Wednesday, July 18, 2018

ဆေးကုသမှုခံယူနေရသည့်မြန်မာအလုပ်သမားတစ်ဦး အလုပ်မှအကြောင်းပြချက်မဲ့အလုပ်ထုတ်ခံရ


 နကော့ပထုန် - ၁၈.၇.၂၀၁၈

လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိသည့် မြန်မာအလုပ်သမားတစ်ဦးကိုခွင့်ပြုချက်မတောင်းခံပဲ ဆေးရုံသို့သွားရောက်ဆေးကုသ၍ ထိုင်းအလုပ်မန်နေဂျာဖြစ်သူက အလုပ်မှထုတ်ပယ်လိုက်သဖြင့်  မြန်မာအလုပ်သမားသံအရာရှိရုံးသို့ယနေ့တွင်လာရောက်အကူညီတောင်းခံကြောင်းသတင်းရရှိပါသည်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် နကော့ပထုန်မြို့နယ် စီစံဖန်ရပ်ကွက်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင်အလုပ်လုပ်ကိုင်နေသူ ကိုချစ်မင်းသူသည်  ဇွန်လ ၁၆ရက်နေ့က လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။




“ကျနော်လုပ်ရတဲ့နေရာက ကြယ်သီးရိုက်တဲ့နေရာမှာလုပ်ရတာ နှိပ်ကြယ်သီးဖိစက်ရိုက်မိပြီးဘယ်လက်ညိုးထိပြီးအရိုးကြေသွားတယ်၊ ကျနော်ဆေးရုံတတ်နေရတာသူတို့သိတယ် ၊ ဆေးရုံကလက်မှတ်တွေကျနော်လာပို့ပေးရမလားလို့မေးတော့လည်း အလုပ်ဆင်းမှယူလာပါဆိုပြီးပြောလို့ ကျနော်လည်းဆေးခွင့်သွားမတင်တော့ပဲ နေနေတာ အခုခေါ်ပြီးအလုပ်ကနေထုတ်လိုက်တယ်၊လက်အနာလည်းမကျက်သေးဘူး၊အလုပ်လည်းအထုတ်ခံရလို့ အခက်ခဲတွေဖြစ်ပြီး အခုလို အလုပ်သမားသံအရာရှိရုံးမှာလာအကူညီတောင်းခံတာပါ”လို့ ကိုချစ်မင်းသူကရှင်းပြပါသည်။

ထိခိုက်ဒဏ်ရာရရှိပြီးနောက် ဆေးရုံမှဆေးထောက်ခံစာဖြင့်အလုပ်နားရာမှ ဇူလိုင်လ ၅ရက်နေ့တွင်
အလုပ်ရုံမန်နေဂျာဖြစ်သူက ကိုချစ်မင်းသူကို အလုပ်ရုံသို့ခေါ်ယူခဲ့ပြီး ဆေးကုသရာတွင် ခွင့်ပြုချက်
မတောင်းခံသဖြင့် အလုပ်မှထုတ်လိုက်ပြီဖြစ်ကြောင်းပြောဆို၍ လက်မှတ်ထိုးခိုင်းသဖြင့် လက်မှတ်
ထိုးပေးခဲ့ရကြောင်း၎င်းကပြောသည်။

“အလုပ်ရှင်ဖြစ်သူထံဖုန်းဆက်ပြီး အခုဖြစ်စဉ်နဲ့ပက်သက်ပြီး ပြောဆိုဆွေးနွေးတဲ့အခါအလုပ်ရှင်ဘက်ကနေ
ကိုချစ်မင်းသူကိုအလုပ်ပြန်ခန့်အပ်ပေးပါမယ်ဆိုတာရယ်၊ ဆေးကုသကုန်ကျစရိတ်နဲ့ပက်သက်တာတွေ
ကအစပြေလည်အောင်ဆောင်ရွက်ပေးမယ်ဆိုပြီးအလုပ်ရှင်ဘက်ကနေ ဂတိပြုပြောကြားပါတယ်”ဟု
 MOEAFဥပဒေအကြံပေးရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

ကိုချစ်မင်းသူသည် အဆိုပါစက်ရုံတွင် လုပ်သက်၇နှစ်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

Subscribe Us