Wednesday, March 20, 2019

အုတ်ကျွတ်အမိုးတက်လဲသည့် မြန်မာအလုပ်သမားတစ်ဦး ဓာတ်လိုက်


၂၀.၃.၂၀၁၉ ၊ မဟာချိုင် ၊အလုပ်သမားဟစ်တိုင်

ယနေ့ နံနက် ၉နာရီအချိန်ခန့်တွင် စမူစာခွန်ခရိုင် မီ(င်)နယ်မြေ ထားစိုင်ရပ်ကွက် အုပ်စု(၈)၌ ဖွင့်လှစ်ထားသည့် ချိုဟွကုန်စုံဆိုင်ခေါင်မိုပေါ်တွင် ဓာတ်လိုက်ခံရသူတစ်ဦး လဲကျနေကြောင်း စမူဆာခွန်
ရဲစခန်းမှအမှုစစ်ဆေးရေးအရာရှိ Prawit Nanjuntiကသတင်း လက်ခံရရှိသဖြင့် စစ်ဆေးရေးအရာရှိအဖွဲ့ ၊လူမှုကယ်ဆယ်ရေးအဖွဲ့နှင့်ဝိချိုင်ဝေ့ဆေးရုံဝန်ထမ်းများ သွားရောက်ခဲ့ကြောင်းသိရသည်။





အခင်းဖြစ်ပွားသည့် ကုန်စုံဆိုင်ခေါင်မိုးပေါ်တွင် မြန်မာအလုပ်သမားကိုစိုးနိုင် အသက်(၄၅)နှစ်သည် ညာဘက်လက်မောင်းမီးလောင်ဒဏ်ရာဖြင့် သတိလစ်နေသဖြင့် လူမှူကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်ပြုစုခဲ့ရာ သတိပြန်ရရှိလာသဖြင့် မဟာချိုင်မြို့ရှိ ဝိချိုင်ဝေ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။



တာဝန်ရှိစစ်ဆေးရေးအဖွဲ့က အခင်ဖြစ်ပွားရာ ကုန်စုံဆိုင်ပိုင်ရှင်Mr.Ekkathit Charoenphonphong အား
စစ်ဆေးမေးမြန်းရာ ''မနေ့က လျှပ်စစ်ဌာမှ၎င်းဓာတ်တိုင်ရှိလျှပ်စစ်ကြိုးများလာရောက်လုပ်ဆောင်ရာ မိမိဆိုင်ခေါင်မိုးပေါ်ကအုပ်ကျွတ်အမိုးများကွဲကြေသဖြင့် ပြန်လည်အစားထိုးရန် ကိုနိုင်စိုးအားခိုင်းစေခဲ့ခြင်းဖြစ်ကာ ကိုနိုင်စိုးသည် ဓာတ်တိုင်ရှိဗို့အား(၂၀၀၀၀)အားရှိသည့် မီးကြိုးနှင့် တိုက်မိရာပြီး ဓာတ်လိုက်ကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ကံကောင်းလို့ အသက်မသေတာ´´ လို့ အလုပ်ရှင်ဖြစ်သူ မှပြောသည်။

စစ်ဆေးရေးအရာရှိများမှ ၎င်းအဖြစ်ပျက်နှင့် ပါဝင်ပတ်သတ်သူများအား စစ်ဆေးပြီးအရေးယူဆောင်ရွက်သွားဖြစ်ကြောင်း သိရသည်။

Subscribe Us