Friday, May 17, 2019

ကုန်းတံတားပေါ် ဆိုင်ကယ်မောင်းနှင်လာသည့် မြန်မာနိုင်ငံသားနှစ်ဦး တံတားပေါ်မှပြုတ်ကျ



ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မီ(င်)နယ်မြေ နာခီရပ်ကွက် အုပ်စု(၃) ဝပ်စဒု(အိမ်ထောင်ပရိဘောဂအရောင်းကုမ္ပဏီ)အရှေ့ ဖတ်လမ်စောင်လမ်းမ မဟာချိုင်ပြန်ဝင်သည့် ကုန်းတံတားအကွေ့ ဆိုင်ကယ်မတော်တဆပြုတ်ကျမှုတစ်ခုသည် ယနေ့(၁၇.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန့်၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။


စစ်ဆေးရေးအရာရှိများသွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်ပွားရာနေရာ၌ မြန်မာအလုပ်သမား(၂)ဦးစီးလာသည့် Click အနီရောင်ဆိုင်ကယ် လိုင်စင်အမှတ်  (1กฬ 3869)     ကုန်းတံတားပေါ် ကျန်ခဲ့ကာ မြန်မာအလုပ်သမား(၂)ဦးလုံးသည် ကုန်းတံတားအောက်ပြုတ်ကျကာ ကိုအောင်နိုင်ထွန်းမှာ အခင်းဖြစ်သည့်နေရာ၌်ပင်သေဆုံးကာနောက်(၁)ဦးဖြစ်သည့် ကိုလှထွေးကျော်နီမှာ ဒဏ်ယာရရှိသဖြင့် တာဝန်ရှိသူများမှ ဧကချိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှစ်ပတ်သတ်၍ မျက်မြင်ဖြစ်သူများအားစစ်ဆေးမေးမြန်းရာ ထိုင်းအမျိုးသားတစ်ဦး၏ပြောကြားချက်အရ မိမိနှင့် ဇနီးဖြစ်သူမှာ ဘန်ကောက်မြို့သို့သွားရန် ကားမောင်းနေစဉ် မိမိကားရှေ့သို့ကုန်းတံတားအပေါ်မှတစ်စုံတစ်ခုပြုတ်ကျလာပြီး မိမိကားအရှေ့မှ မောင်းနှင်နေသည့်  Toyota Camry အမျိုးစား လိုင်စဉ်နံပါတ်(5 กธ2197 ) တိုက်မိသဖြင့် ကားပျက်စီးမှုရှိခဲ့ကြောင်းပြောသည်။

 ၎င်းဖြစ်စဉ်နှင့်ပတ်သတ်၍ အသေးစိတ်ကို  စစ်ဆေးရေးအရာရှိများ၏ စစ်ဆေးမှုကို စောင့်ကြည့်ရမည်ဖြစ်ကြောင်းကို ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့်  စမွတ်ဆာခွန်သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။



Subscribe Us