Monday, July 16, 2018

ရွှေ့ ပြောင်းအလုပ်သမားများ၏လိုအပ်ချက်များအတွက် နှစ်နိုင်ငံ Techanical Meeting ၌ ဆွေးနွေးကြမည် ဘန်ကောက်

       
ဇူလိုင် ၁၆- ၂၀၁၈

                   ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများ၏လိုအပ်ချက်များအတွက် နှစ်နိုင်ငံ Techanical Meeting ၌ ဆွေးနွေးကြမည်ဖြစ်ကြောင်းမြို့တော်ဘန်ကောက်ရှိ အလုပ်သမားသံအရာရှိ ရုံးမှသိရသည်။
 
ဇူလိုင် ၁၅ ရက်ဒေသစံတော်ချိန် ညနေ ၃ နာရီက ဘန်ကောက်မြို့ရှိ Holiday Inn ဟိုတယ်ခန်းမ ၌ ပြုလုပ်ခဲ့ သောမြန်မာနှင့်ထိုင်း နှစ်နိုင်ငံပြုလုပ်မည့်  Techanical Meeting တက်ရောက်မည့် အစည်းအဝေး ၌ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ရွှေ့ပြောင်းမြန်မာလုပ်သားများ၏မြေပြင်အခြေအနေအရပ်ရပ်များ၊အဖမ်းဆီးခံရမှုကိစ္စရပ်များ၊မသမာမှုပြုခံရမှုများ၊ လက်ရှိအချိန်ထိလူကုန်ကူး ခံနေရဆဲ အခြေအနေကိစ္စရပ်များ၊ အာမခံကိစ္စရပ်များ၊ဆေးဝါးကူညီစောင့်ရှောက်ခံယူမှုလိုအပ်ချက်များနှင့် ရွှေ့ ပြောင်းလုပ်သားများ၏ သားသမီးများအတွက်စာသင်ကျောင်းဖွင့်လှစ်သင်ကြားပေးနေသည့် အခြေအနေအရပ်ရပ်များ အား ထိုင်းနိုင်ငံအတွင်းရှိ လူမှုအဖွဲ့အစည်းများမှ တက်ရောက်လာကြသည့် တာဝန်ရှိသူများက
 ဆွေးနွေးတင်ပြခဲ့ကြခြင်းကြောင့် ရွှေ့ ပြောင်းအလုပ်သမားများ၏လိုအပ်ချက်များအတွက် နှစ်နိုင်ငံ Techanical Meeting ၌ဆက်လက် ဆွေးနွေးကြရန်စီစဉ်ထားခြင်းလည်းဖြစ်သည်။






                      အဆိုပါအစည်းအဝေး၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ရောက်ရှိနေသည့်အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ဦးဆောင်သည့်အဖွဲ့ဝင်များ၊ Techanical Team အဖွဲ့ဝင်များဖြစ်ကြသော လူကုန်ကူးမှုးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးချုပ်၊ သတင်းတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ကောင်စစ်ရေးရာဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ထိုင်းနိုင်ငံရှိအလုပ်သမားသံအရာရှိများနှင့်ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားကူညီစောင့်ရှောက်ရေး ဆောင်ရွက်နေကြသည့်အဖွဲ့အစည်းများဖြစ်ကြသော မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ၊JACBA ၊ BAT၊ ISSARA၊ MMT၊ CTUM၊ MWRN၊ OKRSO၊ အလုပ်သမားဟစ်တိုင်၊ FED နှင့်  LPN စသည့်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ဆွေးနွေးခဲ့ ကြကြောင်းသိရသည်။

Subscribe Us