Monday, July 16, 2018

ထိုင်း-မြန်မာ နှစ်နိင်ငံ အလုပ်သမားရေးရာ Techanical Meeting ကျင်းပ


၁။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ Techanical Meeting ကို ထိုင်းနိုင်ငံ၊ နွမ်ထပူရီခရိုင် တွင်
 နှစ်နိုင်ငံ တာဝန်ရှိသူများနှင့် ၁၆-၀၇-၁၈ ရက်နေ့ မှ ၁၇-၀၇-၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်
ပါသည်။

၂။ အစည်းအဝေးသို့် ထိုင်းနိုင်ငံဘက်ခြမ်းမှ Mr Vivathana Thanghong -Deputy Permant Security, Ministry of Labour, Thailand မှ ဥက္ကဌအဖြစ် ဆောင်ရွက်၍ မြန်မာနိုင်ငံဘက်ခြမ်းမှ ဦးဝင်းရှိန် -
ညွှန်ကြားရေးမှူးချုပ် ၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ၊ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှငိ့
 ပြည်သူ့အင်အားဝန်ကြီးဌာန မှ ဥက္ကဌ အဖြစ်ဆောက်ရွက် ကြမည်ဖြစ်ပါသည်။

၃။ ၎င်းအစည်းအဝေးအား ၂၀၀၃ ခုနှစ် နှစ်နိုင်ငံ အလုပ်သမား စေလွှတ်မှုဆိုင်ရာ နားလည်မှု စာချွန်
လွှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ပုံမှန်ကျင်း ပခဲ့ခြင်းဖြစ်ပါသည်။



၎။ Techanical Meeting အားနှစ်နိုင်ငံ အဖွဲ့စုံဖြင့် ပုံမှန်ကျင်းပခဲ့ပြီး၊ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာအလုပ်သမား များအတွက် ရသင့်ရထိုက်သော အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း၊ အလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများ အား အလုပ် သမား များကိုယ်စား ဦးဆောင်ညှိနှိုင်း ဆွေးနွေးခြင်း၊ လူကုန်ကူးမှုပပျောက်ရေး နှင့် အလုပိသမားများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ မရှိစေရေး တို့အတွက် အဆင့်ဆင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။

၅။ Techanical Meeting ၏ ညှိနှိုင်းသဘောတူညီ ချက်အရ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား အထောကိအထား များ ထုတ်ပေးရေး လုပ်ငန်းစဉ် အား ၃၀-၆-၂၀၁၈ ရက်နေ့အထိ ၁၁ သိန်းခန့် ထုတ်ပေးဆောင် ရွက်နိုင် ခဲ့ပါသည်။

၆။ ညွှန်ကြားရေးမှူးချုပ်ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ယခုအစည်းအဝေး မကျင်းပမှီ ထိုင်းနိုင်ငံဆိုင် ရြာ မန်မာသံရုံး၊ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF) ၊ ထိုင်းနိုင်ငံ အတွင်း အလုပ်သမား အရေးဆောင် ရွက်လျက် ရှိသော လူမှု အဖွဲ့အစည်းများနှင့် ဘန်ကောက်တွင် ကြိုတင်ညှိနှိုင်း အစည်းအဝေးများ ကျင်း ပခဲ့ပါ သည်။

၇။ ယခုအစည်းအဝေးတွင် အထောက် အထား မြဲ့ မန်မာအလုပ်သမားများ ဥပဒေသစ်အရ နေရပ်သို့ပြန်လည် ပို့ဆောင်နိုင်ရေး ပူးပေါင်းဆောင် ရွက်ရန် ကိစ္စရပ်များ၊ ရေလုပ်သား ကိစ္စ၊ Visa နှင့် Workpermit အတု ပြုလုပ်သူများ ကြောင့် အလုပ်သမားများနစ်နာမှုမရှိစေရေး ဆိုင်ရာ ကိစ္စရပ်များ ၊ Visa WorkPermit များ မှန်ကန်မှု ရှိ၊မရှိ ကြိုတင် စစ်ဆေးနိုင်ရေး ကူညီဆောင် ရွက်ပေး နိုင်ရေးကိစ္စရပ်များ၊ MOU U Turn ဆိုင်ရာကိစ္စရပ်များ များအပြင် ကြိုတင် ညှိနှိုင်း အစည်းအဝေး များတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ MOEAF ၊ လူမှုအဖွဲ့အစည်း များနှင့် ကြိုတင် ညှိနှိုင်း ချက်များကိုလည်း မှတ်တမ်းတင် ဆွေးနွေး ဆောက်ရွက်သွားမည် ဖြစ်ပါသည်။

အလုပ်သမားသံအရာရှိရုံး
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

Subscribe Us