Tuesday, July 17, 2018

Techanical Team အဖွဲ့များ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ထောင်ကျော်ရှိသည့် စက်ရုံများမှ မြန်မာအလုပ်သမားများအား သွားရောက်တွေ့ဆုံ

  


ထိုင်းနိုင်ငံတွင် Techanical Meeting တက်ရောက်ရန် ရောက်ရှိနေသော အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနှင် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမား အင်အား အများဆုံး အလုပိလုပ်ကိုင်လျက်ရှိသည့် စက်ရုံများ သို့သွားရောက်၍ မြန်မာနိုင်ငံသားအလုပ်သမားများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ ခဲ့ပြီး အလုပ်သမားများ၏တင်ပြချက်များကို ပွင့်လင်း ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ 

 ညွှန်ကြားရေးမှုးချုပိ ဦးဆောင်သည့် အဖွဲ့ဝင်များသည် ဇူလိူင် ၁၇ရက်နေ့ မွန်လွှဲ ၁နာရီ တွင် ထိုင်းနိုင်ငံ၊   စမုစခွန် ခရိုင်ရှိ RJM Co,.ltd သို့ရောက်ရှိခဲ့ပြီး ၊ စက်ရုံ အစည်းဝေးခန်းမ တွင် စက်ရုံ ဖွဲ့စည်းမှု၊ နိုင်ငံခြား သားအလုပ်သမား ခန့်အပ်ထားမှုနှင့် ဘေးကင်းလုံခြုံရေးနှင့် အလုပ်သမား အခွင့်အရေးဆိုင်ရာများကို ရှင်းလက်းဆွေးနွေးခဲ့ပါသည်။


ဆွေးနွေးတင်ပြချက်များအပေါ် ညွှန်ကြားရေးမှုးချုပ်မှ လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ပြီး၊ တက်ရောက်လာသူများမှ လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် အလုပ်သမားများနှင့် စက်ရုံတာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ကူညီဆောင်ရွက်ပေးခြင်း၊ အကြံဉာဏ် များပံ့ပိုးကူညီ ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ၊ ညနေ ၄ နာရီ အချိန်ခန့်တွင် ပြန်လည်ထွက်ခွာခဲ့ပါသည်။ 

RJM Co,.ltd တွင် မြန်မာနိုင်ငံသား အလုပ်သမား ၁၅၀၀ ခန့် အလုပိလုပ်ကိုငိ လျက် ရှိပြီး၊ MOU ဖြင့်စေလွှတ် ထားသော အလုပ်သမား ၃၀၀ ခန့်အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ 

 ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ သည် Thai Union စက်ရုံရှိ မြန်မာအလုပ်သမားများ နှင့် လည်းဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။


အလုပ်သမားသံအရာရှိ
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

Subscribe Us