင်းတို့ဖြင့် တရားစွဲဆိုကာ ဥပဒေအတိုင်းအရေးယူဆောင်ရွက်နိုင်ရန် ခလွန်လုံဝါနယ်မြေရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

Subscribe Us