Thursday, July 19, 2018

တရားမဝင်ဗီဇာနဲ့အလုပ်လာလုပ်ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၇ ဦး ထိုင်းမှာ အရေးယူခံရ



မြန်မာနိုင်ငံကနေထိုင်းနိုင်ငံ ကို အဓိကဝင်ထွက်ရာ မြဝတီ တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့အနီးက တာခ်ခရိုင်မှာတရားမဝင်ဗီဇာနဲ့လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သား ၆၇ဦး ကို အရေးယူထားတယ်လို့ ထိုင်းသတင်းဌာနတစ်ခုမှာရေးသားထားပါတယ်။

သက်ဆိုင်ရာက အရေးယူ ထိန်းသိမ်းခေါ်ဆာင်လာတဲ့သူတွေကိုစစ်ဆေးမေးမြန်းခဲ့ရာမှာ သူတို့ကိုင်ဆောင်လာတဲ့ ဗီဇာတွေဟာ ပွဲစားကနေတဆင့်လုပ်ထားကြတာတွေလို့သိရပါတယ်။

ထိုင်းသက်ဆိုင်ရာအာဏာပိုင်တွေက အရေးယူထိန်းသိမ်းထားတဲ့မြန်မာနိုင်ငံသားတွေကို တရားမဝင်ဗီဇာပြုလုပ်ပေးတဲ့သူတွေရဲ့အချက်အလက်တွေကို မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနဆီကို ပေးပို့ထားတယ်လို့လည်းသိရပါတယ်။




အခုလိုတရားမဝင်ဗီဇာပြုလုပ်နိုင်ခြင်းဟာလူကိုယ်တိုင်အချိန်ကုန်ပြီးလိုက်လုပ်စရာမလိုတဲ့အချက်ရယ်၊ ပွဲစားတွေကိုအယုံလွယ်တဲ့အချက်တွေကြောင့်ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။


ဒါ့အပြင် အဲဒီလို တရားမဝင်ဗီဇာပြုလုပ်ပေးသူတွေဟာ မြန်မာနိုင်ငံက ဖားအံ၊ မော်လမြိုင်၊ မြဝတီနဲ့ ရန်ကုန်မြို့တွေမှာနေထိုင်သူတွေလို့သိရပြီး ထိုင်းတာဝန်ရှိသူတွေနေနဲ့ အရေးယူခြင်းတော့ မပြုလုပ်နိုင်တဲ့အတွက် မြန်မာနိုင်ငံကတာဝန်ရှိသူတွေကိုပဲ အရေးယူပေးရန် အသိပေးအကြောင်းကြားခဲ့တာဖြစ်ကြောင်း နဲ့ အဲဒီလို တရားမဝင်ဗီဇာပြုလုပ်ပေးရာမှာ ထိုင်းနိုင်ငံသားတွေ ပူးပေါင်းပါဝင်ခြင်း ရှိမရှိကိုလည်း စစ်ဆေးနေပြီး နယ်စပ်မှဖြတ်ကာထိုင်းနိုင်ငံကို ဝင်ရောက်လာကြမယ့်မြန်မာနိုင်ငံသားတွေကို ထိုင်းတာဝန်ရှိသူတွေဖက်က အထူးစစ်ဆေးမှုတွေပြုလုပ်နေကြောင်းကိုလည်း ထိုင်းသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

Ref : Sanook
ပေါ်ပြူလာနယူဂျာနယ်

Subscribe Us