Monday, May 13, 2019

တရားမ၀င်နည်းလမ်းဖြင့် မလေးရှားနိုင်ငံသွားမည့် မြန်မာနိုင်ငံသား ၂၇ဦး ထိုင်းနိုင်ငံအတွင်း အဖမ်းခံရ



မေလ ၁၁ရက်နေ့၌ ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ် ဘန်းဖလုရပ်ကွက်အနောက်ဖက်ဂေါက် ကွင်းအနီးရှိ တောထဲ၌ ပုန်းအောင်းနေသည့် မလေးရှားနိုင်ငံသို့သွားမည့် မြန်မာနိုင်ငံသား(၂၇)ဦးနှင့်
လူကုန်ကူးသူ(၁)ဦးတို့ကို ဖမ်းဆီးရမိကြောင်းသိရသည်။


ထို့နောက် ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ၎င်းတို့သည် ရန်ကုန်မြို့မှတဆင့် လာကြသူများဖြစ်ပြီးထိုင်းနိုင်ငံထဲသို့ ရနောင်းမြို့မှတဆင့်ဝင်ရောက်လာသူများဖြစ်ပြီးခရီးထွက်လာသည့်(၇)ရက်ရှိပြီးူတောထဲ၌ ပုန်းအောင်းနေသည့် (၅)ရက်အတွင်း အစားမစားရဘဲ ရေတမျိုးတည်းေ သာက်ကာနေခဲ့ရကြောင်း အဖမ်းခံရသူ ၁ဦး၏ ပြောကြားချက်အရသိရသည်။


“အခုလိုမျိုးဖြစ်ရတဲ့အကြောင်းရင်းကတော့ လူကုန်ကူးပွဲစားတွေရဲ့စကားကိုယုံကြည်ပြီး ထိုင်းအပါဝင်မလေးရှားနိုင်ငံတွေ ကို တရားမဝင်နည်းလမ်းတွေနဲ့ သွားကြတာပေါ့နော်၊ တရားမဝင်လမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲဝင်ရောက်လာပြီး အခက်ခဲတွေ့ကြုံနေရတဲ့မြန်မာနိုင်ငံသား ၇ဦးကိုလည်းလက်ရှိအချိန်မှာ ကျနော်တို့ စောင့်ရှောက်ထားပြီး နေရပ်ပြန်ပို့ဖို့စီစဉ်နေပါတယ်” လို့အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြော သည်။


ထိုင်းတာဝန်ရှိသူများက ယခုဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား (၂၇)ဦးအား နေရပ် ပြန်ပို့ဖို့ စီစဉ်ေ
နကြောင်း သိရသည်။

အလုပ်သမားသံအရာရှိရုံး(ဘန်ကောက်)ကလည်း ထိုင်းနိုင်ငံအပါဝင်ပြည်ပနိုင်ငံများသို့ သွားရောက်
အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကုန်ကူးမခံရစေရန်၊ မှန်ကန်သော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန် နှင့် ပြည်ပနိုင်ငံများသို့တရားဝင် အလုပ်သွားရောက် လုပ်ကိုင်နိုင်မည့် နည်လမ်းများ
 ၊ အခွင့်အရေးများနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်၊တိုင်းဒေသကြီး၊မြို့နယ်
များရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်းသတင်
းရရှိပါသည်။

Subscribe Us