Thursday, July 26, 2018

လုပ်ငန်ခွင်အတွင်း ဓာတ်လိုက်ခံရသည့် မြန်မာအလုပ်သမားတစ်ဦးကို အလုပ်ရှင်ကမောင်းထုတ်



လုပ်ငန်းခွင်အတွင် ဓာတ်လိုက်ခံရပြီး ကိုယ်လက်အင်္ဂါများပြင်းထန်းစွာထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာအလုပ်သမားတစ်ဦးကို ထိုင်းလုပ်ငန်းရှင်ဖြစ်သူမှ အလုပ်မှမောင်းထုတ်နေသဖြင့် ယနေ့တွင်  မြန်မာအလုပ်သမားသံအရာရှိရုံးသို့ လာရောက်အကူညီတောင်းခံကြောင်းသိရသည်။

ဇန်နဝါရီ ၃၀ရက်နေ့တွင် လှဘူရီခရိုင် ကားလမ်းမကြီး လမ်းဆုံနေရာတွင်ကားလမ်းဘေးအကာရံများ
ကိုပြုပြင်နေစဉ်ဓာတ်လိုက်မှုဖြစ်ပွားကြောင်းသိရသည်။

“နေလယ်ထမင်းစားနားပြီး အလုပ်ပြန်ဝင်ချိန်မှာဖြစ်တာပါ၊ ကားလမ်းဘေးတွေမှာကာရံထားတဲ့ သံအကာရံတွေကိုပြုပြင်နေစဉ်မှာ အပေါ်မှာရှိတဲ့ ဓာတ်ကြိုးနဲ့ ကရိန်ကားငြိပြီး ဓာတ်လိုက်ခံရတာပါ ဗို့အားကနှစ်သောင်းလေထောင်ခန့်ရှိပါတယ်”လို့ ထိခိုက်ဒဏ်ရရှိခဲ့သူ ကိုသန့်ဇင်ဝင်းကပြောသည်။







ကိုသန်းဇင်ဝင်းသည် လှဘူရီဆေးရုံကြီးတွင် သုံးလနီးပါးဆေးကုသမှုခံယူခဲ့သော်လည်းခန္ဓာကိုယ်ဘယ်ဘက်တစ်ခြမ်းလုံးမီးလောင်ဒဏ်ရာပြင်းထန်းစွာရရှိခဲ့သဖြင့် ခြေသန်းကြွယ်နှင့်ခြေခလယ်တို့ဖြက်တောက်ခဲ့ရပြီ၊ ဒူးခေါင်းနှင့် လက်သန်းမှာအကြောသေသကဲ့သို့ ဖြစ်နေကြောင်းသိရသည်။

“ဆေးရုံသုံးလတက်ရောက်နေချိန်တော့ အလုပ်ရှင်က ပထမလမှာ ဘတ်ငွေခြောက်ထောက်ထောက်ပံ့တယ်၊ဒုတိယလနဲ့တတိယလတွေမှာတော့ ဘတ်ငွေတစ်သောင်းစီထောက်ပံ့ပေးပါတယ်၊ ဆေးရုံးကဆင်းလာတဲ့အချိန်မှာတော့ တစ်လကိုဘတ်ငွေတစ်သောင်းနဲ့နှစ်လလောက်ထောက်ပံ့ပေးပြီး အခုနောက်ပိုင်း
ဘာထောက်ပံ့မှုမပေးတော့ပဲ၊အလုပ်ပြန်ဆင်းခိုင်လို့၊ကျနော်အလုပ်ပြန်ဆင်းတာ ခြေထောက်က ဆန့်
လို့မရတဲ့အပြင် အနာကမကျက်သေးတော့သွေးပြန်ထွက်နေတယ် အခုအလုပ်မလုပ်နိုင်တော့ မြန်မာပြန်ခိုင်းနေတယ် ”လို့ ကိုသန့်ဇင်ဝင်းက ဆက်လက်ရှင်းပြပါတယ်။

ကိုသန့်ဇင်ဝင်း အလုပ်မလုပ်နိုင်သဖြင့် မိသားစု၏ စားဝတ်နေရေးအခက်ခဲများကြုံတွေ့နေရသလို
မြို့တော်ဘန်ကောက်ရှိ အလုပ်သမားသံအရာရှိရုံးသို့လာရောက်အကူညီတောင်းခံခြင်းဖြစ်ကြောင်း
သိရသည်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့နိုင်ငံတော်သမ္မတကြီးတို့၏ သြဝါဒနဲ့အညီ ကျွန်တော်တို့
နိုင်ငံသားအလုပ်သမားတွေ ရသင့်ရထိုက်တဲ့အခွင့်ရေးများရရှိခံစားနိုင်ရေးအတွက်  ဥပဒေဘောင်ထဲကနေ
အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်၊ အခုလည်းကိုသန့်ဇင်ဝင်းရဲ့အမှုကိစ္စနဲ့ပက်သက်ပြီးတော့
လည်း MOEAFအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်”လို့ အလုပ်သမားသံအရာရှိ
ဦးစန်းမောင်ဦးကပြောသည်။


ထိခိုက်ဒဏ်ရာရရှိခဲ့သော ကိုသန့်ဇင်ဝင်း အလုပ်မလုပ်နိုင်သဖြင့် မိသားစု၏ စားဝတ်နေရေးအခက်အခဲ
များကြုံတွေ့နေရသောကြောင့်၎င်းတို့မိသားစု၏လတ်တလောစားသောက်ရေးအတွက် MOEAFအဖွဲ့ မှ
ထောက်ပံ့ကူညီပေးလျက်ရှိကြောင်းသိရသည်။

Subscribe Us