Thursday, July 05, 2018

ယခုလ ၁ရက်နေ့မှ ၃ရက်အတွင်း အလုပ်သမားအယောက် ၁၀၀ကျော် ဖမ်းမိ



ယခုလ ၁ရက်နေ့မှ ၃ရက်အတွင်း အလုပ်သမားအယောက် ၁၀၀ကျော်ဖမ်းမိကြောင်း Matichon Onlineသတင်းဌာနတွင်ဖော်ပြထားရှိပါသည်။ ဌာနဆိုင်ရာတာဝန်ရှိသူများက အလုပ်ရှင်နဲ့ အလုပ်နေရာ ၂၉၈ခုနှင့်အလုပ်သမားပေါင်း ၂၈၇၉ယောက်စစ်ဆေးရာမှ ဥပဒေငြိစွန်းသူ ၁၁၈ယောက်ဖမ်းမိကြောင်းသိရသည်။

 အဆိုပါဖမ်းစီးခံရသူများမှာ မြန်မာအလုပ်သမား (၉၄ယောက်)် လာအိုအလုပ်သမား( ၇ယောက် )၊ ကမ္ဗောဒီယားအလုပ်သမား(၈ယောက် ) ၊ ဗီယက်နမ်အလုပ်သမား (၇ယောက် )၊တခြားနိုင်ငံသားအလုပ်သမား( ၂ယောက်)တို့ဖြစ်ပါသည်။ ဖမ်းစီးရမိသူများထဲတွင်း ဝပ်ပါမစ်(ဘိုင်အာနူးယားထန်မငန် )မရှိသူ (၅၈ယောက်)နှင့် အထောက်ထားမဲ့အလုပ်သမားဦးရေး(၆၀)ရှိကြောင်းသိရသည်။  


ထိုင်းနိုင်ငံအစိုးရ၏စီမံချက်ဖြင့်တရားမဝင်နေထိုင်ကြသောအလုပ်သမားများအားဖမ်းဆီးစစ်ဆေးမည့်ကာလအတွင်း တားမြစ်ထားသည့်လုပ်ငန်းအမျိုးအစားများတွင်ဝင်ရောက်လုပ်ကိုင်ကြသူများနှင့် တရားမဝင်နေထိုင်ကြောင်းစစ်ဆေး တွေ့ရှိရသောအလုပ်သမားများ အနေဖြင့် ဒဏ်ငွေ ဘတ် ငါးထောင်မှ ငါးသောင်းအထိ ပေးဆောင်ရ မည်ဖြစ်ပြီးထိုင်းနိုင်ငံသု့ိ ပြန် လည်ဝင်ရောက် အလုပ်လုပ်ကိုင် ခွင့် ၂ နှစ်တိတိ ပိတ်ပင်ခံရမည်ဖြစ်သလိုထိုင်းအလုပ်ရှင်များအနေဖြင့် ခွင့်ပြုချက်မရှိဘဲ အလုပ်သမားများ ခန့်ထားခြင်း၊ တားဆီးပိတ်ပင်ထားသည့် လုပ်ငန်းအမျိုးအစားများ စေခိုင်း ခြင်း များစစ်ဆေးတွေ့ရှိပါက အလုပ်သမားတစ်ဦးလျှင် ဒဏ်ငွေ ဘတ်တစ်သောင်းမှ တစ်သိန်းအထိ ပေးဆောင်ရမည်ဟု ထိုင်းနိုင်ငံအစိုးရမှသတင်းထုတ်ပြန် ထားသည်။

 ထိုင်းနိုင်ငံမှ အလုပ်ရှင်များသည် ထိုကဲ့သို့ သောအမှုများကို ထပ်မံကျူးလွန်ပါ က ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ဘတ်ငါးသောင်းမှ နှစ်သိန်းအထိ ပေးဆောင်ကြရမည်ဖြစ်ပြီး အလုပ် သမားငှားရမ်းခွင့် သုံးနှစ်အထိ ပိတ်ပင်ခံရမည်ဖြစ်ကြောင်းထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန မှ ထုတ်ပြန်ထားကြောင်းသိရပြီး နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ထိုင်းနိုင်ငံအတွင်းလာရောက် အလုပ်လုပ်ကိုင်လိုကြပါက နှစ်နိုင်ငံအစိုးရ သဘောတူစာချွန်လွှာလုပ်ထားသည့် MOU စနစ်ဖြင့်သာဝင်ရောက်အလုပ်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Subscribe Us