Sunday, June 02, 2019

ထိုင်းနိုင်ငံ ကဘီၤမြို့ရှိ ဆန္ဒပြည့်ဝအဘယလာဘမုနိစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲစည်းကားသိုက်မြိုက်စွာ ကျင်းပ




ထိုင်းနိုင်ငံတောင်ပိုင်း ကဘီမြို့ စိုင်ထိုင်းရပ်ကွက်ချောင်းစမ်ကဲ့ယော့ တောရကျောင်းဝန်းအတွင်း၌ မြန်မာအလုပ်သမားများစုပေါင်း၍ တည်ထားပူဇော်သည့် ဉာဏ်တော် အတောင်(၃၀)နှင့် (၁)မိုက်ရှိ ဆန္ဒပြည့်ဝအဘယလာဘမုနိစေတီတော်မြတ်ကြီးအား ယနေ့(၂.၆.၂၀၁၉)ရက်နေ့၌ ထီးတော်တင်လှူခြင်း မင်္ဂလာအခမ်းအနားကို စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

ထီးတော်တင်လှူပူဇော်ပွဲမင်္ဂလာအခမ်းအနားသို့ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး၊ဦးကျော်စိုးဝေနှင့် အခြားဖိတ်ကြားထားသည့် ဌာနဆိုင်ရာဧည့်သည်တော်များ လူမှုအဖွဲ့စည်းများနှင့် မြန်မာအလုပ်သမားများတတ်ရောက်ကြသည်။




ဆက်လက်၍ မင်္ဂလာအခမ်းအနား တက်ရောက်လာကြသူများသည် ဆရာတော် ၊ သံဃာတော်များအားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။






Subscribe Us