Monday, July 16, 2018

ခြောက်လအတွင်း ပြည်ပသို့ သွားရောက် လုပ်ကိုင်သူ တစ်သိန်းကျော်ရှိ ယခင်နှစ် ကာလတူထက် ထက်ဝက်ခန့်ပိုများလာ




 မြန်မာနိုင်ငံသားများ ပြည်ပသို့ ၂၀၁၈ ခြောက်လအ တွင်းသွားရောက်လုပ်ကိုင်သူတစ်သိန်းကျော်ရှိပြီး
ယခင်နှစ် ကာလတူထက် ထက်ဝက်ခန့်ပိုများ လာသည်။

ယခင်နှစ် ဇန်နဝါရီမှ ဇွန် လအထိ ပြည်ပသို့သွားရောက် လုပ်ကိုင်သည့် မြန်မာလုပ်သား ခြောက်သောင်းကျော်ရှိပြီး ယခု နှစ်တွင် သွားရောက်လုပ်ကိုင်သူ တစ်သိန်း ခုနစ်ထောင်ကျော်ရှိ ကြောင်း အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၏ လစဉ်ထုတ်ပြန် သောပြည်ပအလုပ်အကိုင်ရရှိမှု စာရင်းများ၌ ဖော်ပြသည်။

ထိုသို့ပြည်ပသို့ သွားရောက် လုပ်ကိုင်သူ တိုးမြင့်လာခြင်းသည် ယခင်နှစ်က သွားရောက်လုပ် ကိုင်ခွင့် ပိတ်ထားသော မလေး ရှားနိုင်ငံသို့ ယခုနှစ်တွင် ပြန်လည် စေလွှတ်ခွင့်ပြုခြင်း၊ ထိုင်းနိုင်ငံမှ တရားဝင်အလုပ်သမားများ ပိုမို ခေါ်ယူလာခြင်းတို့ကြောင့် ဖြစ် နိုင်သည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင် အချို့က မှတ်ချက်ပြုသည်။




‘‘ဒီနှစ်ထဲမှာက မလေးရှားနဲ့ ထိုင်းအပြင် မြန်မာအလုပ်သမား တရားဝင်စေလွှတ်ခွင့်ပြုထားတဲ့ တခြားနိုင်ငံတွေကလည်း မြန်မာ အလုပ်သမားတွေကို ပိုမိုခေါ်ယူ နိုင်ဖို့ ကြိုးစားလာကြတာရှိတယ်’’ ဟု ပြည်ပအလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီလုပ်ငန်းရှင် ဦး ကျော်မြင့်က ပြောသည်။


မြန်မာနိုင်ငံသည် ၂၀၁၆ ဒီ ဇင်ဘာက မလေးရှားနိုင်ငံသို့ အ လုပ်သမားအသစ်သွားရောက် လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းခဲ့ပြီးအ လုပ်ခေါ်စာကျထားပြီးသူများကို ၂၀၁၇ အတွင်းဆက်လက်သွား ရောက်ခွင့်ပြုခဲ့သည်။

ထိုသို့အလုပ်သမားအသစ် သွားရောက်လုပ်ကိုင်ခွင့် မရှိသ ဖြင့် ယင်းနှစ်ပထမခြောက်လအ တွင်း မလေးရှားနိုင်ငံသို့သွား ရောက်လုပ်ကိုင်သူ ရှစ်ရာခန့်သာ ရှိခဲ့သည်။

ယခုနှစ်ဖေဖော်ဝါရီကစ၍ မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခွင့်ပြန်လည်ခွင့်ပြုပြီး နောက် ယင်းနိုင်ငံသို့ခြောက်လ အတွင်း သွားရောက်လုပ်ကိုင်သူ ခြောက်ထောင်ခန့်ရှိခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံက လည်း ယခင်နှစ်က တစ်လလျှင် အလုပ်သမား တစ်သောင်းမှ တစ် သောင်းခွဲအထိသာ ခေါ်ယူပြီး ယခုနှစ်တွင် တစ်သောင်းခွဲမှ နှစ် သောင်းအထိ တိုးမြှင့်ခေါ်လာသ ဖြင့် သွားရောက်လုပ်ကိုင်သူမြင့် တက်လာကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။


အလုပ်သမားအရေးကူညီ ဆောင်ရွက်သူများက မြန်မာနိုင်ငံ တွင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေခြင်းကြောင့် မြန်မာအ လုပ်သမားများ ပြည်ပသို့သွား ရောက်လုပ်ကိုင်မှုများလာရခြင်း ဖြစ်ကြောင်း ဝေဖန်သည်။


‘‘ပြည်ပကို သွားတဲ့သူများ လေ မြန်မာပြည်မှာလုပ်သားအ ရင်းအမြစ်ရှားပါးလေဖြစ်နေမှာ ပါ။ ပြည်တွင်းအလုပ်အကိုင်ရရှိဖို့ နဲ့ သင့်တော်ဖူလုံတဲ့လုပ်ခရရှိဖို့ အစိုးရဘက်က မူဝါဒအခိုင်အမာ ရှိဖု့ိလိုနေပါတယ်’’ ဟု အလုပ်သ မားအရေးစောင့်ကြည့်လေ့လာ သူကိုအောင်သင်းက ပြောသည်။


ယခင်နှစ်က တစ်နိုင်ငံလုံးအ နေဖြင့် ပြည်ပသို့သွားရောက်လုပ် ကိုင်သူ တစ်သိန်းခွဲခန့်ရှိကြောင်း အလုပ်သမားညွှန်ကြား မှုဦးစီးဌာ နစာရင်းများက ဆိုသည်။

Subscribe Us