Wednesday, March 20, 2019

စမူပုရာကန် လူဝင်မှုကြီးကြပ်ရေးမှ ဧည့်စာရင်းတိုင်ကြားထားမှုမရှိသည့် မြန်မာ နှင့် ကမ္ဗောဒီးယား အလုပ်သမား(၈၁)ဦးဖမ်းဆီးခံရ


ထိုင်းနိုင်ငံ စမုပရာကန်ခရိုင် ဘန်ဖီနယ်မြေ ဘန်ချိုလုံ(င်)ရပ်ကွက် အုပ်စု(၄) လုံဖောတို့(ပ်)ဥပဌာန်လမ်းရှိ Shin Tech ဆောက်လုပ်ရေးလုပ်ငန်းခွင် အား (၁၉.၃.၂၀၁၉)နံနက်(၈)နာရီအချိန်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ၊ဘန်ကဲဝိုရဲစခန်းမှရဲတပ်ဖွဲ့ဝင်၊ စမုပရာကန်ခရိုင် ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံး (ကျဟာငန်)မှတာဝန်ရှိသူများ၊ ဘန်ကဲဝိုနယ်မြေစစ်ဆေးရေးအဖွဲ့နှင့် ခရီးသွားရဲတပ်ဖွဲ့ တို့ ဝင်ရောက်
စစ်ဆေးခဲ့ရာ မြန်မာနှင့် ကမ္ဗောဒီးယား အလုပ်သမား (၂၀၀၀)ဦးခန့် တွေ့ရှိခဲ့ကြောင်းသိရသည်။




၎င်းအလုပ်သမား (၂၀၀၀)ဦးခန့်သည် Shin Teachဆောက်လုပ်ရေးကုမ္မဏီနှင့် အခြားဆောက်
လုပ်ရေးကုမ္ပဏီ အလုပ်သမားများဖြစ်ကြောင်းလည်းသိရသည်။

စစ်ဆေးချက်အရအလုပ်သမား (၂၀၀၀)ဦးအနက် မိမိတို့နေထိုင်သည့်နေရာပြောင်းရွှေ့တိုင်ကြား ထားရန်ပျက်ကွက်သည့် ကမ္ဗောဒီးယားအလုပ်သမား ကျား(၃၂)ဦး မ(၂၁)ဦးနှင့် မြန်မာအလုပ်သမားကျား(၂၃)ဦး မ(၅)ဦး စုစုပေါင်း အလုပ်သမား (၈၁)ဦး စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။


ဒါ့အပြင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် ထိုင်းအမျိုးသား (၅)ဦးအားစစ်ဆေးတွေ့ရှိရပြီး ဘန်ကဲဝိုရဲစခန်းသို့ ပို့ဆောင်ကာ တရားဥဒေအတိုင်း အရေးယူဆောင်ရွက်ခဲ့သလို ဧည့်စာရင်းတိုင်ကြားရန်ပျက်ကွက်သည့်
အလုပ်သမား(၈၁)ဦးအား  လူဝင်မှူကြီးကြပ်ရေးဌာနမှ ဒဏ်ကြေးငွေရိုက်ကာ အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Subscribe Us