Sunday, March 24, 2019

ဧည့်စားရင်းမတိုင်ကြားသူနှင့်တားမြစ်အလုပ်အားလုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအရေးယူခံရ



ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ထားမူးဝါးနယ်မြေ လန်စာလီရပ်ကွက် အုပ်စု(၂) ခြံအမှတ် (၉၉/၉) Asia Fructose အမည်ရှိ လုပ်ငန်းဝန်းအတွင်း မြန်မာအလုပ်သမားများနေထိုင်သည့် အခန်းများသို့ (၂၁.၃.၂၀၁၉) နံနက်(၁၀)နာရီအချိန်ခန့်၌ ကန်ချနဘူရီခရိုင် လူဝင်မှူကြီးကြပ်ရေးရဲအရာရှိများနှင့် ကျဟာငန်(အလုပ်အကိုင်ရှာဖွေရေးဌာန)အဖွဲများ ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ဆေးတွေ့ရှိချက်အရ မြန်မာအလုပ်သမား(၅)ဦးသည် (၂၄)နာရီအတွင်းသက်ဆိုင်ရာဌာနတွင် ဧည့်စားရင်းတိုင်ကြားရန်ပျက်ကွက်မှူဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ  တစ်ဦးလျှင် ဘတ် (၈၀၀၀)စီ ဒဏ်ငွေချမှတ်ခံရကြောင်းသိရသည်။




ဆက်လက်၍ စစ်ရေးအဖွဲ့များသည် နေ့လည်(၁)နာရီအချိန်တွင် စယ်တော်ရပ်ကွက် အုပ်စု(၇) ဈေးတစ်ခုတွင် ဈေးရောင်းနေသည့် မြန်မာအမျိုးသမီး မသီတာ အသက်(၃၂)နှစ် နိူင်ငံကူးစာအုပ်အမှတ်  (CC 6670022) သည်တားမြစ်အလုပ်အကိုင်(၂၉)မျိုး၌ တစ်ခုဖြစ်သည့်  ဈေးရောင်းချမှုဖြင့် ဖမ်းဆီးခဲ့ပြီး ထိုင်းအလုပ်သမားဥပဒေအတိုင်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။



ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားအလုပ်သမားများအား တားမြစ်ထားသည့်လုပ်ငန်း(၂၉)မျိုးပက်သက်၍ တာဝန်ရှိသူများသည် ယခုလ(၁၅)ရက်နေ့မှ(၁၆)ရက်နေ့အထိ ကန်ချနဘူရီခရိုင်ရှိ  လုပ်ငန်းရှင်များခေါ်ယူကာ အသိပညာပေးမှုများလုပ်ဆောင်ခဲ့ပြီးဖြစ်ကာ အကယ်၍ အလုပ်ရှင်နှင့်အလုပ်သမားများအနေဖြင့် ထိုင်းအလုပ်သမားဥပဒေအရတားမြစ်လုပ်ငန်းများ ခိုင်းစေခြင်းနှင့်လုပ်ကိုင်ခြင်းများ စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

Subscribe Us