Friday, July 27, 2018

ငွေချေးငှားရာမှ အဆင်မပြေသဖြင့် မြန်မာအလုပ်သမတစ်ဦး ဓားဖြင့်ထိုးသတ်ခံရ



ဘန်ကောက်မြို့အနီး ဖလန်ဆောင်နယ်မြေ ဘန်ဘွန်ရပ်ကွက် ဘန်ခွန်ထီယမ်(၁၀)လမ်းတွင် ယခုလ ၂၅ရက်နေ့ ညနေ ၅နာရီဝန်ကျင်းအချိန်က အလုပ်မှပြန်လာသည့်မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦး နေထိုင်ရာအခန်း၌ တစ်ဦးတည်းရှိနေစဉ်အသက်ခံရမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း အလုပ်သမားများထံကသိရသည်။

ယင်းနေ့က အလုပ်တွင်အချိန်ပိုမရှိသဖြင့် ညနေ ၄နာရီခန့်တွင် အလုပ်မှ နေထိုင်ရာအခန်းသို့ပြန်ခဲ့ရာ အခန်းနီးနားချင်းဖြစ်သူ ကိုမင်းကျော်ဆိုသူသည ်မဇင်မာဝင်းထံ လာရောက်၍ ဘတ်ငွေ၅၀၀၀ချေးရာ မရသဖြင့် စကားများရာမှ မဇင်မာဝင်း၏လည်ပင်းကို ကြက်သွန်းလှီးဓားဖြင့် သုံးချက်ထိုးသတ်ပြီး မဇင်မာဝင်းဝတ်ဆင်ထားသည့် နားကပ်တစ်ရံနှင့်
ဘတ်ငွေ၁၈၀၀၀ကို ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ထိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။



“ကျနော်က အလုပ်မှာအချိန်ပိုရှိနေတော့ ည ၇နာရီမှအခန်းပြန်ရောက်မှ ကျနော်အမျိုးသမီးအသက်ခံထားရတာသိ
တယ်”လို့ ကိုစိုးသူဌေးကပြောသည်။

အခင်းဖြစ်ပွားသည့်နေရာတွင် လူသက်တရားခံကျန်ရစ်ခဲ့သည့် ဦးထုပ်မှတဆင့် ထိုင်းရဲတပ်ဖွဲ့၏စစ်ဆေးဖော်ထုတ်ချက်အရ လူသက်တရားခံဖြစ်သူ ကိုမင်းကျော်အား ၂၆ရက်နေ့ မနက်ပိုင်းတွင် စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ ထာ့ကျင်ရပ်ကွက်ရှိ ၎င်း၏သူငယ်ချင်းနေအိမ်တွင် ဖမ်းစီးရမိကြောင်းသိရသည်။

“နားရေးကိစ္စအ၀၀အတွက်  စက်ရုံကတာဝန်ရှိသူတွေရော လုပ်ဖော်ကိုင်ဖက်အလုပ်သမားတွေပါ ဝိုင်ဝန်ဆောင်ရွက်ပေးနေပါတယ်၊ အေဂျင်စီဘက်ကလည်း မြန်မာနိုင်ငံ လက်ပံတန်းမြို့မှာရှိတဲ့ မဇင်မာဝင်းရဲ့မိဘနှစ်ပါးကိုခေါ်ဆောင်လာမို့စီစဉ်ဆောင်ရွက်နေတယ်လို့သိရတယ်”လို့ အလုပ်ကြပ်တစ်ဦးဖြစ်သူ ကိုလင်းနိုင်ကပြောပါတယ်။



သေဆုံးသူ အသက် ၃၁နှစ် မဇင်မာဝင်းနှင့်ခင်ပွန်းဖြစ်သူ ကိုစိုးသူဌေးတို့သည်MOUစနစ်ဖြင့် ထိုင်းနိုင်ငံသို့ရောက်ရှိသည်မှာ ၉လခန့်ရှိပြီးဖြစ်ကြောင်းသိရသည်။

“အခုဖြစ်စဉ် သတင်းရရှိတာနဲ့သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့ရော၊အေဂျင်စီနဲ့ပူးပေါင်းဆောင်းရွက်နေပါတယ်၊ မဇင်မာဝင်းရဲ့ အသက်အာမခံကြေးကိစ္စတွေကအစ ဥပဒေနဲ့အညီရသင့်ရထိုက်တာတွေရရှိစေမို့စီစဉ်ဆောင်ရွက်နေပါတယ်”လို့ အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။

လူသတ်တရားခံထံမှ ဘတ်ငွေ၅၀၀၀ကို ထိုင်းရဲတပ်ဖွဲ့မှ ပြန်လည်းသိမ်းဆည်းရရှိကြောင်းနှင့် တရားခံဖြစ်သူကို ဖလန်ဆောင်နယ်မြေ ထာခမ်ရဲစခန်းက လူသက်မှု လုယက်မှုတို့ဖြစ် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ထံကသိရသည်။


Subscribe Us