Friday, July 06, 2018

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ဗီဇာအတုများဖြင့် မလေးသွားမည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ



ထိုင်းမြန်မာနယ်စပ်ဒေသမြို့တွေမှာ မြန်မာနိုင်ငံသားတွေရဲ့ ဝင်ထွက်သွားလာမှုတွေကို အသေးစိတ်ရှာဖွေ စစ်ဆေးနေကြတဲ့ ယခုရက်ပိုင်းအတွင်းမှာ နိုင်ငံကူးစာအုပ်မှာ ဗီဇာ တဆိပ်တုံးအတုတွေသုံးပြီး ထိုင်းနိုင်ငံထဲဝင်ရောက်လာသူ မြန်မာနိုင်ငံသား တွေကို နယ်စပ် စစ်ဆေးဂိတ်နဲ့ လေဆိပ်တွေမှာ ဆက်တိုက်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

မြဝတီကနေ မဲဆောက်ကို နိုင်ငံကူးလက်မှတ် စာအုအ်အနီနဲ့ မဲဆောက် နယ်စပ်ချစ်ကြည်ရေးတံတား
 စစ်ဆေးရေးဂိတ် ဖြတ်ကျော်ဘို့ ကြိုးစားလာသူ မမော်မော်လှိုင်အသက် (၂၃)နှစ်နဲ့ အတူ အမျိုးသား
သုံးဦးကိုထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေက အသေးစိတ် စစ်ဆေးရာမှာ စာအုပ်အတုနဲ့ ဗီဇာတံဆိပ်တုံး အတုတွေဖြစ်နေတာ စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးလိုက်ပါတယ်။




တနေ့တည်းမှာ မဲဆောက်လေဆိပ်ကနေ လေယာဉ်နဲ့ လိုက်ပါဘို့စောင့်နေကြသူ မြန်မာနိုင်ငံသား ၁၀ ဦးနဲ့ ဦးဆောင်ခေါ်လာသူ မိုဟာမက် အသက် (၂၃)နှစ်ကို လေဆိပ်ရဲတွေက နိုင်ငံကူးလက်အတုတွေဖြစ်နေတာ တွေ့ရှိခဲ့လို့ အရေးယူဖမ်းဆီးထားကြောင်းသိရပါတယ်။အဆိုပါ မြန်မာနိုင်ငံသား ၁၀ ဦးကို မလေးပို့ရန် ခေါ်ဆောင်လာသူ မိုဟာမက်ကို လူကုန်ကူးမှု ဥပဒေအရ အရေးယူမယ်လို့သိရပါတယ်။

မဲဆောက်မြို့ အတွင်းမှာလည်း သက်သေခံအထောက်အထား မရှိ အလုပ်လုပ်နေတဲ့ မော်မော် အသက် (၄၀)နဲ့ မြန်မာနိုင်ငံသား ငါးဦးကိုလည်း ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

SAW

Subscribe Us