Saturday, May 18, 2019

မြန်မာအလုပ်သမားသုံးဦးကို သေနတ်တစ်လက်နဲ့အတူဖမ်းဆီးရမိ




ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် ခလွန်လုံဝါမြို့နယ် ခလွန်စမ်လမ်းအတွင်းရှိ လူနေတန်းလျာတစ်ခု၌ မူးယစ်ဆေးဝါးသုံးနေသည့်  မြန်မာအလုပ်သမား(၃)ဦးကို လက်နက်များနဲ့အတူ ယမန်နေ့(၁၇.၅.၂၀၁၉)၌ ဖမ်းဆီးရမိကြောင်းထိုင်းရုပ်သံသတင်းဌာနဖြစ်သည့် နံပါတ်(၈)၏ဖော်ပြချက်ရသိရသည်။


ဖြစ်စဉ်မှာ မြန်မာအလုပ်သမားများသည် အုပ်စုဖွဲ့မူးယစ်ဆေးဝါးသုံးစွဲပြီး ဆူညံနေသဖြင့် အနီးပတ်ဝန်း
ကျင်၌ နေသူများက မဆူညံရန်သွားရောက်ပြောဆိုရာတွင် သေနတ်ဖြစ်ပြန်လည်ခြိမ်းခြောက်သဖြင့်
သက်ဆိုင်ရာသို့ ဆက်သွယ်အကူညီတောင်းခံခဲ့ကြောင်းသိရသည်။


ထို့နောက်  ခလွန်လုံဝါအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အခင်းဖြစ်ရာသို့ ဝင်ရောက်စစ်ဆေးရာတွင်မူးယစ်ဆေးဝါးသုံးစွဲနေသည့် မြန်မာအလုပ်သမားများသည် စစ်ဆေးရေးအဖွဲ့များရောက်ရှိလာသဖြင့် ခြေဦးတည်ရာထွက်ပြေးတွင် မောင်စော(၂၂)နှစ်အားဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးရာ နံပါတ်ပြားမရှိ သည့် အနီရောင်ဟွန်ဒါ MSXအမျိုးစားဆိုင်ကယ်အောက်၌ ဖွက်ထားသည့် ထိုင်းနိုင်ငံထုတ်သေနတ်တစ်လက်၊ကျည်ဆံမျိုးစုံ(၂၀)တောင့်တို့ကို သိမ်းဆည်းရမိပြီး ထွက်ပြေးသွားသည့် မြန်မာအလုပ်သမားများကို လိုက်လံဖမ်းဆီးရာ (၂)ဦးကို ထပ်မံဖမ်းဆီးရမိကြောင်းသိရသည်။

ဖမ်းဆီးရမိသည့် မြန်မာအလုပ်သမား(၃)ဦးတို့ကို ခလွန်လုံဝါရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားပြီး ထပ်မံစစ်ဆေး
ချက်များပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Subscribe Us