Monday, May 13, 2019

31-မတ်-2020 တွင် သက်တမ်းတွင် ကုန်ဆုံးမည့် CI နှင့် စာအုပ်ကြီးများကိစ္စ



၁။ ထိုင်းနိုင်ငံအတွင်း များမကြာမီရက်များအတွင်း သတင်းထွက်ပေါ်ခဲ့သော ၂၀၂၀ မတ် လ ၃၁ ရက်ကုန် ဆုံးမည့် CI စာအုပ်ကိုင်ဆောင်ထားသူများသည် ဗီဇာသက်တမ်းထပ်မံ မတိုးတော့တော့ ကြောင်း၊ သက်တမ်းကုန်ဆုံးမည့် ရက်မတိုင်မှီ MOU- Utrun စနစ် ကို ပြန်လည် ဆောင်ရွက်ရမည် ဆိုသည့် သတင်းကြောင့် ၊ CI စာအုပ်ကိုင်ဆောင်ထားသူများ အနေဖြင့် စိုးရိမ်မှုများဖြစ်ခဲ့ရကြောင်း ၊ သတင်းများအရ သိရှိရပါသည်။





၂။ သို့ဖြစ်ပါ၍ ယနေ့(၁၃-၅-၂၀၁၉) ရက်နေ့တွင် စတင်ကျင်းပသည့် အစည်းအဝေးမတိုင်မှီ ထိုင်းနိုင်ငံဘက်ခြမ်း တာဝန်ရှိသူများနှင့် အထူးအစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပြီး ယင်းကိစ္စရပ်အတွက် အောက်ပါအတိုင်း ကနဦး ဖြေလျော့ ခွင့်အား တောင်းဆို အတည်ပြုဆုံးဖြတ်နိုင်ခဲ့ပါသည်-



(က) ၃၁-၃-၂၀၂၀ ရက်နေ့ အတွင်း ကုန်ဆုံးမည့် Visa နှင့် Work Permit များကို ၃၁-၁၂-၂၀၂၀ ရက်နေ့အထိ နောက်ထပ် ၉ လ သက်တမ်းကနဦး ထပ်မံတိုးပေးမည် ဖြစ်ပါသည်။ ၎င်းအလုပ်သမားများသည် သက်တမ်း မကုန်ဆုံးခင်ကာလအတွင်း မည်သည့်နည်းလမ်းဖြင့် MOU-U Turn Process ကို ဆောင်ရွက်ရမည် ကို ထိုင်းနိုင်ငံဘက်ခြမ်းနှင့် အသေးစိတ်ထပ်မံ ညှိနှိုင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။ အလုပ်သမားဦးရေ ၆ သိန်း ခန့် MOU U Turn စနစ်ဖြင့် ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ရာ မိမိတို့အနေဖြင့် ယခုလက်ရှိ MOU U Turn စနစ် ထက်ပိုမိုချောမွေ့သော Process ကို Working Group အဆင့်တွင် ထပ်မံဆွေးနွေးပြီး၊ နှစ် နိုင်ငံအဆင့် တွင် အတည်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။



(ခ) ၁-၁၁-၂၀၁၉ ရက်နေ့တွင် ကုန်ဆုံးမည့် CI ကိုင်ဆောင်ထားသည့် ရေလုပ်သား များသည် လည်း
ဖော်ပြပါ အပိုဒ်(က)ပါအတိုင်း အကျုံးဝင်မည်ဖြစ်ပါသည်။


(ဂ) ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ယခု Data Collection Center တွင် လည်းကောင်း ထုတ်ပေးထားသော ME Bangkok စာအုပ်များအားလုံးအားလည်း၊ အပိုဒ်(က)ပါအတိုင်း အကျုံးဝင်ပါသည်။ ၎င်းစာအုပ်ကိုင်ဆောင်ထားသူများသည် စာအုပ်သက်တမ်း(၂) နှစ်နှင့် အထက် ကျန်ရှိပါက MOU စနစ်ဆောင်ရွက်ချိန်တွင် ယင်းစာအုပ်အား ပြန်လည် အသုံးပြုနိုင်မည် ဖြစ်ပါသည်။


၃။ ထိုင်းနိုင်ငံသည် ရောက်ရှိအလုပ်သမားများအားလုံးကို MOU စနစ်ဖြင့် ဆောင်ရွက် ရမည် ဖြစ်သော်လည်း၊ ထိုင်းနိုင်ငံမူဝါဒနှင့် MOU Uturn Process ကို အဆင်ပြေဆုံးဖြစ်အောင်၊ လုပ်ငန်းစဉ်များ လျော့ ချခြင်း၊  စာချုပ်ချုပ်ဆိုသည့် စခန်းများ ထပ်မံတိုးမြှင့် ဖွင့်လှစ်ဆောင်ရွက်ခြင်းနှင့် ရရှိပြီးသောအချိန်ကာလထက် ထပ်မံတိုးမြှင့် နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရရှိရေး၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရမှ ထုတ်ပေးထားသော အထောက်အထားတစ်ခုခု ကို ကိုင်ဆောင်၍ MOU စာချုပ် ချုပ်ဆိုနိုင်ရေး ၊ တို့အတွက် သက်ဆိုင်ရာ Working Group အစည်းအဝေး များတွင် ထပ်မံဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။Internatioanl Labour Organization ၏ မူဝါဒအရ ထိုင်းနိုင်ငံသည် နှစ်နိုင်ငံသဘောတူသည့် MOU စနစ်ကို စာချုပ်ချုပ်ဆို ဆောင်ရွက်မည့် အခြေအနေတွင် မြန်မာနိုင်ငံဘက်ခြမ်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တို့ အနေ ဖြင့်မြန်မာနိုင်ငံသားများအားလုံး ၏အကျိုးငှာ ထိုင်းရောက် မြန်မာနိုင်ငံသားများအားလုံး ၏ အခက်အခဲများ၊ ဆောင်ရွက်ပေးရန်ရှိသည်များကို အစဉ်တစိုက် နားထောင်လျက်ရှိပြီး၊ ယခု ကနဦး သဘောတူညီချက်သည် လည်း လက်ရှိကာလအရဖြစ်ပေါ်ခဲ့ သည့် အခြေအနေတစ်ရပ်အပေါ်တွင် အဆင်ပြေဆုံးဖြစ်အောင် အမြန်ဆုံး ညှိနိုင်း ဆောင်ရွက်ပေးထားခြင်း ဖြစ်ပါသည်။ ယခုထက် ပိုမိုလိုအပ်သော အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ပြီး၊ ရရှိသော အချက်အလက် များကိုလည်း အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။



(ဃ) ထိုင်းနိုင်ငံသည် လည်း ရွေးကောက်ပွဲကာလဖြစ်သဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်းဆောင်ရွက် ပြီးသည့် အချိန်တွင် ဖော်ပြပါ စာအုပ် သက်တမ်းများအားလုံးအတွက် နေထိုင်အလုပ်လုပ်ကိုင်ခွင့် ကို ဆက်လက်ညှိနှိုင်းတင်ပြသွားမည်ဖြစ်ပြီး၊ ၃၁-၃-၂၀၂၀ ရက် မတိုင်မှီ မိမိတို့ ဗီဇာသက်တမ်း များကို ခွင့်ပြု ညှိနှိုင်းထားရှိသည့် အတိုင်း ဆက်လက် သက်တမ်း တိုးထားကြရန် တိုက်တွန်း အပ်ပါသည်။



(င) မြန်မာနိုင်ငံသား အလုပ်သမားများအနေဖြင့်လည်း ကောင်း၊ လူမှုအဖွဲ့ အစည်းများအနေဖြင့် လည်းကောင်း၊ အလုပ်သမားရေးရာကိစ္စ ရပ်များနှင့် ပတ်သက်၍ အကြံပြု လိုပါက ဖုန်းဖြင့် ချိတ်ဆက်၍ လည်းကောင်း ၊ အလုပ်သမားသံအရာရှိရုံး မေးလ်သို့ လည်းကောင်း တိုက်ရိုက်ဆက်သွယ်အကြံပြု နိုင်ပါသည်။



အလုပ်သမားသံအရာရှိရုံး

ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

Subscribe Us