Saturday, March 30, 2019

ထိုင်းနိုင်ငံအတွင်းတရားမဝင် ဝင်ရောက်နေထိုင်သော နိုင်ငံခြားသားများဖမ်းဆီး


 ၂၀၁၉ ခုနှစ် ၊ မတ် ၃၀ ရက်၊ စနေနေ့ ၊ အလုပ်သမားဟစ်တိုင်၊ ဘန်ကောက်

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်းရှိတရားမဝင်နေထိုင်သူများနှင့် ရာဇဝတ်မှုများပပျောက်နိုင်ရန်အတွက်မတ်လ(၂၉)ရက် ၂၀၁၉ ည ၉နာရီ၃၀မိနစ်မီနစ်အချိန်ခန့်တွင် ဖတ်နခွန်နယ်မြေ ချစုန်ခလာမ်နယ်မြေစသည်နယ်မြေများရှိ နေရာ(၂၆၀)ခန့်ရှိ Barဆိုင်  hotel,guest house,rental house,ကွန်ဒိုမီနီယမ် ,နိုင်ငံခြားသား များနေထိုင်တတ်ကြသည့် နေရာများသို့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ဗိုလ်ချုပ်မှူးကြီး စုရချေး ဟာ့(က်)ဖတ်ဦးဆောင်သော စစ်ဆေးရေး အရာရှိ များပိတ်ဆိုစစ်ဆေးခဲ့ကြောင်းသိရသည်။





စစ်ဆေးတွေရှိချက်အရ (၂၅.၁၂.၂၀၁၈)က နေရပ်ပို့ခံရသော မလေးရှားနိုင်ငံသားMr.Laman Das Sundar Shah သည် (၂၆.၃.၂၀၁၉)နေ့က တရားမဝင် ဝင်ရောက်ကာ ထိုင်းနိုင်ငံအတွင်းဝင်ရောက်နေထိုင်ပြီး ဖမ်းဆီးခံရ ကြောင်းသိရသည် ။

Mr.Laman..သည် မလေးရှားနိုင်ငံတွင် မလေးငွေ (၃၃၄၀၀၀)ရင်းဂစ် ထိုင်းဘတ်ငွေအားဖြင့်ဘတ်ငွေ (၂.၆၈)သန်းဘတ် ငွေကြေးလိမ်လည်မှုဖြင့် ဝရမ်းရှိ တရားခံတစ်ဦးဖြစ်ကြောာင်းသိရသည်။

ထို့အပြင် တရားမဝင် နိုင်ငံခြားသား(၁၀)ဦးနှင့် Over stay (၁)ဦး ချွန်ဘူရီခရိုင်အတွင်းလျှို့ဝှက်  ကောစင်တာ ဖွင့်လှစ်ထားသူအဖွဲ့(၁၅)ဦး အား ဆက်လက်ဖမ်းဆီးရမိကြောင်းသိရသည်။

ဗိုလ်ချုပ်မှူးကြီး စုရချေး ပြောကြားချက်အရျထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများလက်ခံနေထိုင်ထားရှိပြီး   hotel,Guest house,Rental house,ကွန်ဒိုမီနီယမ်  စသည့်နေရာတို့မှ လက်ခံထားရှိပြီး (၂၄)နာရီအတွင်း သက်ဆိုင်ရာဌာနသို့ တိုင်ကြားရမည်ဖြစ်ကြောင်းနှင့် အရေးပေါ်မေးမြန်းလိုပါက 1178အားဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ပြောသည်။

Subscribe Us