Wednesday, March 20, 2019

ကန်ချနဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေးမှတရားမဝင်အလုပ်သမားဖမ်းဆီးမှု



 

ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေစစ်ဆေးဂိတ်သို့ရောက်ရှိလာသည့် ကန်ချနဘူရီနှင့်စံခရဘူရီပြေးဆွဲနေ သည့်ပေါင်မုန့်ကားတစ်စီးပေါ်တွင်မြန်မာအလုပ်သမားအထောက်ထားမဲ့(၄)ဦးအား(၁၉.၃.၂၀၁၉)ရက်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က ဖမ်းဆီးရမိကြောင်းသိရသည်။


ဆက်လက်၍ စိုင်ယိုးရပ်ကွက် အုပ်စု(၃) ဘန်းပွန်းတီး-ထိုက်မီ(င်)လမ်းတွင် လမ်းလျှောက်သွားနေသည့်
အထောက်ထားမဲ့ မြန်မာအလုပ်သမား(၂)ကိုလည် တာဝန်ရှိရဲများက ထပ်မံဖမ်းဆီးရမိကြောင်းသိရသည်။

၎င်းအထောက်ထားမဲ့ မြန်မာအလုပ်သမား(၆)ဦးအား စစ်ဆေးမှုများရယူကာ နေရပ်ပြန်လည်ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Subscribe Us